backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Plague (ပလိပ်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Plague (ပလိပ်ရောဂါ) ကဘာလဲ။

ပလိပ်ရောဂါဆိုတာက ပြင်းထန်သော ဘက်တီးရီးယား ကူးစက်ရောဂါတစ်ခုပြီး လှေးမှတစ်ဆင့် Yersinia pestis ပိုး ကူးစက်ခံရသောကြောင့် ဖြစ်တဲ့ရောဂါ တစ်မျိုးပါ။

Plague (ပလိပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါက တော်တော်လေးအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အခြေအနေများကို သတိထားဆင်ခြင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

လက္ခဏာများ

Plague (ပလိပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပလိပ်ရောဂါအမျိုးအစားပေါ်မူတည်ပြီး လက္ခဏာများ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ဥပမာ

  • Bubonic ပလိပ် –

ဒီပလိပ်ရောဂါ၏ အဖြစ်များဆုံး လက္ခဏာက ပေါင်ခြံ၊ ချိုင်းနှင့် လည်ပင်းတို့မှာရှိတဲ့ ပြန်ရည်ကျိတ်များ ကြက်ဥခန့်ကြီးမားလာကာ နာကျင်ပြီး ကိုင်ကြည့်လျှင် ပူနွေးနေခြင်းတို့ ဖြစ်ပါတယ်။ တခြားလက္ခဏာများအနေနဲ့ကတော့ ရုတ်တရတ်ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ မအီမသာနှင့် ကြွက်သားများနာခြင်းတို့ပဲ ဖြစ်ပါတယ်။

  • သွေးဆိပ်သင့်ပလိပ် –

အတွေ့ရများဆုံးလက္ခဏာများမှာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အလွန်အမင်း အားနည်းခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ပါးစပ် နှာခေါင်း စအို သို့မဟုတ် အရေပြားအောက်တို့တွက် သွေးယိုခြင်း၊ သွေးလန့်ခြင်း၊ ခန္ဓာကိုယ် အစွန်အဖျားအပိုင်းတွေမှာ ညိုမည်းလာပြီး တစ်ရှူးများသေခြင်း (Gangrene) အများအားဖြင့် လက်ချောင်း ခြေချောင်းနှင့် နှာခေါင်း စသည့်နေရာများမှာ အဖြစ်များပါတယ်။

  • အဆုတ်ပလိပ် –

အဖြစ်များသော လက္ခဏာများမှာ ချောင်းဆိုးခြင်း၊ သလိပ်သွေးပါခြင်း၊ အသက်ရှူရခက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အပြင်းဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အားနည်းခြင်း စတာတွေ ခံစားရနိုင်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ အထဲမှာမပါဝင်သေးသော အခြားလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ အကယ်လို့ ကိုယ့်ဆီမှာ အခုပြောခဲ့သလို  ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုရှိနေမယ်ဆိုရင်  ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Plague (ပလိပ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ပလိပ်ရောဂါသည် Yersinia pestis ပိုးကြောင့်ဖြစ်ပြီး ရောဂါကူးစက်ခံထားရတဲ့ သတ္တဝါများကို ကိုက်ထားသော လှေးမှ လူသားများကို ကိုက်ခြင်းကတဆင့် ကူးစက်နိုင်ပါတယ်။

အဆိုပါသတ္တဝါများမှာ-

  • ကြွက်
  • ရှဉ့်
  • ယုန်
  • Prairie ခွေးများ
  • ရှဉ့်ဖြူကျားများ

ဖြစ်နိုင်ခြေများ

Plague (ပလိပ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ပလိပ်ရောဂါ ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာအားဖြင့်

တည်နေရာ – ပလိပ်ရောဂါကပ်အသွင်ဆောင်ခြင်းသည် များသောအားဖြင့် လူနေထူထပ်၊ သန့်ရှင်းမှုမရှိပဲ ကိုက်ဖြတ်တတ်သော သတ္တဝါ (အထက်ပါသတ္တဝါများ) အလွန်များသည့် တောနေရာများနှင့် တောမကျ မြို့မကျနေရာများတွင် ဖြစ်ပွားလေ့ရှိပါတယ်။

အလုပ်အကိုင် – တိရိစ္ဆာန်ကုဆရာဝန်နှင့် လက်ထောက်အကူများသည် ပလိပ်ပိုးကူးစက်မှု ခံထားရနိုင်သည့် အိမ်မွေးတိရိစ္ဆာန် ကြောင်နှင့် ခွေများကို ထိမိနိုင်သော အန္တရာယ်ရှိနိုင်ပါတယ်။

လိပ်ကူးစက်ခံရသည့် တိရိစ္ဆာန်များရှိရာ နေရာများတွင် အလုပ်လုပ်သူများသည်လည်း အဖြစ်များပါတယ်။

ဝါသနာများ – ပလိပ်ပိုး ကူးစက်ခံရနိုင်သည့် တိရိစ္ဆာန်များ နေထိုင်ရာ တောတွင်းတဲထိုးခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် တောင်တက်ခြင်းသည် ကူးစက်ခံရသည့် လှေးကိုက်ခြင်းကို ခံရနိုင်ခြေ မြင့်မားပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Plague (ပလိပ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ပလိပ်ရောဂါအား Yersinia pestis ဘက်တီးရီးယား ရှိမရှိ နမူနာယူထားသောအရာများ – ပလိပ်အကျိတ်၊ သွေး၊ အဆုတ်အသားစ – စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။

Plague (ပလိပ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ပလိပ်ရောဂါကုသရန်အတွက် ဆေးရုံးတက်ပြီး အားပြင်းသည့် ပဋိဇီဝဆေးများဖြင့် ကုသရန် လိုအပ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပလိပ်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပလိပ်ရောဂါ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါတယ်။

ကိုက်ဖြတ်စားသတ္တဝါများ မဝင်နိုင်သည့် အိမ်ဖြင့်နေပါ။ အသိုက်ဆောက်နိုင်သည့် နေရာများဖြစ်သော ချုံပုတ်များ၊ ကျောက်ဆောင်များ၊ ထင်းများ၊ အမှိုက်များကို ဖယ်ရှားပါ။ ကိုက်ဖြတ်စားသတ္တဝါများ လာရောက်နိုင်သည့်နေရာများတွင် အိမ်မွေးတိရိစ္ဆာန်အစာများ မချထားပါနှင့်။

အိမ်မွေးတိရိစ္ဆာန်များအား လှေးကင်းအောင်လုပ်ပေးပါ။

အရေပြားနှင့် ဘက်တီးရီးယားပိုး မထိတွေ့စေရန် ရောဂါပိုးရှိနိုင်မည့် သတ္တဝါများကို ကိုင်တွယ်သည့်အခါ အကာအကွယ်လက်အိတ်ဝတ်ပါ။

အင်းဆက်သတ်ဆေးများသုံးပါ။ ကိုက်ဖြတ်စားသတ္တဝါများ ရှိနိုင်သည့် အပြင်ဖက်နေရာများတွင် ကလေးများ အိမ်မွေးတိရိစ္ဆာန်များကို သေချာစောင့်ကြည့်ပေးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement