backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း)


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ကဘာလဲ။

ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်းဆိုတာ

ခန္ဓါကိုယ်မှ ပါရာသိုင်းရွိုက်ဟော်မုန်းကို တုန့်ပြန်နိုင်စွမ်း ကျဆင်းသော မျိုးရိုးလိုက်တတ်သည့် ရောဂါတစ်မျိုးဖြစ်သည်။

လက္ခဏာများ

Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသော ရောဂါလက္ခဏာများမှာ ကယ်လ်ဆီယမ်ချို့ယွင်းခြင်းနှင့်ဆိုင်သော

  • မျက်စိအတွင်းတိမ်ဖြစ်ခြင်း
  • သွားရောဂါများ
  • ထုံကြဉ်ခြင်း
  • တက်ခြင်း
  • အကြောကပ်ခြင်း (ကြွက်သားလှုပ်ခြင်း၊ ခြေလက်ကပ်ခြင်းတို့ ပါဝင်သည်။) တို့ဖြစ်သည်။

ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း၊ အရိုးဖွဲ့စည်းပုံမမှန်ခြင်း၏ လက္ခဏာများမှာ

  • အရေပြားအောက်တွင် ကယ်လ်ဆီယမ်များ တင်ကျန်နေခြင်း
  • ရောဂါဖြစ်သော လက်ချောင်း၏အဆစ်နေရာတွင် ချိုင့်ဝင်သွားခြင်း
  • မျက်နှာဝိုင်း၍ လည်ပင်းတိုခြင်း
  • လက်ချောင်းများ အထူးသဖြင့် လက်သူကြွယ် အရိုးတိုခြင်း
  • အရပ်ပုခြင်းတို့ဖြစ်သည်။

အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ပါရာသိုင်းရွိုက်ဂလင်းသည် ပါရာသိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးသည်။ ပါရာသိုင်းရွိုက်ဟော်မုန်းသည် သွေးထဲနှင့် အရိုးရှိ ကယ်လ်ဆီယမ်၊ ဖေါ့စဖိတ်နှင့် ဗိုက်တာမင်ဒီ ပမာဏကို ထိန်းညှိပေးသည်။

ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်နေပါက အမှန်တကယ်ဟော်မုန်းရှိနေသော်လည်း သင့်ခန္ဓါကိုယ်က ဟော်မုန်း၏သက်ရောက်မှုကို မတုန့်ပြန်သောကြောင့် သွေးထဲတွင် ကယ်လ်ဆီယမ်နည်း၍ ဖေါ့စဖိတ်များခြင်းဖြစ်လာသည်။

ထိုရောဂါသည် မျိုးရိုးဗီဇဖောက်ပြန်မှုကြောင့်ဖြစ်သည်။ ရောဂါအမျိုးကွဲများရှိသော်လည်း ထိုရောဂါအမျိုးမျိုးသည် ရှားပါးရောဂါများဖြစ်သည်။

အမျိုးအစား ၁ ၏ဆက်ခံမှုပုံစံမှာ မိဘတစ်ဦးဦးထံမှ ရောဂါပါသောမျိုးဗီဇကို ရလျှင် ရောဂါဖြစ်နိုင်သည်။ ထိုရောဂါကို မျိုးရိုးလိုက်သော ဗူဘမငါ့အ အရိုးဖွဲ့စည်းပုံမမှန်ခြင်းဟုခေါ်သည်။ ထိုရောဂါကြောင့် အရပ်ပုခြင်း၊ အဝလွန်ခြင်း၊ မျက်နှာဝိုင်းခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လက်ချောင်းရိုးများတိုခြင်းတို့ ဖြစ်နိုင်သည်။ ရောဂါပါသောမျိုးဗီဇကို ဖခင်ထံမှရခြင်းနှင့် မိခင်ထံမှရခြင်းပေါ်မူတည်၍ ရောဂါလက္ခဏာကွဲပြားနိုင်သည်။

အမျိုးအစား၁ တွင် ပါရာသိုင်းရွိုက်ဟော်မုန်း၏သက်ရောက်မှုကို မတုန့်ပြန်ခြင်းမှာ ကျောက်ကပ်တစ်နေရာတည်းတွင် ဖြစ်ပွားသည်။ ၁ြ အမျိုးအစားအကြောင်းကို ၁ဗ အကြောင်းလောက် မသိကြပါ။ သွေးထဲတွင် ကယ်လ်ဆီယမ်နည်းသော်လည်း မျိုးရိုးလိုက်သော ဗူဘမငါ့အ အရိုးဖွဲ့စည်းပုံမမှန်ခြင်း၏ လက္ခဏာများမရှိပါ။

အမျိုးအစား၂ သည်လည်း သွေးထဲတွင် ကယ်လ်ဆီယမ်နည်း၍ ဖေါ့စဖိတ်များခြင်းဖြစ်စေတတ်သည်။ ထိုရောဂါရှိသောလူများတွင် အမျိုးအစား ၁ဗတွင်တွေ့ရသော ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိပါ။ ရောဂါဖြစ်စေသော မျိုးဗီဇချို့ယွင်းမှုကို မသိကြသေးပါ။

ရောဂါအဖြေရှာခြင်း

ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ

ကယ်လ်ဆီယမ်၊ ဖေါ့စဖိတ်နှင့် ပါရာသိုင်းရွိုက်ဟော်မုန်း ပမာဏကို သွေးစစ်ခြင်းဖြင့်သိနိုင်သည်။ ဆီးစစ်ရန်လည်း လိုနိုင်သည်။ အခြားစစ်ဆေးမှုများမှာ ဦးခေါင်းကိုသံလိုက်ဓါတ်မှန်ရိုက်ခြင်း၊ ဦးနှောက်ဃွှ ရိုက်ခြင်းတို့ဖြစ်သည်။

ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pseudohypoparathyroidism (ပါရာသိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက်ကျဆင်းသယောင်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

လိုအပ်သောကယ်လ်ဆီယမ်ပမာဏကို ထိန်းသိမ်းရန် ဆရာဝန်က ကယ်လ်ဆီယမ်နှင့် ဗိုက်တာမင်ဒီ အားဖြည့်ဆေးများကို ညွှန်ကြားလိမ့်မည်။ သွေးတွင်းဖေါ့စဖိတ်များနေလျှင် ဖေါ့စဖိတ်ပါဝင်မှုနည်းသော စားသောက်မှုပုံစံနှင့် ဖေါ့စဖိတ်ကို ပေါင်းယူပေးသောဆေးများသောက်ရန်လိုသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement