အသုံးပြုပုံများ
Metamucil (မတ်တာမူစေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Psylliumသည် ဝမ်းနူးပေးသော အမျှင်ပါဝမ်းနုတ်ဆေးဖြစ်သည်။ Psylliumသည် အူအခေါင်းတွင်း၌ အရည်များကိုစွဲယူပေးပြီး ဝမ်းများကို နူးအောင်လုပ်ပေးခြင်းဖြင့် အလွယ်တကူ ဝမ်းသွားစေပါသည်။
Metamucil®ကို တစ်ခါတစ်ရံဝမ်းချုပ်ခြင်း၊ အူများပုံမှန်မဟုတ်ခြင်းတို့အားကုသရန် အသုံးပြု၏။ Psylliumကိုကိုလက်စ်ထရောနှင့်ပြည့်ဝဆီနည်းသော အစားအသောက်များနှင့်တွဲပါကကိုလက်စ်ထရောကျစေရန် ကူညီပေးနိုင်ပါသည်။
Metamucil®ကိုအထက်ပါစာရင်းတွင်မပါသောအခြေအနေများအတွက်လည်းသုံးကောင်းသုံးနိုင်ပါသည်။
Metamucil (မတ်တာမူစေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ
အညွှန်းတွင်ပါသည့်အတိုင်းသို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်းတိတိကျကျသုံးစွဲပါ။ သတ်မှတ်ထားသောပမာဏ၊ ရက်အပိုင်းအခြားထက် ကျော်လွန်ပြီးမသုံးပါနှင့်။
ဝမ်းနုတ်ဆေးများကို ခဏခဏသို့မဟုတ် ရေရှည်သုံးနေပါကအကျင့်ဖြစ်သွားတတ်ပါသည်။
Metamucil®ကိုရေတစ်ဖန်ခွက်အပြည့်နှင့်သောက်ပါ (အနည်းဆုံးရေ ၈ အောင်စ)။ Psylliumသည် ရေလုံလုံလောက်လောက်မသောက်ပါကလည်ချောင်းထဲ၌ ဖောင်းပွလာပြီးတစ်သွားတတ်ပါသည်။ အူလှုပ်ရှားမှု တိုးတက်စေရန် နေ့စဉ် အရည်များများသောက်ပေးပါ။
Psylliumကိုတစ်ကြိမ်လျှင် တစ်တောင့်သောက်ပါ။ တစ်ခါသောက်ရန်သတ်မှတ်ထားသောဆေးတောင့်အရေအတွက်ထက်ပိုပြီးမသောက်ပါနှင့်။
Psylliumအမှုန့်များကိုမသောက်ခင် ရေနှင့်အရင်ဖျော်ပါ။ အမှုန့်ခြောက်များကိုမသောက်ရ။ ရေသို့မဟုတ် သစ်သီးဖျော်ရည် ၈ အောင်စခန့်နှင့် အမှုန့်များကိုဖျော်ပါ။ မွှေပြီးချက်ချင်းသောက်ပါ။ ဆေးပမာဏအပြည့်ရစေရန် သောက်ပြီးခွက်ထဲကိုရေနည်းနည်းထည့်ကျင်းပြီးထပ်သောက်ပေးပါ။ Psyllium ဝေဖာဆိုပါက မျိုမချခင် အရင်ဝါးရပါမည်။
Psyllium က ပုံမှန်အားဖြင့် ၁၂-၇၂ နာရီအကြာတွင် အူလှုပ်ရှားမှုကိုစတင်ဖြစ်ပေါ်စေပါသည်။
သင့်လက္ခဏာများမသက်သာခင်အထိ ၃ ရက်ခန့် ကြာနိုင်ပါသည်။ ဆရာဝန်အကြံပြုချက်မပါပဲ Psylliumကို ၇ ရက်ထက်ကျော်ပြီးမသောက်ရပါ။ ဝမ်းနုတ်ဆေးအား ခဏခဏသုံးလွန်းခြင်း၊ အကြာကြီးသုံးခြင်းကအူဆိုင်ရာ ပြင်းထန်ပြဿနာများ ဖြစ်စေနိုင်ပါသည်။
လက္ခဏာများသက်သာမလာလျှင် သို့မဟုတ်Psylliumသုံးနေစဉ်ထိတိုင် ပိုဆိုးလာလျှင် ဆရာဝန်ကိုပြောပါ။
Psylliumမှာကုသမှုအစိတ်အပိုင်းတစ်ခုသာဖြစ်ပြီးအစားအသောက်၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန် ထိန်းချုပ်ခြင်းစသည်တို့နှင့်ပါတွဲရ၏။ ဆရာဝန်ညွှန်ကြားသည်များကိုသေချာလိုက်နာပေးပါ။
Metamucil (မတ်တာမူစေးလ်) ဘယ်လိုသိမ်းဆည်းရမလဲ
Metamucil® (psyllium)ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Metamucil® (psyllium)ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Metamucil® (psyllium)ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။
Metamucil® (psyllium)အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Metamucil (မတ်တာမူစေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
- ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသောက်သုံးရမည်ဖြစ်သည်။
- တခြားဆေးများကိုသောက်နေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
- Metamucil®တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
- တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
Psylliumဆေးကုန်များတွင် သကြား၊ ဆိုဒီယမ်နှင့် သကြားတုများပါတတ်ပါသည်။ သင့်တွင် ဆီးချို၊ သွေးတိုး၊ phenylketonuria (PKU) တို့ရှိပါက ထိုပါဝင်ပစ္စည်းများကို စိတ်ပူသင့်သည်။ သင့်တွင် အထက်ပါအခြေအနေများရှိနေသည်ဆိုပါကအညွှန်းစာကိုသေချာဖတ်ရှူ့ပါ။
ကိုယ်ဝန်ရှိလျှင် သို့မဟုတ် နို့တိုက်နေရလျှင် ဆေးကိုမသောက်ခင် ဆရာဝန်ကိုပြောပါ။ ကိုယ်ဝန်ဆောင်စဉ်၊ နို့တိုက်စဉ်တွင် ဆေးပမာဏအပြောင်းအလဲလုပ်ရနိုင်ပါသည်။
အသက် ၆ နှစ်အောက်ကလေးများတွင် ဆရာဝန်အကြံပြုချက်မရှိပဲ Psylliumကိုမပေးရပါ။
တခြားသောသောက်ဆေးများကိုPsylliumမသောက်ခင် ၂ နာရီသို့မဟုတ် သောက်ပြီး ၂ နာရီတွင်သာသောက်ရမည်။ ဝမ်းနူးဆေးများက တခြားဆေးများကိုစုပ်မရဖြစ်စေပြီး ၎င်းတို့၏အာနိသင်ကိုလျော့ကျစေပါသည်။
Psylliumအမှုန့်ကိုဖျော်နေစဉ် အနံ့ရှူခြင်းများမပြုလုပ်ရပါ။ Psylliumအမှုန်များကိုရှူခြင်းကဓါတ်မတည့်မှုဖြစ်စေနိုင်ပါသည်။
Psylliumကိုကိုလက်စ်ထရောချ ကုသမှုအဖြစ် သုံးမည်ဆိုပါကအဆီနှင့် ကိုလက်စ်ထရောများသည့် အစာများကိုရှောင်ရပါမည်။ ထိုသို့မစားပါကသင့်အတွက်ကုသမှုအစီအစဉ်မှာအကျိုးထူးမည်မဟုတ်ပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Metamucil (မတ်တာမူစေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Metamucil (မတ်တာမူစေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။
အောက်ပါတို့ဖြစ်လာပါကPsylliumသုံးခြင်းကိုရပ်ထားပြီး ဆရာဝန်နှင့်ချက်ချင်းပြသပါ။
- နင်ခြင်း၊ မျိုချရခက်ခြင်း
- ဗိုက်အလွန်နာခြင်း၊ အောင့်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
- ၇ ရက်ထက်ပိုပြီး ဝမ်းချုပ်နေခြင်း
- စအိုမှသွေးထွက်ခြင်း
- အရေပြားယားဖုထခြင်း
အဖြစ်များသောဘေးထွက်ဆိုးကျိုးများမှာ
- ဗိုက်ကယ်ခြင်း
- ဝမ်းအကျင့်များအနည်းငယ်ပြောင်းနေခြင်း
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Metamucil (မတ်တာမူစေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Metamucil® (psyllium)သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။
အစားအသောက်တွေနဲ့ အရက်က Metamucil (မတ်တာမူစေးလ်) နဲ့ ဓါတ်ပြုနိုင်သလား
Metamucil® (psyllium) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Metamucil (မတ်တာမူစေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Metamucil® (psyllium)သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။
ဤဆေးနှင့်ဓါတ်ပြုနိုင်သောကျန်းမာရေးအခြေအနေများမှာ
- ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
- မျိုချရခက်ခြင်း
- ၂ ပတ်ထက်ပိုပြီး ဝမ်းအကျင့်များရုတ်တရတ်ပြောင်းသွားခြင်း
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Metamucil (မတ်တာမူစေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဝမ်းချုပ်ခြင်းအတွက် ပုံမှန်ပမာဏ
နေ့စဉ်လိုအပ်သောအမျှင်ဓါတ်:
- အသက် ၁၉ မှ ၅၀ ထိ : အမျိုးသာ: တစ်ရက်လျှင် 38 g, အမျိုးသမီး: တစ်ရက်လျှင် 29 g
- ကိုယ်ဝန်ဆောင်: တစ်ရက်လျှင် 28 g
- နို့တိုက်မိခင်များ: တစ်ရက်လျှင် 29 g
ပမာဏ: ထမင်းစားဇွန်းဝိုင်းနှင့် 1-2 ဇွန်း၊ အထုပ်ဆိုလျှင် 1-2 ထုပ်၊ ဝေဖာဆိုလျှင် 1-2 ခု၊ ဆေးတောင့်ဆိုလျှင် ၅-၆ တောင့်ကိုရေ ၈ အောင်စနှင့် တစ်ရက်ကို ၁-၃ ကြိမ်အထိသောက်နိုင်ပါသည်။
Irritable Bowel Syndromeပုံမှန်ပမာဏ
အမျှင်ဓါတ်:
- အသက် ၁၉ မှ ၅၀ ထိ : အမျိုးသာ: တစ်ရက်လျှင် 38 g, အမျိုးသမီး: တစ်ရက်လျှင် 29 g
- ကိုယ်ဝန်ဆောင်: တစ်ရက်လျှင် 28 g
- နို့တိုက်မိခင်များ: တစ်ရက်လျှင် 29 g
ပမာဏ: ထမင်းစားဇွန်းဝိုင်းနှင့် 1-2 ဇွန်း၊ အထုပ်ဆိုလျှင် 1-2 ထုပ်၊ ဝေဖာဆိုလျှင် 1-2 ခု၊ ဆေးတောင့်ဆိုလျှင် ၅-၆ တောင့်ကိုရေ ၈ အောင်စနှင့် တစ်ရက်ကို ၁-၃ ကြိမ်အထိသောက်နိုင်ပါသည်။
ကလေးတွေအတွက် Metamucil (မတ်တာမူစေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဝမ်းချု့ပ်ခြင်းအတွက် ပုံမှန်ပမာဏ
နေ့စဉ်လိုအပ်သောအမျှင်ဓါတ်:
- ကလေးအသက် ၁-၃ နှစ်: တစ်ရက်လျှင် 19 g
- ကလေးအသက် ၄-၈ နှစ်: တစ်ရက်လျှင် 25 g
- ကလေးအသက် ၉-၁၃ နှစ် : အမျိုးသာ: တစ်ရက်လျှင် 31 g, အမျိုးသမီး: တစ်ရက်လျှင် 26 g
- ကလေးအသက် ၁၄-၁၈ နှစ်: အမျိုးသာ: တစ်ရက်လျှင် 38 g, အမျိုးသမီး: တစ်ရက်လျှင် 26 g
ဝမ်းချုပ်ခြင်းအတွက်:
- ကလေးအသက် ၆-၁၁ နှစ်: တစ်ရက်လျှင် 1.25 to 15 gကိုခွဲသောက်ရန်။
- ၁၂ နှစ်နှင့်အထက်: တစ်ရက်လျှင် 2.5 to 30 gကိုခွဲသောက်ရန်။
Metamucil (မတ်တာမူစေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ
Metamucil® (psyllium)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
- ဆေးတောင့်
- ဆေးရည်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Metamucil® (psyllium)ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]