• သွေးတိုးရောဂါ
• အဝလွန်ခြင်း
• ဆေးလိပ်သောက်ခြင်း
• မိသားစုဝင်များတွင် မျက်လုံးတိမ်စွဲဖူးခြင်း
• Corticosteroid ဆေးများကို ကြာရှည်စွာသောက်သုံးနေရခြင်း
• မျက်လုံးကိုအနာတရဖြစ်ဖူးခြင်း၊ ထိခိုက်ဖူးခြင်း
• မျက်လုံးခွဲစိတ်ဖူးခြင်း
• ဟော်မုန်းဆေးများသောက်နေရခြင်း
• အရက်ကိုလွန်ကျွံစွာသောက်ခြင်း
• မျက်လုံးမှန်ဘီလူးထဲတွင် ဓါတ်တိုးပြောင်းလဲမှုဖြစ်ပေါ်ခြင်း
ရောဂါလက္ခဏာများ
• အမြင်ဝါးလာခြင်း
• အရောင်များကိုယခင်လောက် လင်းထင်းစွာမမြင်ရတော့ခြင်း
• အလင်းရောင်၊ မီးအိမ်၊ နေအလင်းတန်းစသည်တို့ကိုမြင်လျှင် မျက်စိကြိမ်းခြင်း၊ မြင်ကွင်းထဲတွင် သက်တံ့ရောင်စုံများမြင်ရခြင်း
• ညဘက်တွင် မြင်ရရန်ခက်ခဲခြင်း၊ မည်သည်ကိုမျှမမြင်ခြင်း
• မျက်လုံးတဖက်ထဲတွင် ပုံရိပ်များမြင်ခြင်းနှင့် ပုံရိပ် ၁ ထပ်မြင်ခြင်း (၎င်းလက္ခဏာသည် အတွင်းတိမ်ဆိုးလာသည်နှင့် အမျှ မခံစားရတော့ပေ။)
• မျက်မှန်နှင့်မျက်ကပ်မှန် ပါဝါများ မကြာခဏလဲရခြင်း
အထက်ပါလက္ခဏာများသည် မျက်စိပြဿနာများဖြစ်သောကြောင့် ၎င်းတို့ကိုခံစားနေရပြီဆိုလျှင် မျက်စိဆရာဝန်နှင့် ပြကာ အတွင်းတိမ်ရှိမရှိ စစ်ဆေးသင့်သည်။ နောက်ဖြစ်လာမည့် ဆိုးကျိုးများကိုကာကွယ်ရန် ဆရာဝန်နှင့်အချိန်မီသွားပြဖို့ ဝန်မလေးပါနှင့်။
ကာကွယ်မှုများ
ဗီတာမင်နှင့် အာဟာဓါတ်ကြွယ်ဝသော အစာများနှင့် ဖြည့်စွက်စာများသည် အတွင်းတိမ်ဖြစ်နိုင်ချေကိုလျော့နည်းစေသည်။ အောက်ပါတို့ကိုစားသုံးပါ။
• Vitamin E : အစိမ်းရင့်ရောင် အရွက်များ၊ အစေ့အဆန်များ၊ ထောပတ်သီး၊ အခွံမာရေသတ္တဝါများ၊ ငါးများ၊ ကင်းမွန်။ ပန်းစိမ်း၊ အပင်များမှရသောအဆီများ၊ အသီးများ။
• Lutein and Zeaxanthin : ဥအမျိုးမျိုး၊ ကိုက်လန်၊ဟင်းနုနွယ် ၊မုနန်လာထုပ်၊ဂေါ်ဖီ ၊ဆလပ်ရွက် ၊ပန်းစိမ်းစသည့် အစိမ်းရောင်အရွက်များနှင့် ပဲအမျိုးမျိုး၊ ဘူးသီး၊ ပဲပင်ပေါက် ။
• Vitamin C and Omega 3 fatty acid : ပင်လယ်စာများနှင့် အသီးအနှံများ။
ကုသမှုများ
မျက်မှန်လဲခြင်း၊ အနီး အဝေးမြင်သော မျက်မှန်များတပ်ဆင်ခြင်း၊ ပုံရိပ်ကိုချဲ့ပေးသောမျက်မှန်များတပ်ဆင်ခြင်းနှင့် အခြားသောအမြင်အာရုံအထောက်အကူပြုပစ္စည်းများကအတွင်းတိမ်အတွင်များစွာအထောက်အကူဖြစ်ပါလိမ့်မည်။ သို့သော်သင့်နေ့စဉ်ဘဝကိုထိခိုက်လာပါက ခွဲစိတ်ကုသမှုခံယူသင့်သည်။
အချုပ်ဆိုရသော် ကျွနုပ်တို့သည် အသက်ကြီးလာသည်နှင့်အမျှ ကျန်းမာရေးပြသနာများနှင့် ပိုရင်ဆိုင်လာရမည်ဖြစ်သည်။ အထက်ပါအချက်များကို သိထားခြင်းဖြင့် သင့်တွင် မျက်လုံးတိမ်စွဲခြင်းကြောင့် အမြင်အာရုံကွယ်ပျောက်ခြင်းမဖြစ်ရလေအောင် ဂရုပြုနိုင်ပေလိမ့်မည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။