brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Adona (အဒိုနာ)

အသုံးပြုပုံများ

Adona (အဒိုနာ) ကို ဘာအတွက်အသုံးပြုကြသလဲ

Adona® သည် သွေးတိတ်ဆေး တစ်မျိုးဖြစ်သည်။ ခွဲစိတ်မှုအတွင်း သွေးအလွန်ထွက်ခြင်းကို ကာကွယ်ရန်နှင့် လိပ်ခေါင်းရောဂါ ကုသရန် အသုံးပြုသည်။

Adona (အဒိုနာ) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးပုံစံအတွက် အောက်ပါတို့ ပြုလုပ်သင့်သည်။

  • ဆရာဝန် ညွှန်ကြားသည့်အတိုင်း AdonaÂŽ ကို ပါးစပ်မှသောက်ပါ။ ဆေး အချိုးအစား နှင့် သောက်သည့်အချိန်ကို ဂရုစိုက်ပါ။
  • AdonaÂŽ ကို မသုံးမီ တံဆိပ်ကို သေချာ ဖတ်ပါ။
  • သင် သေချာ နားမလည်သော အချက်အလက် များ တံဆိပ်တွင်ပါပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
  • Adona (အဒိုနာ) ဘယ်လိုသိမ်းဆည်းရမလဲ

    Adona® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Adona® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

    Adona® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

    ညွှန်ကြားထားခြင်းမရှိဘဲ Adona® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Adona (အဒိုနာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    Adona® အသုံးမပြုမီ သင့်တွင် အောက်ပါတို့ ရှိပါက ဆရာဝန်အား ပြောပါ။

    • AdonaÂŽ ပါသော အရာများကို ဓါတ်မတည့်ခြင်း
    • အခြားဆေးများ၊ အစားအစာများ၊ ဆိုးဆေးများ၊ တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း
    • အခြား ကျန်းမာရေး အခြေအနေများရှိခြင်း၊ AdonaÂŽ နှင့် ဓါတ်ပြုနိုင်သော ဆေးများ သုံးခြင်း

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Adona (အဒိုနာ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ်တွင် Adona® သုံးခြင်းသည် ဘေးကင်းသလား သေချာ မသိရှိပါ။ Adona® မသောက်မီ ဖြစ်ပေါ်နိုင်သော ကောင်းကျိုး နှင့် ဆိုးကျိုးကို ချိန်ညှိရန် ဆရာဝန် နှင့် အမြဲ တိုင်ပင်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Adona (အဒိုနာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    အခြားဆေးများ သောက်သကဲ့သို့ပင် adenoa သောက် ခြင်းသည် ဘေးထွက်ဆိုးကျိုး အချို့ကို ဖြစ်စေနိုင်သည်။ အများစုမှာ အဖြစ်နည်းပြီး ဖြည့်စွက် ကုသရန် မလိုပါ။ သို့သော်လည်း ဤဆေး မသောက်မီ ပြဿနာ တစ်ခုခု ရှိပါက ဆရာဝန်နှင့် တိုင်ပင်ရန် အရေးကြီးသည်။

    ဘေးထွက်ဆိုးကျိုးအချို့ကို အောက်တွင် ဖော်ပြထားသည်။

    • အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများ
    • အထိမခံနိုင်ခြင်း

    လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Adona (အဒိုနာ) နဲ့ ဓါတ်ပြုနိုင်သလဲ

    Adona® သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။

    ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

    အစားအသောက်တွေနဲ့ အရက်က Adona (အဒိုနာ) နဲ့ ဓါတ်ပြုနိုင်သလား

    Adona® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Adona (အဒိုနာ) နဲ့ ဓါတ်ပြုနိုင်သလဲ

    Adona® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Adona (အဒိုနာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အရွယ်ရောက်သူတစ်ယောက် အတွက် ထောက်ခံထား သော ပမာဏမှာ သွေးထိန်းဆေးအဖြစ် ၁၀-၃၀ မီလီဂရမ် တစ်နေ့ နှစ်ကြိမ်ဖြစ်သည်။

    Adona® ဆေး အချိုးအစားအတွက် ပိုမိုသိရှိရန် ဆရာဝန် နှင့် တိုင်ပင်ပါ။

    ကလေးတွေအတွက် Adona (အဒိုနာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

    Adona (အဒိုနာ) ကိုဘယ်လိုရရှိနိုင်သလဲ

    Adona® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။

    • ဆေးပြား ၁၀ မီလီဂရမ်၊ ၃၀ မီလီဂရမ်

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Adona® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Wai Yan Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/12/2019 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။