backup og meta

Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်)

အသုံးပြုပုံများ

Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Aluminium Phosphate ကိုများသောအားဖြင့် အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာများဖြစ်ခြင်း၊ အစာရေမျိုပြွန် ကျွံခြင်း၊ စားချဉ့်ပြန်ခြင်း နှင့် ယင်း၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော အစာရေမျိုပြွန်ရောင်ခြင်း၊ ရင်ပူခြင်း နှင့် အစာအိမ်အက်ဆစ်ဓါတ်များခြင်းကြောင့် အစာမကြေခြင်းများကို ကုသရာတွင် အသုံးပြုပါသည်။

Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) ဘယ်လိုသောက်သုံးသင့်သလဲ

  • Aluminium Phosphate ကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးပါ။
  • ဆေးမသောက်မီ လှုပ်ပြီးသောက်ပါ။
  • ဆေးအသော်ကမီ ဆေးစာကို ဂရုတစိုက်ဖတ်ရှုပါ။
  • ဆေးစာပေါ်တွင် ရေးထားသည်များတွင် သင်နားမလည်သည်များရှိပါက ဆရာဝန်အားမေးမြန်းပါ။

Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Aluminium Phosphate ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Aluminium Phosphate ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Aluminium Phosphate ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Aluminium Phosphate ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Aluminium Phosphate ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • Aluminium Phosphate တွင်ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်လျှင်
  • အခြားသောဆေးများ၊ အစားအစာများ၊ ဆိုးဆေးများ ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်လျှင်
  • ကလေးငယ်များ
  • သက်ကြီးရွယ်အိုများ

Aluminium Phosphate နှင့် ဓါတ်မတည့်ခြင်း ဖြစ်နိုင်ချေရှိသောဆေးများ သုံးစွဲနေလျှင်(အောက်တွင် ဖော်ပြထားပါမည်။)

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးအားလုံးတွင် ဘေးထွက်ဆိုးကျိုးများရှိသော်လည်း လူအားလုံးသည် ထိုဆိုးကျိုးများကို ခံစားရချင်မှ ခံစားရမည်ဖြစ်သည်။ Aluminium Phosphate ကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများသည် တွေ့ရခဲပြီး ဖြစ်လာပါကလည်း ကုသရန်လိုလောက်သည်အထိပြင်းထန်လေ့မရှိပါ။

အချို့သောသော ဘေးထွက်ဆိုးကျိုးများမှာ

  • ဝမ်းချုပ်ခြင်း
  • ခံတွင်းပျက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း
  • ဝမ်းသွားလျှင် ကတ္တရာစေးရောင်ဖြစ်ခြင်း၊ ကော်ဖီရောင် အန်ခြင်း
  • စိတ်အာရုံရှုပ်ထွေးခြင်း၊ အိပ်လွန်းခြင်း
  • ဆီးသွားလျှင်နာခြင်း၊ ဗိုက်နာခြင်း
  • ဓါတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Aluminium Phosphate ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အထူးသဖြင့်သင်သည် digoxin, indomethacin, iron salt, isoniazide, chlodiazepoxide, naproxen, dicumarol, pseudoephedrine, diazepam, amphetamine, quinidine, aspirin စသည့်ဆေးများသောက်နေပါက ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဆေးရပ်ခြင်း၊ ဆေးပမာဏကို ပြောင်းလဲခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။

အစားအသောက်တွေနဲ့ အရက်က Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) နဲ့ ဓါတ်ပြုနိုင်သလား

Aluminium Phosphate က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Aluminium Phosphate ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။(ဥပမာ- ကျောက်ကပ်ရောဂါဖြစ်ခြင်း)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားသော ပမာဏမှာ Aluminium Phosphate ၁-၂ ထုပ်ကို တနေ့လျှင် ၂-၃ ကြိမ် ဖြစ်သည်။

ကလေးတွေအတွက် Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးငယ်များအတွက် Aluminium Phosphate နှင့် ပတ်သက်ပြီး တိကျစိတ်ချရသောဆေးပမာဏများကို ဖော်ပြထားခြင်းမရှိသည့်အတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီးမှသာ Aluminium Phosphate

ကို အသုံးပြု သင့်ပါသည်။

Aluminium Phosphate (အလူမီနီယမ် ဖော့စ်ဖိတ်) ကိုဘယ်လိုရရှိနိုင်သလဲ

Aluminium Phosphate ဂျယ်လီ တထုပ်လျှင် ၁၂% အားပါရှိသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Aluminium Phosphate ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Aluminium Phosphate. https://www.drugs.com/international/aluminium-phosphate.html. Accessed November14, 2016.
Aluminium Phosphate. https://www.drugs.com/otc/325014/gelfos.html. Accessed November14, 2016.
Aluminium Phosphate. http://www.webmd.com/drugs/2/drug-4135/aluminum-hydroxide-gel-oral/details. Accessed November14, 2016.
Aluminium Phosphate. http://www.dhgpharma.com.vn/en/digestive/stoccel-p-detail. Accessed November14, 2016

ယခုပုံစံ

19/12/2019

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement