backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Zika Virus (ဇီကာဗိုင်းရပ်စ်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဇီကာ ဗိုင်းရပ်စ်က အဖြစ်များပါတယ်။ ဖြစ်ပွားစေနိုင်သော အန္တရာယ်အချက်များကို လျှော့ချခြင်းဖြင့် ရောဂါကို စီမံခန့်ခွဲနိုင်ပါတယ်။ ပိုမိုသိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်နိုင်ပါတယ်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Zika Virus (ဇီကာဗိုင်းရပ်စ်) ကဘာလဲ။

ဇီကာ (Zika) ဗိုင်းရပ်စ်ရောဂါကို အဓိကအားဖြင့် အပူပိုင်းနှင့်သမပိုင်း ဒေသများမှာ တွေ့ရတတ်ပါတယ်။ ဇီကာဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အဓိကအားဖြင့်ခြင်ကြောင့် ပျံ့နှံ့ သောရောဂါ ဖြစ်ပါတယ်။

ရောဂါရှိသူကို ကိုက်ထားသော ခြင်မှတစ်ဆင့် နောက်တစ်ဦးကိုကိုက်ကာ ပျံ့နှံ့ပါတယ်။ ရောဂါရှိသောသူထံမှ ဗိုင်းရပ်စ်ကို ခြင်ကစုပ်ယူပြီး နေကောင်းနေသော ပုံမှန်လူဆီသို့ လွှဲပြောင်းကူးစက်စေနိုင်ပါတယ်။

Zika Virus (ဇီကာဗိုင်းရပ်စ်) က ဘယ်လောက်အဖြစ်များသလဲ

ဇီကာ ဗိုင်းရပ်စ်က အဖြစ်များပါတယ်။ ဖြစ်ပွားစေနိုင်သော အန္တရာယ်အချက်များကို လျှော့ချခြင်းဖြင့် ရောဂါကို စီမံခန့်ခွဲနိုင်ပါတယ်။ ပိုမိုသိရှိလိုသည်များရှိပါက ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်နိုင်ပါတယ်။

လူအများစုကတော့ တစ်ပတ်အတွင်း အပြည့်အဝပြန်လည်သက်သာပြီး ရောဂါလက္ခဏာကလည်း ပြန်ပျောက်နိုင်ပါတယ်။ အများစုမှာ ဇီကာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ မပြကြပါဘူး။

ဇီကာ ဗိုင်းရပ်စ်ပိုး၏ အဖြစ်များဆုံး လက္ခဏာတွေကတော့

  • အဖျားတငွေ့ငွေ့တက်ခြင်း
  • အရေပြား အကွက်ထခြင်း
  • အဆစ် သို့မဟုတ်ကြွက်သားနာကျင်မှု
  • ခေါင်းကိုက်ခြင်း
  • မျက်ဆံ အဖြူ သား နီရဲခြင်း

ဒါဟာမိခင်မှကလေးကို ဇီကာဗိုင်းရပ်စ် ကူးစက်မယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဇီကာ ဗိုင်းရပ်စ်ရောဂါနှင့်အတူ မွေးဖွားလာသော ကလေးသူငယ်များတွင် ကိုယ်အင်္ဂါချို့ယွင်းချက်ရှိနိုင်ပါတယ်။

  • မျက်စိချွတ်ယွင်းမှု
  • အကြားအာရုံဆုံးရှုံးမှု
  • ကြီးထွားမှု မူမမှန်ခြင်း
  • ဦးခေါင်းသေးငယ်ခြင်း
  • သန္ဓေသားဦးနှောက်ချို့ယွင်းခြင်း စသည်ဖြင့် ဖြစ်နိုင်ပါတယ်။

အထက်စာရင်းတွင် မပါဝင်သော အချို့လက္ခဏာတွေရှိကောင်းရှိနိုင်ပါသည်။ သင့်လက္ခဏာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိပါက သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

လက္ခဏာများ

Zika Virus (ဇီကာဗိုင်းရပ်စ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

လူအများစုကတော့ တစ်ပတ်အတွင်း အပြည့်အဝပြန်လည်သက်သာပြီး ရောဂါလက္ခဏာကလည်း ပြန်ပျောက်နိုင်ပါတယ်။ အများစုမှာ ဇီကာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ မပြကြပါဘူး။

ဇီကာ ဗိုင်းရပ်စ်ပိုး၏ အဖြစ်များဆုံး လက္ခဏာတွေကတော့

  • အဖျားတငွေ့ငွေ့တက်ခြင်း
  • အရေပြား အကွက်ထခြင်း
  • အဆစ် သို့မဟုတ်ကြွက်သားနာကျင်မှု
  • ခေါင်းကိုက်ခြင်း
  • မျက်ဆံ အဖြူ သား နီရဲခြင်း

ဒါဟာမိခင်မှကလေးကို ဇီကာဗိုင်းရပ်စ် ကူးစက်မယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဇီကာ ဗိုင်းရပ်စ်ရောဂါနှင့်အတူ မွေးဖွားလာသော ကလေးသူငယ်များတွင် ကိုယ်အင်္ဂါချို့ယွင်းချက်ရှိနိုင်ပါတယ်။

  • မျက်စိချွတ်ယွင်းမှု
  • အကြားအာရုံဆုံးရှုံးမှု
  • ကြီးထွားမှု မူမမှန်ခြင်း
  • ဦးခေါင်းသေးငယ်ခြင်း
  • သန္ဓေသားဦးနှောက်ချို့ယွင်းခြင်း စသည်ဖြင့် ဖြစ်နိုင်ပါတယ်။

အထက်စာရင်းတွင် မပါဝင်သော အချို့လက္ခဏာတွေရှိကောင်းရှိနိုင်ပါသည်။ သင့်လက္ခဏာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိပါက သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာတွေရှိရင်ပြသင့်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကို ဆရာဝန်နဲ့ ဆွေးနွေးပါ။

အကြောင်းရင်းများ

Zika Virus (ဇီကာဗိုင်းရပ်စ်) ကိုဘာတွေကဖြစ်စေသလဲ

ဇီကာ ဗိုင်းရပ်စ်သည် ခြင်ကိုက်ခြင်းဖြင့် ကူးစက်တဲ့ရောဂါဖြစ်ပါသည်။ ဇီကာ ဗိုင်းရပ်စ်ကို ၁၉၄၇ခုနှစ်တွင်ယူဂန်ဒါနိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ သွေးလွန်တုပ်ကွေး နှင့် ဆင်တုပ်ကွေး ဗိုင်းရပ်စ်ပိုးသယ်ဆောင်သော တူညီသည့်ခြင်မှ ကူးစက်တာ ဖြစ်ပါတယ်။

ရောဂါ ကူးစက်နေသော ပုဂ္ဂိုလ်တစ်ဦးကို ကိုက်လိုက်သောအခါ ဗိုင်းရပ်စ်က ခြင်ကိုယ် ထဲဝင်ရောက်ပါတယ်။ ကူးစက်ခံရတဲ့ခြင်က အခြားသူတစ်ဦးကိုက်သောအခါ ဗိုင်းရပ်စ်ပိုးသည် အကိုက်ခံရသူရဲ့ သွေးလွှတ်ကြောထဲဝင်ရောက်ပါတယ်။ ရောဂါရှိသူကို ခြင်ကကိုက်ပြီး ဗိုင်းရပ်စ်ကို စုပ်ယူကာ သာမန်လူတဦးဆီ ကူးစက်ဖြစ်ပွားစေပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံခြင်းနှင့် သွေးသွင်းခြင်းမှတစ်ဆင့်ပျံ့နှံ့ စေနိုင်တယ်လို့ သတင်းများက ဆိုပါတယ်။ ဇီကာဗိုင်းရပ်စ်သည် ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ကူးနိုင်ပါသေးတယ်။

ဖြစ်နိုင်ခြေများ

Zika Virus (ဇီကာဗိုင်းရပ်စ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေမြင့်မားစေသော အန္တရာယ်အချက်များစွာ ရှိပါသည်။

  • ဖြစ်ပွားမှုရှိခဲ့ရာတိုင်းပြည်များတွင် ခရီးသွားလာခြင်း သို့မဟုတ် နေထိုင်ခြင်း ။

အပူပိုင်းနှင့် သမပိုင်း ဒေသများမှာနေတာဟာ ဇီကာဗိုင်းရပ်စ်ရှိသော ခြင်နဲ့ ထိတွေ့နိုင်ခြေကို တိုးစေတယ်။ ဖြစ်နိုင်ချေအန္တရာယ် မြင့်မားသော ဒေသများမှာ ပစိဖိတ်ဒေသ၏ကျွန်းအများအပြား၊ အမေရိက အလယ်ပိုင်း၊ တောင်ပိုင်းနှင့်မြောက်အမေရိက နိုင်ငံအတော်များများနှင့် အနောက် အာဖရိက အနီးကျွန်းများ ပါဝင်ပါတယ်။

  • ဇီကာ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သောခြင်ကို ကမ္ဘာတစ်ဝှမ်းတွင်တွေ့ရှိရသည်ကို ထောက်ခြင်းဖြင့် ဖြစ်ပွားမှုက အသစ်သော ဒေသများသို့ပျံ့နှံ့နိုင်ဖွယ်ရှိပါတယ်။
  • အကာအကွယ်မဲ့လိင်ဆက်ဆံမှုရှိခြင်း။

ဗိုင်းရပ်စ်ပိုး၏ ပြန့်ပွားမှုဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ တဆင့်လည်း ဖြစ်နိုင်ကြောင်း အစီရင်ခံထားပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Zika Virus (ဇီကာဗိုင်းရပ်စ်) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်ဖွယ်က သင့်ကျန်းမာရေးရာဇဝင်၊ ခရီးသွားလာမှု ရှိမရှိအထူးသဖြင့် အပြည်ပြည်ဆိုင်ရာခရီးစဉ်နှင့် သင့်ရဲ့လိင်ဆက်ဆံဖော်ကို မေးနိုင်ပါတယ်။

ပထမဦးဆုံးကတော့ သင့်လက်ရှိဆေးဝါးနှင့် ခရီးသွားလာသမိုင်း(အသေးစိတ်အနေနဲ့ အချို့သောပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ၊ လိင်ဆက်ဆံဖော်များအပြင် သင့်ရဲ့နိုင်ငံရပ်ခြားခရီးသွားသမိုင်း) အကြောင်းကိုဆရာဝန်အား ပြောပြသင့်ပါတယ်။

ဇီကာ ဗိုင်းရပ်စ်ပိုးအတွက် စမ်းသပ်မှုမှာ ဈေးကွက်တွင်မရှိသေးပါ။ ဇီကာဗိုင်းရပ်စ်သို့မဟုတ် ဇီကာဗိုင်းရပ်စ်ကဲ့သို့ ဆင်တူရောဂါပိုးများ (အမျိုးအစားတူသော ခြင်မှကူးသော သွေးလွန်တုပ်ကွေးသို့မဟုတ် ဂျပန်ဦးနှောက်အမြှေပါးရောင် ရောဂါများ)ကို သွေးစစ်ပြီး ရှာဖွေသွေးစမ်းသပ်နိုင်ပါတယ်။

ရှောဂါရှိခြင်း၊ ကူးစက်ခြင်း ရှိမရှိတို့ပေါ်မူတည်ပြီး ကုသသူက အောက်ပါတွေကို ဆောင်ရွက်ပေးပါလိမ့်မယ် ။

  • အာထရာဆောင်း သုံးပြီး ဦးနှောက်သေးငယ်ခြင်း နှင့် ဦးနှောက်မူမမှန်တဲ့ ရောဂါများစစ်ဆေးခြင်း
  • ရေမြွှာအရည်စစ်ဆေးခြင်း ။ ။ ရေမြွှာရည်မှတစ်ဆင့် ဇီကာ ဗိုင်းရပ်စ်ကိုစစ်ဆေးခြင်း စတာတွေဖြစ်ပါတယ်။

Zika Virus (ဇီကာဗိုင်းရပ်စ်) ကို ဘယ်လိုကုသပါသလဲ

ကုသပျောက်ကင်းနိုင်သော ဆေးနည်း မရှိပါ။ ဒါပေမယ့် လူအများစုကတော့ ဆေးဆိုင်မှ အကိုက်အခဲပျောက်ဆေးများနှင့်ပင် လက္ခဏာများ သက်သာတတ်ကြသည်။ ဒီရောဂါဟာ များသောအားဖြင့် သူ့ဘာသာ တစ်ပါတ်အတွင်းပျောက်ကင်းတတ်ပါတယ်။

များများအနားယူပါ။

ရေဓါတ်ဆုံးခြင်းကိုပြန်လည် ကာကွယ်တားဆီးဖို့အရည်များသောက်ပါ။

အဖျားနှင့်နာကျင်မှုလျှော့ချဖို့acetaminophen (Tylenol) သို့မဟုတ် paracetamol ဆေးဝါးကိုသောက်ပါ။

သွေးလွန်တုပ်ကွေး မဟုတ်တာ သေချာသည်အထိ Aspirin နှင့်အခြား စတီးရွိုက်မပါသော အကိုက်အခဲပျောက် အရောင်ကျဆေးများဆေးများ မသုံးပါနှင့်။ ရောဂါသည် သွေးလွန်တုပ်ကွေးဖြစ်နေပါက ထိုဆေးများက သွေးထွက်နိုင်သော အန္တရာယ်များစေသောကြောင့် ဖြစ်ပါသည်။

သင်အခြား အပိုဆောင်း ဆေးများ မယူမီသင့်ဆရာဝန်သို့မဟုတ်အခြားကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် စကားပြောဆိုသင့်ပါတယ်။

ဇီကာ ဗိုင်းရပ်စ်ကို ကာကွယ်ဆေးများက မတားဆီးနိုင်ပါ။

သင် ဇီကာ ဗိုင်းရပ်စ်ကူးစက်လျှင် အခြားလူများထံသို့ရောဂါ ကူးစက်နိုင်ချေ အခွင့်အလမ်း နည်းစေရန် သင်နာမကျန်းဖြစ်ချိန် ပထမရက်သတ္တပတ်အတွင်း ခြင်ကိုက်မခံရအောင် ကာကွယ်သင့်ပါတယ်။

ရောဂါကူးစက်မှု၏ ပထမရက်သတ္တပတ် အတွင်းမှာတော့ ဇီကာဗိုင်းရပ်စ်ကို သွေးထဲတွင်တွေ့ရှိနိုင်ပါတယ်။ ခြင်မှတဆင့် ရောဂါရှိသူထံမှ အခြားတစ်ဦးကို ကူးစက်တတ်ပါတယ်။

ကူးစက်မှု ပထမဦးဆုံးရက်သတ္တပတ်မှာ ဇီကာ ဗိုင်းရပ်စ်က သွေးကြောထဲမှာ တက်ကြွနေပြီး အလွယ်တကူကူးစက်မှု ဖြစ်နိုင်သည့်အတွက် အရေးပါသော ကာလဖြစ်ပါတယ်။ ခြင်တစ်ကောင်တည်းကနေ များစွာသော အခြားလူများကို ကူးစက်နိုင်ပါတယ်။

ဇီကာ ဗိုင်းရပ်စ် အတွက် ကာကွယ်ဆေးမရှိပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက ဇီကာဗိုင်းရပ်စ်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဇီကာဗိုင်းရပ်စ်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

လေအေးပေးစက် သို့မဟုတ် ကောင်းမွန်စွာ ကာထားသော အိမ်တွင်နေပါ။ ဇီကာ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သောခြင်သည် အရုဏ်တက်ချိန်ကနေ မိုးမလင်းမီ အလှုပ်ရှားဆုံးဖြစ်သော်လည်း သူတို့သည် ညဉ့်အခါလည်းကိုက်နိုင်ပါတယ်။ ဇီကာဗိုင်းရပ်စ် သယ်ဆောင်သောခြင်က တစ်နေ့လုံး ရှိနေတတ်သောကြောင့် အိမ်ကိုလုံခြုံစွာ ကာရံထားရန်နှင့် လေအေးပေးစက်ကို အိမ်၌ဖွင့်ထားရန်လိုသည်။

အကာအကွယ်ပေးနိုင်သော အဝတ်အစားများကို ဝတ်ဆင်ပါ။ သင် ခြင်ပေါသော ဒေသများသို့သွားသည့်အခါ လက်ရှည်ရှပ်အင်္ကျီ၊ ဘောင်းဘီရှည်၊ ခြေအိတ်များနှင့် ဖိနပ်ကို ဝတ်ဆင်ပြီးခြင်ကို ကာကွယ်နိုင်ပါတယ်။

ခြင်နိုင်ဆေးသုံးပါ။ Permethrin ကို သင့်ရဲ့အဝတ်အစား၊ ဖိနပ်၊ စခန်းချနေထိုင်မည့်နေရာနှင့် အိပ်ရာတို့တွင် ဖြန်းထားနိုင်ပါသည်။ permethrin သုံးထားပြီးသား ခြင်ထောင်များလည်း ဝယ်ယူရှိနိုင်ပါတယ်။ ခြင်နိုင်ဆေး၊ Permethrin သုံးထားတဲ့ ခြင်ထောင်စတာတွေကို ဝယ်ယူပါ။

ခြင်ပေါက်ဖွားရာ နေရာများကိုရှင်းလင်းပါ။ အဆိုပါ ဇီကာ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သော ခြင်တွေဟာ ပုံမှန်အားဖြင့် အိမ်တွေမှာ ရေဝပ်တဲ့နေရာတွေ၊ တိရစ္ဆာန်စားခွက်တွေ၊ ပန်းအိုးနဲ့ အသုံးပြုပြီးသား မော်တော်ယာဉ် တာယာတို့မှာပေါက်ဖွားနိုင်ပါတယ်။ ခြင်အရေအတွက်လျော့ချရန် ပေါက်ပွားနိုင်မယ့် နေရာတွေကို လျော့ချပါ။ ဒီလိုလျော့ချရင် ခြင်ကောင်ရေ နည်းလာပါလိမ့်မယ်။

ဒါ့ကြောင့် တိရိစ္ဆာန်စားခွက်များ၊ ပန်းအိုးများ၊ သို့မဟုတ် မော်တော်ကား တာယာဟောင်းများလို ရေဝပ်နိုင်သော အရာများအားလုံးကို သိမ်းဆည်းရှင်းလင်းပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement