backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Home Ear Examination (အိမ်တွင်း နားစစ်ဆေးနည်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Home Ear Examination (အိမ်တွင်း နားစစ်ဆေးနည်း) ကဘာလဲ။

Home Ear Examination ဟာ နားပြွန် နဲ့ နားစည် တို့ကို နားကြည့်မှန်ပြောင်း (Otoscope) လို့ခေါ်တဲ့ ကိရိယာတစ်ခုနဲ့ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ နားကြည့်မှန်ပြောင်းဟာ လက်နဲ့ ကိုင်လို့ရပြီး အကျယ်ချဲ့နိုင်တဲ့ မှန်ဘီလူးပါဝင်ပြီး ကတော့ပုံ မြင်ကွင်းကြည့်တဲ့ အပိုင်းနဲ့ ကျဉ်းမြောင်းချွန်ထက်တဲ့ အဆုံးသတ် speculum ပါဝင်ပါတယ်။

Home ear examination ဟာ နားရောဂါပိုးဝင်မှုတွေ၊ earwax များမှုတွေနဲ့ နားထဲမှာ ပြင်ပအရာဝတ္ထုဝင်ရောက်ခြင်းတွေ အစရှိတဲ့ နားပြဿနာတွေကို ရှာဖွေပေးနိုင်ပါတယ်။

ဆရာဝန်ထံကနေ ညွှန်ကြားချက်နဲ့ သင်ယူမှုအပြီးမှာ နားကိုက်ခြင်းတွေ၊ မကြာခဏ နားရောဂါပိုးဝင်ခြင်းတွေ ဖြစ်ပွားတတ်တဲ့ကလေးငယ်တွေရဲ့ မိခင်တွေအတွက် အိမ်သုံးနားစစ်ဆေးနည်းဟာ အသုံးဝင်ပါတယ်။ တခါတရံမှာ ကလေးငယ်ဟာ ပြင်ပလက္ခဏာတွေ ဖြစ်တဲ့ ဖျားခြင်း၊ နားဆောင့်ဆွဲသလို ခံစားရခြင်းတွေကို နားရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာအဖြစ် ပြနိုင်ပါတယ်။ အိမ်တွင်းနားစစ်ဆေးနည်းလေးဟာ ဒီလက္ခဏာတွေကိုလည်း ရှာဖွေပေးပါတယ်။ ဒါပေမယ့်နားကြည့်မှန်ပြောင်း (otoscope) ကို အသုံးပြုဖို့ သင်ယူခြင်းဟာ ခက်ခဲပြီး အချို့ကိရိယာတွေဟာ အရည်အသွေး မကောင်းပါဘူး။ ဆရာဝန်နဲ့ စစ်ဆေးခြင်း လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။

Home Ear Examination တွေကို ဘာကြောင့် လုပ်ကြတာလဲ။

Home Ear Examination တွေကို အောက်ပါအချက်တွေကြောင့် ပြုလုပ်ကြပါတယ်။

• နားကိုက်ခြင်း (သို့) ကလေးငယ်တွေမှာ ရှင်းပြရခက်တဲ့ ယေဘုယျ ပြဿနာတွေ ဖြစ်တဲ့အခါ နားရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကို ရှာဖွေဖို့

• နားအတွင်း ပြင်ပအရာဝတ္ထု၊ အင်းဆက်ပိုး၊ ပဲစေ့ အစရှိတာတွေကို ရှာဖွေလို့

• နားမကြားခြင်း (သို့) နားအတွင်း ပြည့်နေခြင်း၊ ဖိအားများခြင်းတွေ ကြုံတွေ့ရတဲ့အခါ နားဖာချေး ပြည့်နေခြင်းကို စစ်ဆေးခြင်း

ပြင်ဆင်မှု

Home Ear Examination ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

အချို့ နားကြည့်မှန်ပြောင်းတွေဟာ နားစည်ကို ပြန်ကန်ထွက်လာတဲ့ အသံလှိုင်းတွေကို နားပြွန်ရောင်ရမ်းရေဖုံးနေခြင်းကို ရှာဖွေဖို့ အသုံးပြုကြပါတယ်။ နားဖာချေ ဟာ နား ပြွန်ကို ပုံမှန်ကာကွယ်ပေးတဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။ နားဖာချေးဟာ ပုံမှန်အတိုင်းဆို သူ့ဘာသူ စီးဆင်းသွားပြီး နားအပြင်ဘက်မှာသာ သန့်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်။ သင့်နားပြွန်လမ်းကြောင်းကို ဂွမ်းစ၊ ဆံညှပ်၊ စက္ကူကလစ်၊ လက်သည်း အစရှိတာတွေနဲ့ သန့်ရှင်းရေးမပြုလုပ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းဟာ နားဖာချေးကို နားထဲကို ပိုမိုရောက်အောင် တွန်းပို့သလို ဖြစ်ပြီး နားလမ်းကြောင်းပြွန်ကို ပျက်စီးစေနိုင်ပါတယ်။

နားကြည့်မှန်ပြောင်းမှာ ဘာမြင်သည်ဖြစ်ပါစေ၊ သင့်ကလေးမှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

• ပြင်းထန်တဲ့ နားကိုက်ခြင်း (အထူးသဖြင့် ကလေးမှာ အဖျားရှိရင်)

• ရုတ်တရက် နားမကြားခြင်း

• ခေါင်းမူးခြင်း

• မျက်နှာတစ်ခြမ်း မလှုပ်နိုင်ခြင်း

• နားတစ်ဖက် (သို့) နှစ်ဖက်လုံးမှာ ဆက်တိုက် အသံတွေ ကြားနေရခြင်း

• နားတစ်ဖက် (သို့) နှစ်ဖက်လုံးမှ အရည်များထွက်ခြင်း

Home Ear Examination တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

ဒီစစ်ဆေးမှုမပြုလုပ်ခင် အထူးတလည် ပြင်ဆင်ဖို့ မလိုအပ်ပါဘူး။ နားကြည့်မှန်ပြောင်း Speculum ကို အသုံးမပြုခင် ပူတဲ့ ဆပ်ပြာရည်နဲ့ ဆေးကြောဖို့ သတိရသင့်ပါတယ်။

စစ်ဆေးမှု

Home Ear Examination နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ကလေးငယ်ကို စစ်ဆေးတော့မယ်ဆိုရင် ကလေးငယ်ကို လဲလျောင်းစေပြီး ခေါင်းကို တစ်ဖက်ကို စောင်းခိုင်းထားသင့်ပါတယ်။ ဒါမှမဟုတ် ကလေးငယ်ကို လူကြီးရဲ့ ပေါင်ပေါ်တင်ထားပြီး ဦးခေါင်းကို ရင်ဘတ်ပေါ်မှာ တင်ထားသင့်ပါတယ်။ အနည်းငယ်အသက်ကြီးတဲ့ ကလေးတွေ (သို့) အရွယ်ရောက်ပြီးသူတွေဟာ သူတို့ရဲ့ ခေါင်းကို ပုခုံးပေါ်ကို စောင်းထားနိုင်ပါတယ်။ ထိုင်နေခြင်းဟာ otitis media (နားပြွန်အလယ်ပိုင်း) ကို ရှာဖွေဖို့အတွက် အကောင်းဆုံးအနေအထားဖြစ်ပါတယ်။

သင့် နားလမ်းကြောင်းပြွန် နဲ့သင့်လျော်တဲ့ အကြီးဆုံး viewing piece ကိုရွေးချယ်ပြီး otoscope ကို တပ်ဆင်သင့်ပါတယ်။ တကယ်လို့ လူတစ်ယောက်မှာ နားတစ်ဖက်နဲ့ပတ်သက်ပြီး ပြဿနာ ရှိတယ်ဆိုရင် အခြားတစ်ဖက်ကို စစ်ဆေးခြင်းဟာ ဘာတွေကွာခြားလဲဆိုတာ သိစေဖို့ကူညီပေးပါလိမ့်မယ်။

အသက် ၁၂ လထက်ကြီးတဲ့ ကလေးငယ်တွေ (သို့) အရွယ်ရောက်ပြီးသူတွေနဲ့ နားကို စစ်ဆေးတဲ့အခါမှာ လွတ်နေတဲ့လက်ကို နားအပြင်ဘက်ကို ညင်သာစွာကိုင်ပြီး အပေါ်နဲ့ အနောက်ကို ဆွဲထားပါ။ ဒီလိုလုပ်ခြင်းဟာ နားလမ်းကြောင်း ကို ဖြောင့်တန်းစေပြီး စစ်ဆေးမှု အမြင်အာရုံကို တိုးတက်စေပါတယ်။ အသက် ၁၂ လအောက်ငယ်တဲ့ ကလေးတွေမှာ ကလေးငယ်တွေရဲ့ အနားအပြင်ဘက်ကို အောက်ကို ညင်သာစွာဆွဲပြီး အနောက်ဘက်ကို ဆွဲပါ။

ပြီးရင်တော့ ချွန်ထက်နေတဲ့ အဆုံးပိုင်းကို နား ထဲထည့်ပြီး otoscope ထဲကို ကြည့်ပါ။ နား ရဲ့ ဘေးနံရံတွေဟာ အထိမခံတာကြောင့် ဖိပြီးမလုပ်သင့်ပါဘူး။ ဒါဟာ ဒီလူရဲ့ မျက်နှာကို လက်ပေါ်မှာ ငြိမ်အောင်ထားပေးပြီး သင့်လက်တွေဟာ အမြန်လှုပ်ရှားဖို့လိုတယ်ဆိုရင် သူတို့ခေါင်းနဲ့အတူ လှုပ်ရှားနိုင်ဖို့ ကူညီပေးပါတယ်။

Otoscope ကို မကြည့်ဘဲနဲ့ ရှေ့ကို ထိုးထည့်ခြင်း၊လှုပ်ခြင်းများ မပြုလုပ်ပါနဲ့။ နားလမ်းကြောင်းပြွန် ကို ဖြတ်ပြီး သေချာမြင်ရအောင်ကြည့်ပါ။ viewing piece ကို နားအတွင်းပိုင်းအထဲရောက်အောင် မထည့်သင့်ပါဘူး။ အလင်းရောင်ဟာ viewing piece ထိပ်ကို ကျော်ပြီး ကောင်းကောင်း ပြနိုင်ပါတယ်။

Viewing piece ရဲ့ အဖျားကို လူနာရဲ့နှာခေါင်းဘက်ကို အနည်းငယ်လှည့်ပြီး နားလမ်းကြောင်း ရဲ့ ထောင့်အတိုင်း အလိုက်သင့်ကြည့်ပါ။ otoscope ကို ကြည့်မယ်ဆိုရင် နားနံရံ နဲ့ နားစည် တွေကို မြင်ရအောင် ထောင့်အမျိုးမျိုးကို လှည့်ကြည့်သင့်ပါတယ်။ နာကျင်တဲ့ လက္ခဏာတွေ ဖြစ်လာရင် ရပ်တန့်သင့်ပါတယ်။

စစ်ဆေးပြီးနောက်

Home Ear Examination လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး ပြန်ပြောပြပေးဖို့နဲ့ သင်လုပ်တာကို စောင့်ကြည့်ဖို့ သင့်ဆရာဝန်ကို ပြောသင့်ပါတယ်။ ပုံမှန်ကျန်းမာတဲ့ လူတွေမှာ အရင်စမ်းသပ်ကြည့်ခြင်းဟာ ပုံမှန် နားလမ်းကြောင်းပြွန် နဲ့ နားစည်တွေက ဘယ်လိုပုံစံလဲဆိုတာကို သိရှိနိုင်ပါတယ်။ စစချင်းမှာ နားစည်ကို မမြင်ရရင် စိတ်မပျက်သင့်ပါဘူး။ ဒါဟာ လေ့ကျင့်မှုနဲ့ အတွေ့အကြုံလိုအပ်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Home Ear Examination (အိမ်တွင်း နားစစ်ဆေးနည်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး အိမ်တွင်းနားစစ်ဆေးခြင်း ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒီစစ်ဆေးမှု နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

နားပြွန်လမ်းကြောင်း

ပုံမှန်

• နားပြွန်လမ်းကြောင်း တွေဟာ အရွယ်အစား၊ ပုံသဏ္ဍာန်၊ အရောင် ကွဲပြားမှု ရှိပါတယ်။

• နားပြွန်လမ်းကြောင်တွေဟာ အရေပြားအရောင် ရှိပြီးတော့ အမွှေးအနည်းငယ်ရှိကာ ပုံမှန်အားဖြင့် အဝါရောင် အညိုရောင် (သို့) နီညိုရင့်ရောင် နားဖာချေး တွေ ရှိပါတယ်။

ပုံမှန်မဟုတ်

• နားအပြင်ပိုင်း တွန့်လိမ်နေမှုဟာ နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။

• နားပြွန်လမ်းကြောင်ဟာ နီမြန်း၊ နာကျင်၊ ရောင်ရမ်းပြီး ပြည်တွေနဲ့ ပြည့်နေပါတယ်။

နားစည်

ပုံမှန်

• နားစည် ဟာ ပုလဲဖြူရောင် (သို့) အညိုနုရောင်ရှိပြီး သူ့ကို ဖြတ်ပြီး မြင်နိုင်ပါတယ်။

• နားအလယ်ပိုင်းမှာရှိတဲ့ အရိုးသေးသေးလေးတွေဟာ နားစည် ကို တွန်းထားတာကို မြင်နိုင်ပါတယ်။

• နားစည်ကနေ ပြန်လာတဲ့ အလင်း (light reflex) ကို မြင်နိုင်ပါတယ်။ ဒီအလင်းရောင်ဟာ ညာဘက်နားမှာ ဆိုရင် နာရီလက်တံ ၅ နာရီနေရာ မှာ ရှိပြီး ဘယ်ဘက်နားမှာ ဆိုရင်တော့ နာရီလက်တံ ၇နာရီနေရာ မှာ ရှိပါတယ်။

ပုံမှန်မဟုတ်

• နားစည်ပေါ်က light reflex ဟာထူနေပါတယ် (သို့) မမြင်ရပါဘူး။

• နားစည် ဟာ နီရဲပြီး ဖေါင်းနေပါတယ်။

• နားစည် အနောက်မှာ ပယင်းရောင်အရည်တွေ (သို့) ပူဖောင်းတွေကို မြင်နိုင်ပါတယ်။

• နားစည်ပေါက်ခြင်းကို မြင်နိုင်ပါတယ်။

• နားစည်မျက်နှာပြင်မှာ အဖြူရောင် အမာရွတ်တွေကို မြင်နိုင်ပါတယ်။

• နားစည် ကို နားဖာချေး၊ အခြား အရာဝတ္ထုတွေဖြစ်တဲ့ ပဲစေ့၊ ပုတီးစေ့တွေနဲ့ ပိတ်နေနိုင်ပါတယ်။

မှတ်ချက်။ ။ ရောင်နေတဲ့ နား၊ ပြည်၊ ထူနေတဲ့ နီရဲနေတဲ့ နားစည်၊ နားစည် နောက်မှာ အရည်ဖြစ်ခြင်း၊ နားစည် အတွင်းမှာ အပေါက်ဖြစ်နေခြင်း၊ နားအတွင်းမှာ ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုရှိနေခြင်းတွေ ဖြစ်ရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement