backup og meta

Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ) ကဘာလဲ။

Central serous chorioretinopathy ဆိုတာဟာ မျက်ကြည်လွှာအောက်မှာ အရည်တွေ စုဖွဲ့လာခြင်းပါ။ ဒါဟာ မြင်ကွင်းကို ထိခိုက်စေနိုင်ပါတယ်။ မျက်ကြည်လွှာရဲ့ အောက်အလွှာက စိမ့်ထွက်လာတဲ့ အရည်တွေကို choroid လို့ ခေါ်ပါတယ်။ မျက်လုံးမှာ retinal pigment epithelium (RPE)လို့ခေါ်တဲ့ အခြား ဆဲလ် အလွှာလည်း ရှိနေပါသေးတယ်။ မျက်ကြည်လွှာအောက်မှာ ဖြစ်လာတဲ့ ဒီပြဿနာလေးကပဲ အမြင်အာရုံကို ထိခိုက်စေတော့တာပါပဲ။

Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအဖြစ်များပြီး အထူးသဖြင့်တော့ သူတို့အသက် ၃၀ကနေ ၅၀ကြားထဲမှာ ပိုဖြစ်ကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တကယ်လို့ သင့်မှာ CSC ရှိနေခဲ့မယ်ဆိုရင် Central vision အဓိကမြင်ကွင်းကလည်း ပြောင်းလဲလာပါလိမ့်မယ်။ ဒီလိုပြောင်းလဲတာနဲ့အတူ သင်မြင်နေရတာဟာ ဝါးတားတား သို့မဟုတ် မှိန်မှိန်လေးသာ မြင်ရတော့မှာပါ။ သင့်ရဲ့ central vision မှာလည်း blind spot ဖြစ်လာပါလိမ့်မ်ယ။ CSC ဖြစ်နေတဲ့မျက်လုံးမှာ ဒီလိုမြင်ကွင်းပြောင်းလဲမှုမျိုးတွေ မျဉ်းဖြောင့်ကို ပုံမှန်အတိုင်းမမြင်ရမှုတွေဖြစ်လာပြီဆိုရင်လည်း သိသာပါတယ်။ အရာဝတ္ထုတွေကို ကြည့်တဲ့အခါ တကယ်ရှိနေတာထက် ပိုသေးသလိုလို ဒါမှမဟုတ် ရှိနေတဲ့ နေရာထက် ပိုဝေးတဲ့နေရာမှာ ရှိနေသလိုလို မြင်ရမှာပါ။ အဖြူရောင်အရာတွေကို ကြည့်တဲ့အခါ အညိုရောင်ပြွမ်းနေတာမျိုး ဒါမှမဟုတ် ခပ်ညစ်ညစ်အရောင်မျိုးကို တွေ့ရမှာပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိပြီး စောစောကုသမှုခံယူခြင်းဟာ အခြေအနေပိုဆိုးလာခြင်းနဲ့ အခြားသော အရေးပေါ်ပြဿနာတွေကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီလိုပြင်းထန်တဲ့ အခြေအနေတွေ ဖြစ်မလာခင်မှာ အမြန်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ရခြင်းရဲ့ တိကျသေချာတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ corticosteroid ကို ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် သုံးစွဲခြင်း (သောက်ဆေး၊ လိမ်းဆေး၊ ရှူဆေး သို့မဟုတ် ထိုးဆေး ) ဟာ CSCR ကို ပိုဆိုးစေပါတယ်။ စတီးရွိုက်အသုံးပြုခြင်းဟာ ဒူးဆစ်ထဲထိုးထည့်သလို မျက်လုံးထဲတော့ မထည့်ကြပေမယ့်လည်း CSCR ဖြစ်ဖူးတဲ့သူတွေဟာ စတီးရွိုက်အသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဒီရောဂါဟာ လူငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါဟာ လူမျိုးပေါ်မူတည်ပြီးကွဲပြားသွားသလိုပါပဲ။ ဆိုလိုတာက Caucasians တွေ၊ Hispanics တွေနဲ့ အာရှသားတွေမှာ အများအပြားတွေ့ရနိုင်ပြီး အာဖရိကန်အမေရိကန်တွေမှာတော့ အတော်နည်းနည်းသာ တွေ့ရပါတယ်။ ပြင်းထန်တဲ့ CSC အမျိုးအစားကတော့ အာရှတောင်ပိုင်းနဲ့ လက်တင်မှဆင်းသက်လာတဲ့ မျိုးနွယ်တွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

CSC ဖြစ်နေတယ်လို့ ဆရာဝန်က သံသယဖြစ်ခဲ့မယ်ဆိုရင် သူက သင့်မျက်လုံးကိုဖြဲပြီး မျက်လုံးကျယ်စေတဲ့ မျက်စဉ်းကိုသုံးပြီး သင့်ရဲ့ မျက်ကြည်လွှာကို စစ်ဆေးပါလိမ့်မယ်။ သင့်ရဲ့ CSC ကို အမျိုးအစားခွဲဖို့အတွက်တော့ ဆရာဝန်က မျက်လုံးကို fluorescein angiography နဲ့ OCT (optical coherence tomography)သုံးပြီး ဓါတ်ပုံရိုက်ထားပါလိမ့်မယ်။

Fluorescein angiography အတွင်းမှာတော့ fluorescein dye ကို လက်မောင်းသွေးကြောထဲ ထိုးသွင်းရပါမယ်။ ဒီ dye ဟာ ခန္ဓါကိုယ်တစ်ခုလုံး မျက်လုံးအပါအဝင်ကို ပြန့်နှံ့သွားပါလိမမ့်မယ်။ dye က မျက်လုံးရဲ့ မျက်ကြည်လွှာသွေးကြောထဲ ဖြတ်သွားပြီးပြီဆိုရင်တော့ ဓါတ်ပုံရိုက်ရပါတယ်။ ပုံမှန်မဟုတ်တဲ့ဧရိယာတွေကိုတော့ dye က ညွှန်ပြပေးပြီး သင့်မှာ CSR ရှိနေသလားဆိုတာ ဆရာဝန်ကို ပြသနိုင်ပါလိမ့်မယ်။

OCT scanning ဆိုတာကတော့ မျက်ကြည်လွှာရဲ့ ကန့်လန့်ဖြတ် ဖြတ်ပိုင်းပုံကို ပုံဖော်ပေးနိုင်တဲ့ နည်းပညာတစ်ခုပါ။ ဒါဟာ မျက်ကြည်လွှာအထူကို တိုင်းတာနိုင်ပြီး မျက်ကြည်လွှာ ရောင်မရောင်ဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။

Central Serous Chorioretinopathy (Serous Chorioretinopathy ဆိုတာ ဘာလဲ) ကို ဘယ်လိုကုသပါသလဲ

CSCအခြေအနေအများစုကတော့ တစ်လ၊ နှစ်လအတွင်းမှာ ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ ဒီအချိန်အတွင်းမှာ မျက်လုံးထဲကအရည်တွေကို ပြန်စုပ်ယူသွားသလားဆိုတာအတွက် ဆရာဝန်က သင့်မျက်လုံးကို တောက်လျှောက်စောင့်ကြည့်နေမှာပါ။ တကယ်လို့ သင့်မှာ ပြင်းထန်တဲ့ အမြင်အာရုံဆုံးရှုံးခြင်းဖြစ်လာခဲ့မယ်ဆိုရင် ဒါမှမဟုတ် အရည်တွေ စိမ့်ထွက်မှုက ပြင်းထန်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် မပျောက်ကင်းသွားဘူးဆိုရင် အရည်တွေ စိမ့်ထွက်လာမှုကို တားဆီးဖို့နဲ့ အမြင်အာရုံပြန်ရဖို့အတွက် လေဆာကုသမှု ဒါမှမဟုတ် photodynamic ကုထုံးကို ခံယူရမှာပါ။ CSC ရှိနေတဲ့ လူအများစုဟာ ကုသမှုမခံယူဘဲ အမြင်အာရုံပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ အမြင်အာရုံကတော့ ဒီအခြေအနေတွေ မဖြစ်ခင်တုန်းကလို နဂိုအတိုင်း ကောင်းနေတော့မှာ မဟုတ်ပါဘူး။ CSC ဖြစ်ခဲ့ဖူးတဲ့ လူနာတစ်ဝက်လောက်ဟာ ပြန်ဖြစ်တတ်ကြပါတယ်။ ကာလကြာရှည် အရည်တွေစုဖွဲ့လာမှုဟာ အမြင်အာရုံ လုံးဝ ပျောက်ကွယ်သွားနိုင်စေတာမို့ ပုံမှန်ဆရာဝန်နဲ့ စစ်ဆေးမှုခံယူနေဖို့ အရေးကြီးပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Central Serous Chorioretinopathy ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

သင်စားသုံးသင့်တယ်လို့ အကြံပြုထားတဲ့ စားစရာတွေကို နေ့စဉ်စားသုံးတာနဲ့ ကျန်းမာရေးနဲ့ညီတဲ့ အာဟာရတွေကို ပြည့်အောင်ဖြည့်ဆည်းခြင်းဟာ CSC ဖြစ်လာနိုင်မယ့် အန္တရာယ်တွေကို ထပ်တိုးလာစေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အချို့သောစားစရာတွေ ဒါမှမဟုတ် ဆေးပင်တွေကို အများအပြားစားသုံးခြင်းဟာ CSC ဖြစ်လာနိုင်ချေများစေပြီး အထူးသဖြင့် သင့်မှာ သွေးမူမမှန်မှုပြဿနာရှိနေခဲ့ရင် ဒါမှမဟုတ် anticoagulant ဆေးတွေ သုံးစွဲနေရမယ်ဆိုရင်တော့ မှန်ကန်တဲ့ စားသောက်မှုပုံစံဖြစ်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Central serous chorioretinopathy. http://eyewiki.aao.org/Central_Serous_Chorioretinopathy#Symptoms. Accessed 12 Mar 2017.
Central serous chorioretinopathy. https://www.aao.org/eye-health/diseases/what-is-central-serous-retinopathy. Accessed 12 Mar 2017.
Central Serous Chorioretinopathy (CSCR). https://www.willseye.org/health-library/central-serous-chorioretinopathy-cscr. Accessed 12 Mar 2017.

ယခုပုံစံ

18/12/2019

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဝေးမှုန်စေနိုင်တဲ့ အရာများ

မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement