backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Early menopause (အချိန်မတိုင်ခင်သွေးဆုံးခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

အချိန်မတိုင်ခင်သွေးဆုံးခြင်း ဆိုတာဘာလဲ။

သွေးဆုံးခြင်းဆိုတာ ရာသီသွေးမပေါ်တော့တဲ့အချိန်ကို ခေါ်တာပါ။ ဆေးပညာမှာ ၁၂လဆက်တိုက် ရာသီမလာခြင်းလို့ အဓိပါယ်ဖွင့်ပါတယ်။

မိန်းမအများစုက အသက်၄၅နဲ့၅၅လောက်မှာ သွေးဆုံးခြင်းစတင်ပါတယ်။ တချို့မိန်းမတွေက မျိုးရိုးဗီဇ၊ နာမကျန်ခြင်းနဲ့ ဆေးကုသမှုတွေကြောင့် အသက်၄၀မတိုင်ခင် သွေးဆုံးကြပါတယ်။ ထိုအရွယ်မတိုင်ခင် သွေးဆုံးခြင်း (သဘာဝအတိုင်း သို့မဟုတ် အကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်ခြင်း)ကို အချိန်မတိုင်ခင်သွေးဆုံးခြင်းလို့ခေါ်ပါတယ်။

အချိန်မတိုင်ခင်သွေးဆုံးခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချိန်မတိုင်ခင်သွေးဆုံးခြင်းက အဖြစ်မများပါဘူး။ အသက်၁၅နှင့်၂၉ကြားမိန်းကလေး အယောက်၁၀၀၀မှာ ၁ယောက်နှုန်နဲ့ အသက်၃၀နှင့်၃၉ကြားမိန်းမ အယောက်၁၀၀မှာ ၁ယောက်နှုန်းဖြင့် ဖြစ်ပွားလျက်ရှိပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

အချိန်မတိုင်ခင်သွေးဆုံးခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အချိန်မတိုင်ခင်သွေးဆုံးခြင်းခံစားရတဲ့မိန်းမတွေဟာ သဘာဝအတိုင်း သွေးဆုံးတဲ့မိန်းမတွေနဲ့ တူညီတဲ့လက္ခဏာတွေရှိကြပါတယ်။

  • စိတ်အပြောင်းအလဲမြန်ခြင်း
  • မအင်္ဂါခြောက်သွေ့ခြင်း
  • သိမြင်နိုင်စွမ်းနှင့်မှတ်ဉာဏ်ပြောင်းလဲခြင်း
  • ရုတ်ချည်းပူနွေးလာခြင်း
  • လိင်စိတ်လျော့ကျခြင်း
  • အိပ်မပျော်ခြင်း၊လန့်နိုးခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း
  • ချွေးထွက်ခြင်း
  • လိင်ဆက်ဆံစဉ် မအင်္ဂါနာကျင်ခြင်း

သွေးဆုံးခြင်းဖြစ်တဲ့အခါ ရာသီသွေးမမှန်တာတွေဖြစ်ပေါ်လာပါတယ်။ ရာသီလုံးဝမလာတော့တဲ့အချိန်ထိ နှစ်နဲ့ချီပြီး ကြိုတင်ဖြစ်ပွားလာနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အသက်၄၀အောက်ဖြစ်ပြီး အောက်ပါတို့ကိုခံစားနေရပါက အချိန်မတိုင်ခင်သွေးဆုံးခြင်းလာဆိုတာကို သိရှိဖို့ ဆရာဝန်ဖြင့် ပြသရပါမယ်။

  • ဓါတုကုထုံးနဲ့ ဓါတ်ရောင်ခြည်ကုထုံးတို့ကို ခံယူဖူးခြင်း
  • သင် သို့မဟုတ် သင့်မိသားစုထဲမှာ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ ဂရေ့ရောဂါ၊ လုပတ်စ် တို့လိုမျိုး မိမိပဋိပစ္စည်းများမှမိမိကိုပြန်လည်တိုက်ခိုက်သောရောဂါရှိခြင်း
  • ၁နှစ်ကျော်လောက် ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားသော်လည်း မအောင်မြင်ခြင်း
  • သင့်မိခင် သို့မဟုတ် အမ၊ညီမတို့မှာ အချိန်မတိုင်ခင်သွေးဆုံးမှု ရှိခြင်း

သင့်ဆီမှာ သို့မဟတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက အချိန်မတိုင်ခင်သွေးဆုံးခြင်း ဖြစ်ပွားစေသလဲ။

အချိန်မတိုင်ခင်သွေးဆုံးခြင်းရဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေ အကြောင်းအရင်းကို ဆုံးဖြတ်လို့မရပါဘူး။

မျိုးရိုးဗီဇ

အချိန်မတိုင်ခင်သွေးဆုံးခြင်းအတွက် ဆေးပညာပိုင်းဆိုင်ရာ အကြောင်းပြချက်တိတိကျကျမရှိဘူးဆိုရင် မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်ပါတယ်။ သွေးဆုံးတဲ့အချိန်က မျိုးရိုးဗီဇနဲ့ သက်ဆိုင်ပါတယ်။ သင့်အမေရဲ့ သွေးဆုံးတဲ့အချိန်ကို သိရှိခြင်းက သင်ဘယ်အချိန်မှာ သွေးဆုံးမှာနဲ့ ပတ်သက်ပြီး သဲလွန်စပေးနိုင်ပါတယ်။ အမေမှာ သွေးဆုံးတာစောမယ်ဆိုရင် သင်လည်းစောနိုင်ပါတယ်။ ဒါပေမယ့်လည်း မျိုးရိုးဗီဇက တစ်ဝက်လောက် မှန်ပါတယ်။

လူနေမှုဘဝပုံစံ

တချို့လူနေမှုဘဝပုံစံတွေက သွေးဆုံးတဲ့အချိန်အပေါ်မှာ သက်ရောက်မှုရှိကြပါတယ်။ ဆေးလိပ်သောက်ခြင်းမှာ သွေးမြန်မြန်ဆုံးစေသော အီစထရိုဂျင်ဆန့်ကျင် ဂုဏ်သတ္တိရှိပါတယ်။ ၂၀၁၂မှာ ပြုလုပ်ခဲ့သော လေ့လာမှုတွေအရ ဆေးလိပ်သမားတွေက စောပြီး သွေးဆုံးတတ်ကြပါတယ်။ မေးရိုးဆေးခန်းရဲ့အဆိုအရ ဆေးလိပ်သောက်တဲ့မိန်းမတွေက ဆေးလိပ်မသောက်တဲ့မိန်းမတွေထက် ၁နှစ်/၂နှစ်လောက်စောပြီး သွေးဆုံးကြပါတယ်။ ကိုယ်အလေးချိန်၊အရပ်အမြင့်အချိုး (BMI) ကလည်း အချိန်မတိုင်ခင်သွေးဆုံးခြင်းအပေါ်မှာ သက်ရောက်ပါတယ်။ အဆီတစ်ရှုးတွေထဲမှာ အီစထရိုဂျင်ကို သိုလှောင်ထားပါတယ်။ ပိန်လွန်းတဲ့မိန်းမတွေမှာ အီစထရိုဂျင်နည်းပြီး မြန်မြန်ကုန်တတ်ကြပါတယ်။ တချို့လေ့လာမှုအတွေအရ သတ်သတ်လွတ်သမားတွေ၊ လေ့ကျင့်ခန်းမလုပ်သူတွေ၊ နေရောင်ခြည်နဲ့ မထိတွေ့သူတွေဆိုရင် သွေးဆုံးခြင်းစောကြတယ်လို့ သိရပါတယ်။

ခရိုမိုစုမ်း ချို့ယွင်းခြင်း

ခရိုမိုစုမ်းချို့ယွင်းမှုအချို့က စောစောသွေးဆုံးစေပါတယ်။ ဥပမာ တာနားစင်ဒရုန်း (မိုနိုစိုမီ အိတ်ခ်ျ၊ လိင်အင်္ဂါမဖွံ့ဖြိုးခြင်း)က ခရိုမိုစုမ်းချို့ယွင်းမှုတစ်မျိုးပါ။ တားနား စင်ဒရုန်းမိန်းမ အများစုက ပုံမှန်အလုပ်မလုပ်တဲ့ မျိုးဥအိမ်တွေ ရှိကြပါတယ်။ ယင်းအကြောင်းအရင်းကြောင့် အချိန်မတိုင်ခင်သွေးဆုံးကြပါတယ်။

အခြားခရိုမိုစုမ်းချို့ယွင်းမှုတွေကလည်း အချိန်မတိုင်ခင်သွေးဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ တားနားစင်ဒရုန်းအမျိုးခွဲတစ်ခုဖြစ်တဲ့ လိင်အင်္ဂါသီးသန့်မဖွံ့ဖြိုးခြင်းပါဝင်တယ်။ ထိုအခြေအနေတွေမှာ မမျိုးဥအိမ်က အလုပ်မလုပ်ပါဘူး။ ရာသီလာအောင်၊ အပြင်လိင်ပန်းအင်္ဂါပုံသဏ္ဍန်တွေ ဖွံ့ဖြိုးလာအောင် ဟော်မုန်းအစားထိုးကုသခြင်း (HRT) ကို များသောအားဖြင့် မြှီးကောင်ပေါက်အရွယ်မှာ အသုံးပြုနိုင်ပါတယ်။

ထရိုင်စိုမီ ၁၃နဲ့ ၁၈ဆိုတာ ၁၃ခုမြောက်နဲ့ ၁၈ခုမြောက် ခရိုမိုစုမ်းအတွဲတွေမှာ ခရိုမိုစုမ်းပါဝင်နေတာကို ခေါ်တာပါ။ ထိုအခြေအနေက စောစောရာသီလာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မြုံခြင်းအပြင် အခြားသော ကိုယ်ခန္ဓါ မဖွံ့ဖြိုးမှု ပြဿနာတွေ ရှိကြပါတယ်။

မိမိပဋိပစ္စည်းများမှမိမိကိုပြန်လည်တိုက်ခိုက်သောရောဂါများ

အချိန်မတိုင်ခင်သွေးဆုံးခြင်းက သိုင်းရွိုက်ရောဂါနဲ့ လေးဖက်နာရောဂါတို့လိုမျိုး ပဋိပစ္စည်းပြန်လည်တိုက်ခိုက်သောရောဂါတွေရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ထိုရောဂါမျိုးမှာ ခန္ဓါကိုယ်က ပဋိပစ္စည်းတွေက ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုကို ကျူးကျောက်သူတွေလို့ ထင်မှတ်ပြီး တိုက်ခိုက်ကြတာပါ။ ထိုရောဂါအချို့ကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းတွေက မမျိုးဥအိမ်ကို ထိခိုက်နိုင်ပါတယ်။ မမျိုးဥအိမ်အလုပ်လုပ်မှု ရပ်ဆိုင်းသွားတဲ့အခါ သွေးဆုံးခြင်းစတင်ပါတယ်။

ဝက်ရူးပြန်ခြင်း

ဝက်ရူးပြန်ခြင်းဆိုတာ ဦးနှောက်ကနေ အရင်းပြုသော အတက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဝက်ရူးပြန်ရောဂါသည် အမျိုးသမီးအများစုက အချိန်မတိုင်ခင် မျိုးဥအိမ်အလုပ်မလုပ်ခြင်းကို ကြုံတွေ့ရနိုင်ခြေများပါတယ်။ ၂၀၀၁တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ လေ့လာခဲ့တဲ့ ဝက်ရူးပြန်မိန်းမတွေရဲ့ ၁၄ရာခိုင်နှုန်းက အချိန်မတိုင်ခင်သွေးဆုံးခြင်းကို ခံစားကြရပါတယ်။ ပုံမှန်လူတွေထဲမှာတော့ ၁ရာခိုင်နှုန်းပဲ ခံစားကြရတာပါ။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက အချိန်မတိုင်ခင်သွေးဆုံးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အချိန်မတိုင်ခင်သွေးဆုံးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အောက်ပါတို့ပါ။

  • မျိုးရိုးဗီဇပြဿနာများ – အချိန်မတိုင်ခင်သွေးဆုံးတဲ့မိန်မတွေမှာ ထိုအခြေအနေဖြစ်ပေါ်တဲ့ ဆွေမျိုးတွေရှိကြပါတယ်။
  • ပဋိပစ္စည်းများမှပြန်လည်တိုက်ခိုက်သောရောဂါများ – သိုင်းရွိုက်ရောဂါ၊ ဗိုင်းရပ်စ်ရောဂါ၊ ဟော်မုန်ရောဂါ၊ အစာစားခြင်းဆိုင်ရာရောဂါ

ခွဲစိတ်ခြင်း သို့မဟုတ် ဆေးဝါးကုသမှုတို့ကြောင့် အချိန်မတိုင်ခင်သွေးဆုံးခြင်းဖြစ်ပွားနိုင်ခြေရှိသူတွေက ကင်ဆာနဲ့ မမျိုးပွားအင်္ဂါတို့ကို ခွဲစိတ်ရန်လိုအပ်သော အခြားကျန်းမာရေးအခြေအနေရှိနေတဲ့သူတွေဖြစ်ပါတယ်။

နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

အချိန်မတိုင်ခင်သွေးဆုံးခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

အချိန်မတိုင်ခင်သွေးဆုံးခြင်းကို အဖြေရှာအတည်ပြုဖို့ ကိုယ်ဝန်နဲ့ သိုင်းရွိုက်ရောဂါလိုမျိုး အခြားရောဂါတွေကို ဖယ်ထုတ်စဉ်းစားရန်အတွက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများပြုလုပ်ပြီး သွေးစစ်ဖို့ သွေးဖောက်ပါလိမ့်မယ်။ အီစထရာဒိုင်အော ပမာဏကိုလည်း တိုင်းခိုင်းနိုင်ပါတယ်။ ယင်းက အီစထရိုဂျင်အမျိုးအစားတစ်ခုဖြစ်ပြီး မမျိုးဥအိမ်စွမ်းရည်ကျလာမှုကို ညွှန်ပြနိုင်ပါတယ်။ အီစထရာဒိုင်အော ပမာဏ ၃၀အောက်ရောက်ပြီဆိုရင် သင်သွေးဆုံးပါပြီ။ ဒါပေမယ့်လည်း အချိန်မတိုင်ခင်သွေးဆုံးခြင်းအတွက် အရေးကြီးဆုံးက မမျိုးဥလှုံ့ဆော်ဟော်မုန်း (FSH)ကို သိနိုင်သော သွေးစစ်မှုပါပဲ။ မမျိုးဥအိမ်က အီစထရိုဂျင်ထုတ်လုပ်မှုကို လျော့ချလိုက်တဲ့အခါမှာ FSH ပမာဏတက်လာပါတယ်။ FSH ပမာဏ 40 mlU/ml အထက် ရောက်နေပြီဆိုရင် သင်သွေးဆုံးဖို့များနေပါပြီ။

အချိန်မတိုင်ခင်သွေးဆုံးခြင်းကို ဘယ်လိုကုသလဲ။

အချိန်မတိုင်ခင်သွေးဆုံးခြင်းက များသောအားဖြင့် ကုသဖို့ မလိုအပ်ပါဘူး။ သွေးဆုံးပြီးဆိုတာနဲ့ ပြန်ရာသီလာအောင် လုပ်လို့မရတော့ပါဘူး။ ဒါပေမယ့်လည်း သွေးဆုံးခြင်းနဲ့ ပတ်သက်နေမယ့် ရောဂါလက္ခဏာတွေ၊ ယင်းကြောင့်ဖြစ်လာမယ့် ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်။ ကုသမှုနည်းလမ်းတွေက ခန္ဓါကိုယ်ပြောင်းလဲမှုနဲ့ လူနေမှုဘဝပြောင်းလဲမှုတွေကို ရင်ဆိုင်စေနိုင်ပါတယ်။

  • ဟော်မုန်ကုထုံး – ဟော်မုန်းကုထုံး/အီစထရိုဂျင် (HT/ET) ကုထုံးကို ဆေးတောင့်၊ ဆေးပလာစတာ၊ ဖြန်းဆေး၊ ဂျယ်နဲ့ ခရင် စသည်တို့ဖြင့် ပုံစံအမျိုးမျိုးရရှိနိုင်ပါတယ်။ ယောနိအတွင်းသို့ ထည့်နိုင်သော ဆေးလည်း ရှိပါတယ်။ HT/ET ဟာ ရုတ်ချည်းပူနွေးလာခြင်းနဲ့ မအင်္ဂါခြောက်သွေ့ခြင်းလိုမျိုး သွေးဆုံးတဲ့ပြဿနာတွေကို ထိန်းချုပ်နိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ထိုကုထုံးက (နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းနဲ့ ရင်သားကင်ဆာ) တို့လိုမျိုး ရောဂါအချို့ရဲ့ ဖြစ်နိုင်ခြေကို များသွားစေတာကြောင့် ရောဂါလက္ခဏာတွေထိန်းချုပ်ဖို့ လိုအပ်သော အနည်းဆုံးနဲ့ အထိရောက်ဆုံးအချိုးအစားကို အချိန်ကာလအနည်းဆုံးဖြင့်သာ အသုံးပြုသင့်ပါတယ်။
  • သန္ဓေသားသောက်ဆေးတွေဟာ ဟော်မုန်းကုသနည်းတစ်မျိုးပါပဲ။ သွေးဆုံးမှုဝေဒနာတွေ သက်သာစေဖို့ တစ်ခါတစ်လေ အသုံးပြုပါတယ်။
  • စိတ်ကျရောဂါအတွက်ဆေးများ – ဆီရိုတိုနင်ပြန်ယူ့ခြင်းအားရွေးပိတ်သောဆေးများ (SSRIs) နှင့် အလားတူဆေးဝါးများကို ၆၀ရာခိုင်နှုန်းသော သွေးဆုံးအမျိုးသမီးတွေမှာ ရုတ်တရက်ပူနွေးလာခြင်းကို သက်သာစေနိုင်တယ်လို့ သက်သေပြပြီးပါပြီ။
  • ဟော်မုန်းမဟုတ်သောယောနိလိမ်းဆေးဂျယ်များ၊ ခရင်နဲ့ ချောဆီတို့က မအင်္ဂါခြောက်သွေ့ခြင်းကို ကာကွယ်ရာမှာ အထောက်အကူဖြစ်ပါတယ်။
  • အထောက်အကူဖြင့်သန္ဓေအောင်ခြင်းနည်းပညာ – တချို့သင့်တော်မယ့်အခြေအနေတွေမှာ အချိန်မတိုင်ခင်သွေးဆုံးတဲ့မိန်းမများတွင် လှူထားသောမမျိုးဥကို အသုံးပြုပြီး သန္ဓေအောင်ခြင်းဖြစ်ပါတယ်။

အချိန်မတိုင်ခင်သွေးဆုံးခြင်းခံစားရပြီး မြုံသွားတဲ့မိန်းမတွေဟာ ဘာတွေလုပ်သင့်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး မျိုးပွားမှုဆိုင်ရာဆရာဝန်တွေနဲ့ ဆွေးနွေးသင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အချိန်မတိုင်ခင်သွေးဆုံးခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အချိန်မတိုင်ခင်သွေးဆုံးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement