backup og meta

မျှဝေပါ။

ဆေးညွှန်းမလိုဘဲ ဆေးဆိုင်မှာ ဝယ်ယူလို ရသော ဝမ်းလျှောပျောက်ဆေးများ

အကြိမ်အတော်များများမှာ ဝမ်းလျှောတာဟာ ကုသဖို့ မလိုအပ်ပါဘူး။ သူဟာ ဆေးသောက်သည်ဖြစ်စေ၊ မသောက်သည် ဖြစ်စေ ရက်အနည်းငယ်သာ ကြာမြင့်တတ်ပါတယ်။ ဒါပေမယ့်လည်း ဆေးတွေကတော့ သင့်ကို ပိုပြီးနေလို့ကောင်းစေပါတယ် (အထူးသဖြင့် ဗိုက်နာတာမျိုးအတွက်)။ ဆေးဆိုင်မှာ အချို့ဆေးတွေကို ဆရာဝန် ညွှန်ကြားချက်မပါပဲ ဝယ်ယူရရှိနိုင်ပါတယ်။ ဒီဆေးတွေကို OTC ဆေးတွေလို့ ခေါ်ပြီးတော့ သူတို့ဟာ ဝမ်းလျှောခြင်းကို သက်သာစေမှာပါ။ သူတို့ကို ဝမ်းလျှော ပျောက်ဆေးလို့လဲ ခေါ်ကြပါတယ်။

လူသိအများဆုံး ဝမ်းလျှော ပျောက်ဆေးတွေဟာ ဘာတွေလဲ။

Loperamide

Loperamide ဟာ လူသိအများဆုံး ဝမ်းလျှောပျောက်ဆေးပဲဖြစ်ပါတယ်။ ဒီဆေးဟာ အစာတွေ အူကို ဖြတ်သန်းနှုန်းကို လျှော့ချပေးပြီး အစာအိမ်အတွင်းမှာ ပိုမိုကြာရှည်စွာ နေစေပါတယ်။ ဒါ့ကြောင့် သင်စားလိုက်တဲ့အစာတွေကို ကိုယ်ခန္ဓါက ပိုမိုစုပ်ယူစေပြီး နေ့စဉ် ဝမ်းသွားတဲ့ အကြိမ်ရေကို လျော့ကျစေပါတယ်။

Loperamide ဟာ ရုတ်တရက် (သို့) နာတာရှည် ဝမ်းလျှောခြင်းကို ကုသပေးတဲ့ သောက်ဆေးတစ်မျိုးဖြစ်ပြီး အကြာကြီး သောက်သုံးဖို့ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက် လိုတတ်ပါတယ်။ ဒီလိုမျိုးဆိုရင်တော့ ဆေးကို အနည်းဆုံး တစ်နေ့ကို တစ်ကြိမ်သောက်သုံးသင့်ပါတယ်။ လူသိများတဲ့ ဒီအုပ်စုဝင်ဆေးတွေကတော့ Imodium နဲ့ Diamode တို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ပါးစပ်ခြောက်ခြင်း၊ ခေါင်းမူးခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့ ပဲဖြစ်ပါတယ်။

Diphenoxylate

Loperamide လိုမျိုးပဲ Diphenoxylate ဟာလည်း အစာတွေကို အူတွေအတွင်းမှာ ကြာကြာနေစေပြီး ဝမ်းသွားတဲ့ အကြိမ်ရေကို လျော့ကျစေပါတယ်။ Diphenoxylate ဟာလည်း သောက်ဆေးတစ်မျိုးဖြစ်ပြီး တစ်နေ့ကို လေးကြိမ်အထိ သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် သူဟာ စွဲတတ်တာကြောင့် ခဏတာ ကုသမှု အဖြစ်သာ အသုံးပြုသင့်ပါတယ်။ သူဟာ ဝမ်းလျှောခြင်း လက္ခဏာတွေကို ဆေးစသောက်ပြီး နှစ်ရက်အတွင်းမှာ သက်သာစေပါတယ်။ အပြင်မှာ ရရှိနိုင်တဲ့ ဆေးနာမည်တွေကတော့ Lomocot နဲ့ Lomotil တို့ပဲဖြစ်ပါတယ်။ ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဗိုက်ပွခြင်းနဲ့ ဝမ်းချုပ်ခြင်း တို့ပဲ ဖြစ်ပါတယ်။

Pepto-Bismol

ဆေးညွှန်းမလိုဘဲ ဝယ်လို့ရတဲ့ နှစ်ပေါင်းများစွာ ကြာအောင် ထင်ရှားခဲ့တဲ့ ဝမ်းလျှော ပျောက်ဆေးတစ်မျိုးကတော့ Pepto-Bismol ပဲဖြစ်ပါတယ်။ သူဟာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ antacid တစ်မျိုးပဲဖြစ်ပါတယ်။ ဒီဆေးမှာ bismuth subsalicylate လို့ ခေါ်တဲ့ အရာပါဝင်ပါတယ်။ ဒီအရာဟာ အစာအိမ်နဲ့ အူအတွင်းပိုင်းကို ကာရံလိုက်ပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။

Pepto-Bismol ကို ဆေးရည်ပုံ၊ ဝါးစားနိုင်တဲ့ ဆေးပြားပုံနဲ့ သောက်ဆေးပုံစံမျိုးနဲ့ ရရှိနိုင်ပါတယ်။ ဒါပေမယ့် သူဟာ ရုတ်တရက်ဖြစ်တဲ့ ဝမ်းလျှောမှုမျိုးမှာပဲ အသုံးဝင်ပါတယ်။ နာတာရှည် ဝမ်းလျှောတာဆိုရင်တော့ သူ့ထက် ပြင်းတဲ့ ဆေးမျိုးကို သုံးသင့်ပါတယ်။

Pepto-Bismol ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ခဏတာ လျှာအရောင်ရင့်လာခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့ပဲဖြစ်ပါတယ်။ ကလေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ပိုပြီး ခံစားရလေ့ရှိပါတယ်။ တုတ်ကွေး (သို့) ရေကျောက်ကနေ ပြန်ကောင်းလာတဲ့ ကလေးတွေကို Pepto-Bismol မပေးသင့်ပါဘူး။ ဒါဟာ သူတို့ိုကို Reye’s Syndrome (ဦးနှောက် နဲ့အသည်းရောင် ဖောရောင်စေတဲ့ ရှားပါးသော ပြင်းထန် အခြေအနေတစ်ခု) ဖြစ်စေနိုင်လို့ပါ။ Aspirin (သို့) အခြား Salicylate ဆေးတွေ မတည့်တဲ့ လူနာတွေကိုလည်း Pepto-Bismol မပေးသင့်ပါဘူး။

Smecta

Smecta ဟာ သူ့ရဲ့ အမြှေးပါးကာကွယ်နိုင်စွမ်းရည် ကြောင့် ဝမ်းလျှောရောဂါနဲ့ လူကြီးတွေမှာ ဖြစ်သော irritable bowel syndrome၊ ကလေးတွေမှာဖြစ်တဲ့အစာအိမ်တွင်းမှ အစာများ အစာမျိုပြွန်သို့ပြန်ဆန်တက်သောအခြေအနေတို့အတွက် ထင်ရှားတဲ့ ဆေးဖြစ်ပါတယ်။ ဒီဆေးဟာ အူနံရံကို ကာရံပေးဖို့အတွက် အစွမ်းထက်ပါတယ်။ ချွဲတွေမှာပါတဲ့ glycoproteins တွေနဲ့ ဓါတ်ပြုပြီးတော့ smecta ဟာ ရန်လိုတဲ့ အရာတွေကို ခုခံဖို့ အမြှေးပါးတွေရဲ့ ခုခံအားကို တိုးမြှင့်ပေးပါတယ်။

သူ့ရဲ့ အူနံရံကို ကာကွယ်ပေးနိုင်ပြီး သေချာပေါင်းစည်းနိုင်တဲ့ စွမ်းအင်ကြောင့် Smecta ဟာ အူနံရံကို ကာကွယ်ပေးပါတယ်။ သူဟာ ပုံမှန် သောက်သုံးတဲ့ပမာဏနဲ့ဆိုရင် အစာတွေ အူထဲမှာ ကြာချိန်ကို အကျိုးသက်ရောက်မှု မရှိသလို မစင်ကိုလည်း အရောင်မပြောင်းစေပါဘူး။

ဝမ်းလျှော ပျောက်ဆေးတွေကို ဘယ်လိုသောက်ရမလဲ။

ဝမ်းလျှော ပျောက်ဆေးတွေကို သောက်မယ်ဆိုရင် ဆေးထုတ်ပိုးမှု ပေါ်မှာပါတဲ့ အညွှန်းတွေကို အရင်သေချာစွာ ကြည့်ပါ။ ဝမ်းလျှော ပျောက်ဆေးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရနိုင်ပါတယ်။ ပုံစံပေါ်မူတည်ပြီး ဘယ်လိုသောက်ရမလဲဆိုတာ သေချာ လေ့လာသင့်ပါတယ်။

  • သောက်ဆေးသောက်မယ်ဆိုရင် ဝမ်းသွားပြီးရင် (သို့) ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။ ဆေးပမာဏဟာ ရောဂါအခြေအနေနဲ့ ဆေးကို တုန့်ပြန်နိုင်မှု ပေါ်မှာ မူတည်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ အသက်နဲ့ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ဆေးပေးသင့်ပါတယ်။ လူကြီးတွေမှာ ကိုယ့်ကိုယ်ကိုယ် သောက်တယ်ဆိုရင် တစ်နေ့ကို 8 mg ထက်ပိုပြီး (သို့) ဆရာဝန် ညွှန်ကြားချက်နဲ့ ဆိုရင် တစ်နေ့ကို 16 mg ထက်ပိုပြီး မသောက်သင့်ပါဘူး။
  • ဝါးစားနိုင်တဲ့ ဆေးကိုသုံးမယ်ဆိုရင် ဗိုက်ထဲမှာ အစာမရှိချိန်မှာ သောက်ပါ။ ဝါးစားနိုင်တဲ့ ဆေးပြားတွေကို မမြိုချခင်မှာ ဝါးစားနိုင်ပါတယ်။
  • အပျော်လွယ်တဲ့ ဆေးပြားတွေကို သုံးမယ်ဆိုရင် ဆေးကိုမဖေါက်ခင် လက်ကို သေချာစွာ အခြောက်ခံပါ။ ဆေးကို မတွန်းထုတ်ပါနဲ့။ ဆေးကို လျှာပေါ်မှာထားပြီး သူကိုယ်တိုင် အမြန်ပျော်ပါစေ။ ပြီးမှ မျိုချလိုက်ပါ။ မဝါးပါနဲ့၊ ထွေးမထုတ်ပါနဲ့၊ မသောက်ခင် ဆေးကို မချိုးလိုက်ပါနဲ့။ ဆေးမသောက်မချင်း ဆေးကို မဖေါက်ပါနဲ့။ ဒီဆေးကို သောက်တဲ့အခါမှာ ရေမလိုပါဘူး။

ဝမ်းလျှောနေတဲ့အခါမှာ ရေကိုပိုသောက်ဖို့ အရေးကြီးပါတယ်။ ဝမ်းလျှောမှုဟာ ရေဓါတ်ခမ်းခြောက်မှုကိုဖြစ်စေပြီးတော့ ဒါဟာ မကုသရင် ပြင်းထန်တဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။ အရည် အများအပြား သောက်ခြင်းဟာ သင့်ကို ရေဓါတ်ဖြည့်တင်းပေးပါတယ်။ ဆရာဝန်တွေက ရေထဲကို ဆားနဲ့ သကြားအနည်းငယ်ထည့်ပြီးလည်း သောက်စေပါတယ်။ ဒါဟာ ဝမ်းလျှောတာကြောင့် ဆုံးရှုံးသွားတဲ့ ဂလူးကိုးစ်နဲ့ electrolyte တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

သင့်ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေကို သူ့ညွှန်ကြားချက်အတိုင်းနဲ့ ဆေးအညွှန်းပေါ်မှာ ရေးထားတဲ့အတိုင်း လိုက်နာသင့်ပါတယ်။ မေးစရာတွေ ရှိမယ်ဆိုရင်တော့ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Antidiarrheal Medicines: OTC Relief for Diarrhea.
http://familydoctor.org/familydoctor/en/drugs-procedures- devices/over-the-counter/antidiarrheal-medicines- otc-relief- for-diarrhea.html.

Anti-Diarrhea. http://www.webmd.com/drugs/2/drug-56333/anti- diarrhea-oral/details.

Antidiarrhoeal Medicines for Acute Diarrhoea. http://patient.info/health/antidiarrhoeal-medicines-for- acute-diarrhoea.

Anti-Diarrheal Drugs for Crohn’s Disease. http://www.healthline.com/health/crohns-disease/anti-diarrheal- drugs#1.

Smecta. http://www.mims.com/malaysia/drug/info/smecta/.

Nonprescription Medicines and Products – Antidiarrheals.
http://www.webmd.com/digestive-disorders/tc/nonprescription- medications-and-products-antidiarrheals.Antidiarrheal Medicines: OTC Relief for Diarrhea.
http://familydoctor.org/familydoctor/en/drugs-procedures- devices/over-the-counter/antidiarrheal-medicines- otc-relief- for-diarrhea.html.

Anti-Diarrhea. http://www.webmd.com/drugs/2/drug-56333/anti- diarrhea-oral/details.

Antidiarrhoeal Medicines for Acute Diarrhoea. http://patient.info/health/antidiarrhoeal-medicines-for- acute-diarrhoea.

Anti-Diarrheal Drugs for Crohn’s Disease. http://www.healthline.com/health/crohns-disease/anti-diarrheal- drugs#1.

Smecta. http://www.mims.com/malaysia/drug/info/smecta/.

Nonprescription Medicines and Products – Antidiarrheals.
http://www.webmd.com/digestive-disorders/tc/nonprescription- medications-and-products-antidiarrheals.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement