backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Oxytocin (အောက်ဆီတိုဇင်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Oxytocin (အောက်ဆီတိုဇင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Oxytocin သည် သားအိမ်ကို ညှစ်စေသော သဘာဝဟော်မုန်း တမျိုးဖြစ်သည်။ Oxytocinကို မီးဖွားရာတွင် သားအိမ်ညှစ်အားကောင်းစေရန် နှင့် မီးဖွားအပြီး သွေးလွန်ခြင်းကို ကာကွယ်ထိန်းချုပ်ရန် အသုံးပြုသည်။ သားလျှောချင်သလိုဖြစ်သည့် ကိုယ်ဝန်ဆောင်များတွင် သားအိမ်ညှစ်ခြင်းကို အားပေးရန်လည်း Oxytocinကို သုံးသည်။

အထက်ဖော်ပြပါ အချက်မျာအပြင် အခြားသော ရည်ရွယ်ချက်များဖြင့်လည်း Oxytocin ကို အသုံးပြုနိုင်သည်။

Oxytocin (အောက်ဆီတိုဇင်) ဘယ်လိုသောက်သုံးသင့်သလဲ

Oxycitocinကို အကြောသွင်းဆေးအဖြစ် သွေးပြန်ကြောထဲ ထိုးသွင်းရသည်။Oxytocin ထိုးခြင်းကို ဆေးရုံတွင်သာ ပြုလုပ်လေ့ရှိသည်။ သားအိမ်ညှစ်အားနှင့် အခြားသော အရေးကြီးသည့်အခြေအနေများ (နှလုံးခုန်နှုန်း၊သွေးပေါင်ချိန် စသည်)ကို Oxytocinဖြင့် ကုသနေချိန်တလျှောက်လုံး စောင့်ကြည့်နေရမည်ဖြစ်သည်။ ကလေးအပေါ် Oxytocin ၏ အာနိသင်သက်ရောက်မှုများကို သိရှိနိုင်စေရန် မီးဖွားစဉ်ကာလတွင်လည်း ကလေး၏ နှလုံးခုန်နှုန်းကို စက်အသုံးပြု၍ စောင့်ကြည့်နေရမည်။

Oxytocin (အောက်ဆီတိုဇင်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Oxytocin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Oxytocin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Oxytocin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Oxytocin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Oxytocin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Oxytocin (အောက်ဆီတိုဇင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ Oxytocin ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

—>ဓါတ်မတည့်ခြင်း

Oxytocin ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးငယ်များတွင် Oxytocin ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။

—>သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် Oxytocin ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Oxytocin (အောက်ဆီတိုဇင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

(ယေဘူယျအသိပေးချက်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Oxytocin (အောက်ဆီတိုဇင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Oxytocin သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-နှလုံးခုန်နှေးခြင်း၊မြန်ခြင်း၊မမှန်ခြင်း။

-ကလေးမွေးပြီး အချိန်အတော်ကြာသည်အထိ သွေးအလွန်အကျွံဆင်းနေခြင်း။

-ခေါင်းကိုက်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊စကားပီပီသသမပြောနိုင်ခြင်း၊ထင်ယောင်ထင်မှားများဖြစ်ခြင်း၊ပြင်းထန်စွာ အန်ခြင်း၊အလွန်အားနည်းခြင်း၊ကြွက်သားများ အလွန်နာကျင်ကိုက်ခဲခြင်း၊မတည်မငြိမ်ဖြစ်ခြင်း၊ခန္တာကိုယ် အစိတ်အပိုင်းများနှင့် ဦးနှောက် အာရုံကြောတို့အကြား စည်းချက်ညီညီအလုပ်လုပ်နိုင်စွမ်း ပျက်ယွင်းခြင်း၊တက်ခြင်း၊သတိလစ်ခြင်း၊အသက်ရှုဖြည်းညင်းခြင်း သို့မဟုတ် အသက်ရှုရပ်သွားခြင်း။

-သွေးပေါင်ချိန်အလွန်တက်ခြင်း (ဆိုးရွားစွာ ခေါင်းကိုက်ခြင်း၊အမြင်ဝါးခြင်း၊နားထဲတွင် ပုံမှန်မဟုတ်သော အသံများကြားနေခြင်း၊စိုးရိမ်ပူပန်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ရင်ဘတ်အောင့်ခြင်း၊အသက်ရှုကြပ်ခြင်း၊နှလုံးခုန်မမှန်ခြင်း၊တက်ခြင်း စသည့်လက္ခဏာများ ခံစားရမည်။)

သာမန်ဘေးထွက်လက္ခဏာများမှာ

-ပျို့အန်ခြင်း။

-နှာရည်ယိုခြင်း၊နှာခေါင်းတဝိုက်နာကျင်ခြင်း၊အနေရခက်ခြင်း။

-သတိမေ့တတ်ခြင်း။

-သားအိမ်ညှစ်အားပိုပြင်းထန်ခြင်း၊ညှစ်သည့် အကြိမ်ရေစိပ်ခြင်း (၎င်းတို့မှာ Oxytocin ထံမှ လိုချင်သော အာနိသင်များဖြစ်သည်)။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Oxytocin (အောက်ဆီတိုဇင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Oxytocin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Oxytocin (အောက်ဆီတိုဇင်) နဲ့ ဓါတ်ပြုနိုင်သလား

Oxytocin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Oxytocin (အောက်ဆီတိုဇင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Oxytocin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-သွေးနှင့်ပတ်သက်သော ပြဿနာများ (ဥပမာ။ ။ ဦးခေါင်းတွင်း သွေးယိုစီးမှု)

-သွေးတိုးရှိခြင်း ——> အခြေအနေကို ပိုဆိုးစေမည်။

-ခါးရိုးခွေ ကျဉ်းခြင်း။

-သားအိမ်ခေါင်းကင်ဆာရှိခြင်း။

-ကလေး အောက်ဆီဂျင်လုံလောက်စွာမရသဖြင့် လက္ခဏာများပြခြင်း။

-ကလေး၅ယောက်ထက် ပိုမွေးထားဖူးခြင်း။

-သားအိမ်ခေါင်း သို့မဟုတ် သားအိမ်တွင် ခွဲစိတ်မှုအကြီးစားလုပ်ဖူးခြင်း (ဥပမာ။ ။ ခွဲမွေးဖူးခြင်း)

-သားအိမ် အလွန်အကျွံ ဖောင်းကားခြင်း။

-ကလေး လမစေ့သေးခြင်း။

-သားအိမ်ညှစ်ရာတွင် ပြဿနာများ ရှိခြင်း (ဥပမာ ။ ။ သားအိမ်ပျော့ခြင်း၊သားအိမ်အလွန် ညှစ်ခြင်း)

-ကိုယ်ဝန်ဆိပ်တက်ခြင်း။

-ကလေးအနေအထားမမှန်ခြင်း (ဥပမာ။ ။ ကန့်လန့်ဖြစ်နေခြင်း)

-ခွဲမွေးရန်လိုအပ်သော အခြားအခြေအနေများ (ဥပမာ။ ။ ချက်ကြိုးကျွံခြင်း၊အချင်းရှေ့ရောက်ခြင်း၊အချင်းမှ သွေးယိုခြင်း သို့မဟုတ် အရေးပေါ်အနေအထား) ——> အဆိုပါ အခြေအနေများရှိလျှင် အသုံးမပြုသင့်ပါ။

-ကျောက်ကပ်ရောဂါများ ——> သတိဖြင့်အသုံးပြုပါ။ ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Oxytocin (အောက်ဆီတိုဇင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အခြေအနေအရ လိုအပ်၍ ပုံမှန်ထက်စောမွေးလိုသော အခြေအနေများအတွက်

ကနဦးဆေးပမာဏ —–>တနာရီလျှင် 0.5 – 1 milliunits ကို အကြောသွင်းဆေးအဖြစ် သွင်းပေးရမည်။ လိုအပ်သော သားအိမ်ညှစ်အား ရချိန်အထိ ဆေးပမာဏကို နာရီဝက် သို့မဟုတ် တနာရီခြား တခါ 1 – 2 milliunits စီတိုးပေးရမည်။

မွေးပြီးသွေးသွန်ခြင်းအတွက်

သွေးထွက်လွန်ခြင်းကို ထိန်းချုပ်ရန် ၁၀ – ၄၀ ယူနစ်ကို ၁၀၀၀စီစီနှင့်ရောပြီး သင့်လျော်သော နှုန်းဖြင့် သွင်းရမည်။ အချင်းထွက်ပြီးနောက် Oxytocin ၁၀ယူနစ်ကို အသားထိုးဆေးအဖြစ် ထိုးရမည်။

သားပျက်သားလျှောခြင်းအတွက်

သားပျက်သားလျှောခြင်းအမျိုးမျိုးအတွက် သားအိမ်ခြစ်ပြီးနောက် :၁၀ယူနစ်ကို ၅၀၀စီစီနှင့် ရောပြီး အကြောသွင်းဆေးအဖြစ်သွင်းပေးရမည်။ သားအိမ်ညှစ်ခြင်းကို အားပေးရန်အတွက် သင့်လျော်သော နှုန်းဖြင့် ပေးပါ။

ကိုယ်ဝန်အပတ်၂၀ဝန်းကျင်၌ ကိုယ်ဝန်ဖျက်ချခြင်းတွင် ရေမွှာအိတ်ထဲ ဆေးထိုးပြီးနောက် : တမိနစ်လျှင် 10 – 20 milliunits ပေးရမည်။ ရေဓါတ်အလွန်အကျွံများခြင်းကို ရှောင်ရှားနိုင်ရန် စုစုပေါင်းဆေးပမာဏသည် ၁၂နာရီအတွင်း ၃၀ယူနစ်ထက် မပိုရ။

ကလေးတွေအတွက် Oxytocin (အောက်ဆီတိုဇင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Oxytocin (အောက်ဆီတိုဇင်) ကိုဘယ်လိုရရှိနိုင်သလဲ

Oxytocin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

အကြောသွင်းဆေးရည် : 10unis/ml (1ml, 10ml, 30ml, 50ml)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement