backup og meta

စိုင်းရာတစ်အာရုံကြော (sciatic nerve)


Dr. Sandy Kyaw မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုင်းရာတစ်အာရုံကြော (sciatic nerve)

    Sciatic Nerve ဟာ အကြီးဆုံး အာရုံကြောဖြစ်ပြီးတော့ ကျောရိုးမရဲ့ အဝေးဆုံးနေရာကနေ စတင်ဖြစ်ပေါ်လာပြီး ခြေထောက်တစ်လျှောက် တည်ရှိတဲ့ အာရုံကြော ဖြစ်ပါတယ်။ ကျောရိုးရှိသတ္တဝါ အများစုမှာ သူဟာ ကျောရိုးရဲ့ အာရုံကြော L4 ကနေ S4 မှာ ကျောရိုးမကို ထွက်သွားတဲ့ neuron တွေနဲ့ ဖွဲ့စည်းထားတဲ့ ရှုပ်ထွေးတဲ့ အရာတစ်ခုဖြစ်တဲ့ Sacral plexus ရဲ့ ကြီးမားတဲ့ အခွဲတစ်ခု ဖြစ်ပါတယ်။

    သူဟာ ခြေထောက် အစိတ်အပိုင်းအတော်များများကို ထောက်ပံ့ပေးပါတယ်။ ကျောရိုးရှိသတ္တဝါတွေရဲ့ အာရုံကြောကြီးတွေလိုမျိုးပဲ သူဟာ လုပ်ဆောင်ချက်တွေရောနေတဲ့ အာရုံကြောတစ်ခုဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူ့ကို sensory neurons ရော motor neurons ရော ရဲ့ axons တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

    Sciatic Nerve ဟာ ခြေထောက်ရဲ့ အဖျားတွေကို သွားတဲ့အလျောက် အလယ်မှာ အခွဲတွေ အများကြီး ဖြာထွက်သွားပါတယ်။ အချို့အခွဲတွေမှာ ခြေထောက်ရဲ့ ကြွက်သားတွေကို ထိန်းချုပ်ပေးတဲ့ motor and sensory neurons တွေ ပါဝင်ပါတယ်။ ဒါ့ပြင် ခြေထောက် အောက်ပိုင်းက အရေပြားနဲ့ ခြေထောက်အပေါ်ပိုင်းရဲ့ အနောက်ဘေးဘက်ခြမ်းကမျက်နှာပြင်မှာ ရှိတဲ့ sensory receptors တွေဟာ ဦးနှောက်ကို သတင်းအချက်အလက်တွေကို Sciatic Nerve ကတစ်ဆင့် ပို့ဆောင်ပေးပါတယ်။

    Sciatic Nerve ပျက်စီးတာ (သို့) ဆွတာဟာ လက္ခဏာ အတော်များများကို ဖြစ်ပေါ်စေပြီး ၎င်းတို့ထဲက အချို့ကတော့ ပြင်းထန်နိုင်ပါတယ်။ Sciatic Nerve ရောင်ရမ်းခြင်းကို Sciatica လို့ ခေါ်ပြီးတော့ ဒါဟာ ကျောရိုး အာရုံကြော L4 ကနေ S4 အထိကို တစ်ခု (သို့) တစ်ခုထက်ပိုပြီး ကြာရှည်စွာ ဆွခံရခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။

    များသောအားဖြင့်ကတော့ ကျောရိုးအာရုံကြော L4 ကနေ S4 ရဲ့ အရင်းတွေနဲ့ ဆက်စပ်နေတဲ့ intervertebral discs တွေ ထိခိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ဆေးထိုးတဲ့ အခါ Gluteal muscle ထဲထိုးရမယ့်အစား မှားထိုးမိခြင်းကတော့ သိသာတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် Sciatica ဟာ Sciatic Nerve တစ်လျှောက်လုံးဖြစ်တဲ့ တင်ပဆုံကနေ ခြေထောက်အနောက်ဘက်အထိ နာကျင်မှုနဲ့ လာတတ်ပါတယ်။

    Sciatic Nerve ကို ဖိအားသက်ရောက်ခြင်းဟာ နာကျင်မှုအပြင် အခြားအရာတွေကိုလည်း ဖြစ်စေပါသေးတယ်။ motor neurons တွေ ကောင်းကောင်း အလုပ်မလုပ်တော့တာကြောင့် ခြေထောက်အောက်ပိုင်းမှာ အားနည်းခြင်းတွေ ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့သူတွေမှာ Foot drop လို့ ခေါ်တဲ့ ခြေချင်းဝတ်နဲ့ ခြေဖဝါးတို့ကို မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုပဲ afferent fibres တွေကို ထိခိုက်မိခြင်းကြောင့်ထုံ၊ကျဉ်ခြင်း၊ အာရုံခံစားမှု များပြားခြင်းတွေ ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ Sciatica ဟာ ခြေထောက်အောက်ပိုင်း သုံးမရနိုင်အောင်တောင် ဖြစ်နိုင်ပါတယ်။

    Sciatic Nerve Neurons အမျိုးအစားများ

    အခြားအာရုံကြောတွေလိုမျိုးပဲ Sciatic Nerveဟာလည်း neurons ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ axons တွေပါဝင်ပါတယ်။ ဒီAxons တွေဟာ အရွယ်အစား ကွဲပြားမှုရှိပြီး <1 ကနေ 20 mm အထိ ရှိတတ်ပါတယ်။ ပို့ဆောင်နှုန်းဟာ ဒီ Axons တွေရဲ့ လုံးပတ်နဲ့ တိုက်ရိုက်အချိုးကျတာမို့ သူတို့ကလည်း 0.2 ကနေ150 msec အထိ ရှိတတ်ပါတယ်။

    Neruons တွေကို သူတို့ရဲ့ ရုပ်သွင် (သို့) လုပ်ငန်းဆောင်တာ ပေါ်မူတည်ပြီး ခွဲခြားထားပါတယ်။ ဒါပေမယ့် အာရုံကြောဆိုင်ရာ ကျွမ်းကျင်သူတွေက neurons တွေကို သူတို့ရဲ့ လုံးပတ်နဲ့ degree of myelination ပေါ် မူတည်ပြီး ခွဲခြားထားပါတယ်။ အမျိုးအစား A ကတော့ လုံးပတ်ကြီးပြီး ထူတဲ့ myelin sheets တွေဖြစ်ကာ ပို့ဆောင်နှုန်း မြန်ဆန်ပါတယ် (30-150 msec-1)။ ဒီ neurons တွေဟာ များသောအားဖြင့်motor neurons တွေ ဖြစ်ပြီးအရိုးကြွက်သားကို ထိန်းချုပ်ပါတယ်။

    အချို့ကတော့ sensory neurons တွေ ဖြစ်ပြီး ကြွက်သား၊ အဆစ်၊ အရေပြားတို့က အသိပေးချက်တွေကို ကျောရိုးမဆီကို ပို့ဆောင်ပေးပါတယ်။ အမျိုးအစား B အမျှင်တွေကတော့ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ myelin sheets တွေ ပါဝင်ပြီး ပို့ဆောင်နှုန်း 3-15 msec-1 ရှိတတ်ပါတယ်။ ဒီအမျှင်တွေဟာ ကိုယ်ခန္ဓါ အတွင်းပိုင်း အင်္ဂါတွေနဲ့ သွေးကြောတွေကို ပံ့ပိုးပေးပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပါတယ်။ အသေးဆုံး လုံးပတ်ရှိတဲ့ အမျှင်ကိုတော့ အမျိုးအစား C လို့ ခေါ်ပါတယ်။ သူ့မှာ myelin sheet မပါရှိပဲ ပို့ဆောင်နှုန်းလည်း နှေးကွေးပါတယ် (<2 msec-1). ဒီအမျှင် အမျိုးအစား အတော်များများဟာ sympathetic nervous system ရဲ့ efferent neurons တွေနဲ့ afferent pain neurons တွေ ဖြစ်ကြပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandy Kyaw မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement