မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အတွင်းတိမ်ဆိုသည်မှာ မျက်စိအတွင်းရှိ မှန်ဘီလူး(Lens)ကို တိမ်ဖုံးစေသော မျက်စိရောဂါ တစ်မျိုးဖြစ်ပါတယ်။ အတွင်းတိမ်ဖြစ်နေသော သူသည် မြူနှင်းကျနေသော ပြတင်းပေါက်မှာ တစ်ဆင့် ကြည့်နေရသကဲ့သို့ ခံစားရတယ်။ အတွင်းတိမ် အများစုက တဖြည်းဖြည်း စဖြစ်လာပြီး အစပိုင်းအခြေ အနေတွင် ဒုက္ခမပေးပါ။ သို့သော် အချိန်ကြာလာတာနဲ့အမျှ အတွင်းတိမ်သည် မြင်ကွင်းကို နှောင့်ယှက်လာနိုင်ပါတယ်။ ကားမောင်း၊ စာဖတ်နဲ့ နေ့စဉ်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်လာ စေတယ်။
ဒီရောဂါဟာ အဖြစ်များပါတယ်။ များသာအားဖြင့် အသက်(၈၀)ကျော် အမျိုးသားရော၊ အမျိုးသမီးမှာပါ ဖြစ်တတ်တယ်။ ဖြစ်ပွားနိုင်ချေကို မြင့်စေသော အကြောင်းရင်းများကို ရှောင်ခြင်း ဖြင့် ရောဂါဖြစ်နိုင်ချေနှုန်းကို လျှော့ချနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အတွင်းတိမ်ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
အတွင်းတိမ်သည် မျက်လုံးတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံးတွင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မျက်လုံး တစ်ဖက်ကနေ အခြားတစ်ဖက်ကိုတော့ မကူးနိုင်ပါ။ လက္ခဏာအချို့ကို အောက်မှာဖော်ပြထားပါတယ်။
အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါသေး တယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါ အချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
လူတိုင်းရဲ့ခန္ဓါကိုယ် တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံး လဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အတွင်းတိမ် အများစု၏ ဖြစ်ပွားမှုအကြောင်းရင်းမှာ အသက်ကြီးလာခြင်း သို့မဟုတ် မျက်လုံးတစ်ရှူးများ ပြောင်းလဲမှုကိုဖြစ်သော ထိခိုက်ဒဏ်ရာရခြင်း တို့ကြောင့်ဖြစ်ပါတယ်။ အသက်ကြီးလို့ဖြစ်တဲ့ အတွင်းတိမ်(၂)မျိုး ရှိပါတယ်။
မျက်လုံးမှန်ဘီလူးသည် ရေ၊ ပရိုတင်းနဲ့ အများဆုံး ပြုလုပ်ထားတယ်။ အသက်အရွယ်နဲ့ လိုက်ပြီး မှန်ဘီလူးက ပိုမိုထူလာကာ ပျော့ပျောင်းမှု အားနည်းလာတယ်။ ထိုကနေ ပရိုတင်းအစုအဝေးဖြစ် လာပြီး မျက်လုံးအတွင်း နောက်ဖက်မှာရှိတဲ့ အလင်းအာရုံခံအလွှာ Retina ဆီကို အလင်းရောက်တာ ကိုကြားဝင်တားဆီးတယ်။ ဒါကြောင့် အမြင်အာရုံဝေဝါးပြီး မှုန်လာတယ်။
မှန်ဘီလူးအရောင်ပြောင်းခြင်းဟာ ဝါညိုရောင်ဖျော့ ကနေစပြီး တဖြည်းဖြည်းနဲ့ ပိုဆိုးလာမယ်။ နောက်ပိုင်း အပြာရောင် သို့မဟုတ် ခရမ်းရောင်ကို ခွဲခြားနိုင်စွမ်းမရှိတော့တဲ့အထိ ဖြစ်လာနိုင်ဖွယ် ရှိတယ်။
ဘယ်အရာတွေကအတွင်းတိမ်ဖြစ်ပွားနိုင်ချေကို မြင့်စေပါသလဲ။
အတွင်းတိမ် ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါအတည်ပြုနိုင်ဖို့ သင့်ဆရာဝန်က သင့်ရောဂါရာဇဝင်ကိုမေးပြီး မျက်စိစစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။ မျက်စိအထူးကုဆရာဝန်ဆီလွှဲပေးပြီး သူကအတွင်းတိမ် ဟုတ်၊ မဟုတ် သေချာအောင် စမ်းသပ်မှုများ ထပ်လုပ်ပါလိမ့်မယ်။
အမြင်အာရုံ မထိခိုက်လျှင် ဆေးကုစရာမလိုပါ။ သင့်အမြင်အာရုံ ဆိုးဝါးလာပြီး နေ့စဉ်လုပ်ငန်းများ မလုပ်နိုင်တော့လျှင် တစ်ခုတည်းသော ကုသနည်းမှာ ခွဲစိတ်မှုပင်ဖြစ်တယ်။
အတွင်းတိမ် ခွဲစိတ်မှုဟာ ယေဘူယျအားဖြင့် စိတ်ချရပြီး ဆေးရုံတက်စရာမလိုပါ။ ခွဲစိတ်နည်း (၂)မျိုးရှိပါတယ်။
ခွဲစိတ်နည်း(၂)မျိုးစလုံးတွင် သဘာဝမှန်ဘီလူးနေရာမှာ လူထုတ်လုပ်ထားသော မှန်ဘီလူး Artificial lens နဲ့ အစားထိုးပါတယ်။ ခွဲစိတ်မှုဟာ တစ်နာရီကြာမြင့်ပြီး နာကျင်မှုမရှိပါ။ ဆရာဝန်က မျက်စိကို ထုံသွားအောင် မျက်စဉ်းခတ်ပေးပါတယ်။ ခွဲစိတ်မှု တောက်လျှောက်မှာ သင်ဟာနိုးနေမှာဖြစ်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အတွင်းတိမ်ကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့အဖြေရှာဖွေနိုင်ဖို့ ဆရာဝန် နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။