backup og meta

Thyroidectomy For Goitre (လည်ပင်းကြီးရောဂါကို ကုသရန်အတွက် သိုင်းရွိုက်ဂလင်းကို ဖတ်ထုတ်ခြင်း)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိုင်းရွိုက်ဂလင်းဆိုတာ ဘာလဲ။

    သင့်လည်ပင်းမှာရှိပြီး ခန္ဓါကိုယ်ရဲ့ဇီဝကမ္မ ဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ သိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးနိုင်သောဂလင်းကို သိုင်းရွိုက်ဂလင်းလို့ ခေါ်ပါတယ်။ ဒီဂလင်း ကြီးလာတာကို လည်ပင်းကြီးတယ်လို့ခေါ်ပါတယ်။

    သိုင်းရွိုက်ဂလင်း ဖြတ်ထုတ်ခြင်းဟာ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိသလဲ။

    သိုင်းရွိုက်ဂလင်းဖယ်ထုတ်ခြင်းအားဖြင့် လည်ပင်းကြီးခြင်းကြောင့် အရုပ်ဆိုးနေတဲ့ အသွင်အပြင်ကိုပြောင်းလဲတိုးတက်စေပြီး ရောဂါနောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ အသက်ရှုရခက်ခြင်း၊ မျိုချရခက်ခြင်းအစရှိတာတွေကိုလည်း ကာကွယ်၊ ပျောက်ကင်းစေနိုင်ပါတယ်။

    သိုင်းရွိုက်ဂလင်းကို ဖြတ်ထုတ်လိုက်တာ ဘာအန္တရာယ်တွေများရှိနိုင်သလဲ။

    အဖုအလုံးအများကြီးပေါ်လာပြီး ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်အတိုင်းသာပြုလုပ်တဲ့ (euthyroidmultinodular goiters) လည်ပင်းကြီးရောဂါအများစုအတွက် ခွဲစိတ်ခြင်း ဒါမှမဟုတ် ဆေးသောက်ခြင်းတွေ ပြုလုပ်ဖို့မလိုပါဘူး။ အဖုအလုံးတစ်ခုချင်းစီရဲ့အရွယ်အစားကို မျက်ခြေမပြတ်သိရှိနေစေဖို့အတွက် သိုင်းရွိုက်ဂလင်းကို အာထရာဆောင်း မကြာခဏရိုက်ရပါမယ်။ အဖုအရွယ်အစား အလွန်ကြီးမားရင်တော့ လေပြွန်ကိုဖိပြီး ပိတ်ဆို့တာမျိုးရှိမရှိ သိနိုင်ဖို့နဲ့ သိုင်းရွိုက်ဂလင်းရဲ့ အရွယ်အစားကိုသိရှိနိုင်ဖို့အတွက် သံလိုက်ဓါတ်မှန် ဒါမှမဟုတ် ကွန်ပျူတာဓါတ်မှန် ရိုက်ရပါမယ်။

    အဖုအလုံးတွေ အများကြီးရှိပြီး ဟော်မုန်းတွေပုံမှန်ထက် အများကြီးပိုထုတ်ကာ ရောဂါအရမ်းကြွနေတဲ့ လည်ပင်းကြီးရောဂါ (Toxic multinodulargoitres) အတွက် သံသယရှိတဲ့အဖုကို အသားစယူစစ်ဆေးတာမျိုး ဒါမှမဟုတ် ခွဲစိတ်ဖြတ်တောက်ပစ်တာမျိုး ပြုလုပ်ရပါမယ်။ ဖြတ်ထုတ်ပြီးရင် ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကို ဆက်ပြီးသောက်ရမှာ ဖြစ်ပါတယ်။ ရောဂါကြွနေတာမျိုးမရှိပေမယ့် အောက်ဖော်ြ ပပါအချက်တွေရှိနေရင်လ ည်းခွဲစိတ်မှုခံယူရမှာပဲ ဖြစ်ပါတယ်။

    • ရောဂါလက္ခဏာတွေအရ ဒါမှမဟုတ် ဓါတ်မှန်တွေအရ ဘေးတစ်ဝိုက်က အင်္ဂါတွေကိုဖိနေတယ်လို့ယူဆရရင် (အထူးသဖြင့်လေပြွန်ကြီးကိုပေါ့)ခွဲစိတ်ရပါမယ်။

    • ရင်ညွန့်ရိုးအောက်အထိ ကြီးနေတယ်ဆိုရင် အသားစယူစစ်ဆေးဖို့ခဲယဉ်းသလို သံလိုက်ဓါတ်မှန် ဒါမှမဟုတ် ကွန်ပျူတာဓါတ်မှန်ခဏခဏမရိုက်ဘဲ ရောဂါလက္ခဏာတွေကို စောင့်ကြည့်အကဲခတ်ဖို့ကလည်း မဖြစ်နိုင်သလောက်ပဲမို့ ဒီလိုအခြေအနေနဲ့ ကြုံရင်ခွဲစိတ်ဖြတ်ထုတ်ရမှာပဲ ဖြစ်ပါတယ်။

    • လည်ပင်းက ဆက်ကြီးနေတုန်းပဲဆိုရင်လည်း ခွဲစိတ်သင့်ပါတယ်။

    • လူမြင်မကောင်းအောင် ကြီးနေတာ ဒါမှမဟုတ် အလှအပကို ထိခိုက်တဲ့အနေအထားမျိုးဆိုရင်လည်း ခွဲစိတ်သင့်ပါတယ်။

    ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။

    ခွဲစိတ်မှုပြုလုပ်တဲ့အခါ recurrent laryngeal nerve လို့ခေါ်တဲ့ အာရုံကြောကို ထိခိုက်မိတာမျိုး ဖြစ်နိုင်တဲ့အတွက် ခွဲစိတ်မှုမပြုခင် အသံကြိုးတွေကို ကြိုပြီးစစ်ဆေးထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်နေစဉ်တစ်လျှောက်လုံးမှာ လည်းအာရုံကြောထိခိုက်မှုရှိမရှိသိရအောင် တစ်ချိန်လုံးဂရုတစိုက်စောင့်ကြည့်နေရမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပိုရှုပ်ထွေးတဲ့ခွဲစိတ်မှုမျိုးတွေဖြစ်တဲ့ ဒုတိယအကြိမ်ထပ်ခွဲရတာမျိုး ဒါမှမဟုတ် အရမ်းကြီးတဲ့သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ရတာမျိုးပေါ့။

    ခွဲစိတ်မှုကို ဘယ်လိုပြုလုပ်မှာလဲ။

    မေ့ဆေးသုံးခွဲစိတ်လေ့ရှိပြီး ပုံမှန်အားဖြင့် မိနစ် ၉၀ကနေ နှစ်နာရီလောက်အထိ ကြာမြင့်တတ်ပါတယ်။ လည်ပင်းအရေပြားမှာရှိတဲ့ အရေးကြောင်းတစ်ခုအပေါ်က စတင်လှီးဖြတ်ခွဲစိတ်မှာဖြစ်ပြီး သိုင်းရွိုက်ဂလင်းရဲ့ အစိတ်အပိုင်းအများစု ဒါမှမဟုတ် ဂလင်းတခုလုံးကို ထုတ်ပစ်မှာပဲ ဖြစ်ပါတယ်။

    ခွဲစိတ်မှုပြီးရင် ဘာတွေလိုက်နာဆောင်ရွက်သင့်သလဲ။

    ခွဲစိတ်ပြီးတစ်ရက်နှစ်ရက်အတွင်းမှာ ဆေးရုံကဆင်းခွင့်ရပါမယ် ။ နှစ်ပတ်လောက်အနားယူပြီးတဲ့အခါ ပုံမှန်လုပ်နေကြလုပ်ငန်းဆောင်တာတွေ ပြန်လုပ်နိုင်မှာ ဖြစ်သလို လုပ်ငန်းခွင်လည်း ပြန်ဝင်နိုင်ပါပြီ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမယ်ဆိုရင်တော့သင့်ရဲ့ပုံမှန်လှုပ်ရှားသွားလာမှုတွေကို မြန်မြန်ဆန်ဆန် ပြန်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတွေမလုပ်ခင်မှာ သင့်ဆရာဝန်နဲ့အရင်တိုင်ပင်ရပါမယ်။ ဆရာဝန်နဲ့ပြန်ပြဖို့လိုတာ၊ ဆက်လက်ကုသဖို့လိုအပ်တာမျိုးရှိရင်သင့်ခွဲစိတ်ဆရာဝန်ကသင့်ကိုရက်ချိန်းပေးပါလိမ့်မယ်။ တကယ်လို့သင့်မှာမရှင်းလင်းတာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံမေးမြန်းနိုင်ပါတယ်။

    ခွဲစိတ်ပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။

    ဖြစ်နိုင်ချေရှိတဲ့နောက်ဆက်တွဲ ပြဿနာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • အသေးအဖွဲ ပြဿနာလေးတွေ (ဥပမာ – အရည်ကြည်လေးတွေ စုပုံလာတာမျိုး။ အရည်နည်းနည်းပဲဆိုရင် အလိုလိုပြန်ကောင်းသွားနိုင်ပေမယ့် များတယ်ဆိုရင်တော့ တစ်ကြိမ် ဒါမှမဟုတ်တစ်ကြိမ်ထက် ပိုပြီးစုပ်ထုတ်ဖို့လိုကောင်းလိုပါလိမ့်မယ်)

    • အမာရွတ်ကြီးထင်နေခြင်း

    • သွေးထွက်များခြင်း။ လေပြွန်ကြီးကို ဖိမိနိုင်တယ်။

    • Recurrent laryngeal nerve ကိုထိခိုက်မိခြင်း

    • ဒီအာရုံကြောဟာcricothyroid muscle လို့ခေါ်တဲ့ကြွက်သားတစ်ခုကလွဲပြီးအသံအိုးရဲ့ ကြွက်သားတွေအားလုံးကိုထောက်ပံ့တဲ့အာရုံကြော ဖြစ်ပါတယ်။

    • အသံကြိုးတစ်ဖက်ထဲကိုပဲထိခိုက်မိရင်ခွဲစိတ်ပြီးတဲ့အခါမှာအသံပြောင်းသွားတာ (အသံဩသွားတာ)မျိုး ဖြစ်နိုင်ပါတယ်။

    • ဒီလိုအသံပြောင်းတာဟာ ရုတ်တရက် ဖြစ်လာတတ်ပြီး ရက်အနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပုံမှန်ပြန်ဖြစ်လာမှာပါ။

    • သိုင်းရွိုက်ဂလင်းတစ်ခုလုံးကို ဖယ်ထုတ်လိုက်တဲ့ခွဲစိတ်မှုမျိုး ပြုလုပ်ရင်အသံကြိုးနှစ်ဖက်လုံးကို ထိခိုက်မိနိုင်ပါတယ်။

    • အသံကြိုးနှစ်ခုလုံးအလယ်နေရာလောက်မှာရှိနေပြီးလေဝင်ပေါက်ကိုအနည်းငယ်ပိတ်ဆို့နေတာမျိုး ဖြစ်လာနိုင်ပါတယ်။

    • ပါရာသိုင်းရွိုက်ဂလင်းကောင်းကောင်းအလုပ်မလုပ်တောခြင်း။ ဒီဂလင်းအလုပ်မလုပ်တော့တာကြောင့် သွေးတွင်းကယ်လ်စီယမ်ဓါတ်လျော့နည်းတဲ့အခြေအနေကိုတစ်သက်လုံးလည်းခံစားသွားရနိုင်ပေမယ့်အများအားဖြင့်ကတော့ ခဏတာပဲခံစားရလေ့ရှိပါတယ်။ သိုင်းရွိုက်ဂလင်းခွဲစိတ်ပြီးတဲ့အချိန်မှာ သွေးတွင်းကယ်လ်စီယမ်ဓါတ် ဘာလို့ ခဏတာလျော့နည်းသွားရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

    • သိုင်းရွိုက်မုန်တိုင်းလို့တင်စားခေါ်ဝေါ်ရလောက်အောင် သိုင်းရွိုက်ဂလင်းအလွန်အကျွံအလုပ်လုပ်တာဟာ ရှားပါးတဲ့နောက်ဆက်တွဲ ပြဿနာတစ်ခု ဖြစ်ပေမယ့် ဖြစ်ပြီဆိုရင်လည်းအသက်အန္တရာယ်အထိရှိနိုင်ပါတယ်။

    Superior laryngeal nerveအာရုံကြောကို ထိခိုက်မိခြင်း

    • ဒီအာရုံကြောကနေ အပြင်ဖက်ခွဲထွက်သွားတဲ့ အာရုံကြောလေးဟာ cricothyroidြ ကွက်သားလှုပ်ရှားနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။

    • Superior laryngeal nerve ကိုထိခိုက်မိရင် အသံကြိုးကိုသက်ရောက်နိုင်တာကြောင့် စကားပြောတဲ့အခါ အသံစူးစူးရှရှ ဖြစ်စေပါတယ်။

    • Superior laryngeal nerve ကနေအပြင်ဖက်ခွဲထွက်သွားတဲ့ အာရုံကြောလေးဟာ သိုင်းရွိုက်ဂလင်းခွဲစိတ်မှုလုပ်တဲ့အခါ မတော်တဆအထိခိုက်ခံရဆုံးအာရုံကြောပဲ ဖြစ်ပါတယ်။

    • သာမန်လူတွေအတွက်မသိသာပေမယ့်အဆိုတော်လိုမျိုး အသံနဲ့အသက်မွေးဝမ်းကြောင်းပြုသူတွေအတွက်တော့ ဒါဟာအိပ်မက်ဆိုး ဖြစ်ပါတယ်။ အဆိုတော်ဘဝပါ အဆုံးသတ်သွားနိုင်ပါတယ်။

    • ပိုးဝင်ခြင်း။ ခွဲစိတ်မှုအားလုံးရဲ့၁-၂ရာခိုင်နှုန်းလောက်မှာ ပိုးဝင်တဲ့နောက်ဆက်တွဲ ပြဿနာ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ဂလင်းခွဲစိတ်မှုမတိုင်ခင်မှာကြိုပြီး ပိုးသတ်ဆေးတွေကိုပေးလေ့မရှိပါဘူး။

    • သိုင်းရွိုက်ဂလင်းပုံမှန်လောက်အလုပ်မလုပ်နိုင်တော့တာမျိုး ဖြစ်လာနိုင်ပါတယ်။

    • sympathetic trunk လို့ခေါ်တဲ့အာရုံကြောအစုအဖွဲ့ကိုထိခိုက်တာမျိုးရှိနိုင်ပေမယ့် ဒါဟာရှားပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement