backup og meta

Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်))

အသုံးပြုပုံများ

Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) ကို ဘာအတွက်အသုံးပြုကြသလဲ

မေးခိုင်ရောဂါပိုးကို တိုက်ထုတ်နိုင်သည့် ခုခံအားစနစ် ခန္ဓါကိုယ်အတွင်း ထွက်ပေါ်လာစေရန်အတွက် Vaccine tetanus toxoid adsorbed ကို အများဆုံးအသုံးပြုကြပါသည်။

Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) ဘယ်လိုသောက်သုံးသင့်သလဲ

Vaccine tetanus toxoid adsorbed ကို ဆေးရုံ၊ဆေးခန်းတွေမှာ ထိုးနိုင်ပါတယ်။Vaccine tetanus toxoid adsorbed ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာနဲ့ ပတ်သက်ပြီး မရှင်းလင်းတာတွေ ရှိခဲ့ရင် သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) ဘယ်လိုသိမ်းဆည်းရမလဲ

Vaccine tetanus toxoid adsorbed ကို ဆရာဝန်များကသာ ကိုင်တွယ်သုံးစွဲ သိုလှောင်ထားရလေ့ ရှိပါသည်။ သင့်အနေဖြင့် Vaccine tetanus toxoid adsorbed ကို အိမ်တွင် အသုံးပြုမည် သို့မဟုတ် အိမ်တွင် သိမ်းဆည်းထားရမည်ဆိုလျှင် ဆရာဝန် ညွှန်ကြားလိုက်သည့်အတိုင်း အတိအကျ လိုက်နာရပါမည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။
  • အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။
  • ဆေးများ သို့မဟုတ် သဘာဝဆေးဖက်ဝင်အပင်မျာ၊အခြားအရာများနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။
  • tetanus toxoid adsorbed ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းများရှိလျှင် (မာကျူရီမှ ထုတ်လုပ်ထားပြီး ဆေးကို တာရှည်ခံအောင် ပြုလုပ်ပေးသော thimerosal သို့မဟုတ် latex ရာဘာလည်း ပါဝင်ပါသည်)။
  • သင့်အနေဖြင့် ဓါတ်ရောင်ခြည်ကုသမှု သို့မဟုတ် ကင်ဆာဆေးသွင်းကုသမှုများ ခံယူနေရလျှင်။
  • သွေးကျဲဆေးများ သောက်နေရလျှင်။

tetanus toxoid adsorbed ကို အသက်ခုနှစ်နှစ်အောက် ကလေးများတွင် သတိကြီးစွာထားပြီး သုံးစွဲရပါမည်။ အဆိုပါ အသက်အရွယ်အုပ်စုတွင် tetanus toxoid adsorbed ၏ အာနိသင်နှင့် စိတ်ချရမှုကို တိကျစွာ မသိရှိရသေးသောကြောင့် ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါဘေးထွက်ဆိုးကျိုးများမှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း ၎င်းတို့ကို ကာလကြာရှည်စွာ ဆက်လက်ခံစားနေရခြင်း သို့မဟုတ် နေရထိုင်ရ ကသိကအောင့်ဖြစ်ခြင်းတို့ ဖြစ်ပေါ်ခံစားလာရပါက ဆရာဝန်ကို အသိပေးရပါမည်။

  • ဆေးထိုးထားသော နေရာ၌ နီရဲနာကျင်ခြင်း သို့မဟုတ် ဖောင်းလာခြင်း။

အောက်ဖော်ပြပါ ပြင်းထန်ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာပါက အရေးပေါ်ဆေးကုသမှုကို ချက်ချင်းခံယူရပါမည်။

  • အနီစက်များ ထွက်ခြင်း။
  • အင်ပျဉ်များ ထွက်ခြင်း။
  • အသက်ရှုရခက်ခြင်း။
  • ရင်ကျပ်ခြင်း။
  • ပါးစပ်၊မျက်နှာ၊နှုတ်ခမ်း သို့မဟုတ် လျှာတို့ ဖောင်းကားလာခြင်း။
  • ချမ်းတုန်ဖျားခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) နဲ့ ဓါတ်ပြုနိုင်သလဲ

Vaccine tetanus toxoid adsorbed ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) နဲ့ ဓါတ်ပြုနိုင်သလား

Vaccine tetanus toxoid adsorbed က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) နဲ့ ဓါတ်ပြုနိုင်သလဲ

Vaccine tetanus toxoid adsorbed ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • အဖျားတက်ခြင်း။
  • ကူးစက်ရောဂါခံစားရခြင်း။
  • သွေးခဲခြင်းဆိုင်ရာ ပြဿနာများ ရှိခြင်း။
  • ကိုယ်ခံအားနည်းခြင်း။

အတက်ရောဂါ ဖြစ်ဖူးခြင်း စတဲ့အခြေအနေတွေမှာ ဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • အခြေခံကာကွယ်ဆေးအဖြစ်

သတ်မှတ်ထားသော ပမာဏမှာ ဝ.၅ စီစီကို အသားဆေးအဖြစ် ထိုးပေးရမည်ဖြစ်ပြီး ၄ပတ် – ၈ ပတ် အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးရမည်ဖြစ်ကာ နောက်ထပ် ၆လ – ၁၂ လ အကြာတွင် တတိယအကြိမ် ထိုးရမည်ဖြစ်ပါသည်။

Booster : နောက်ထပ်ဆယ်နှစ်အကြာတွင် ဝ.၅ စီစီကို အသားဆေးအဖြစ်ထိုးရမည်။

  • အခြားသော အသုံးပြုမှု ပုံစံများ

မေးခိုင်ရောဂါပိုးတမျိုးတည်းကို ကာကွယ်ရန်အတွက် အသုံးပြုနိုင်သည် (ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းအတွက် ဆုံဆို့၊ကြက်ညှာ၊မေးခိုင် သုံးမျိုးစပ် ကာကွယ်ဆေးကို ထိုးရမည်)။

  • သက်ကြီးရွယ်အိုများအတွက် အခြေခံကာကွယ်ဆေးအဖြစ်

သတ်မှတ်ထားသော ပမာဏမှာ ဝ.၅ စီစီကို အသားဆေးအဖြစ် ထိုးပေးရမည်ဖြစ်ပြီး ၄ပတ် – ၈ ပတ် အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးရမည်ဖြစ်ကာ နောက်ထပ် ၆လ – ၁၂ လ အကြာတွင် တတိယအကြိမ် ထိုးရမည်ဖြစ်ပါသည်။

Booster : နောက်ထပ်ဆယ်နှစ်အကြာတွင် ဝ.၅ စီစီကို အသားဆေးအဖြစ်ထိုးရမည်။

ကလေးတွေအတွက် Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • အခြေခံကာကွယ်ဆေးအဖြစ်

အသက် ၇နှစ်အောက်ကလေးများတွင် ကာကွယ်ဆေး၏ အာနိသင်ထိရောက်မှုနှင့် စိတ်ချရမှုတို့ကို သေချာစွာ သိရှိရခြင်း မရှိသေးပါ။

  • အသက် ၇နှစ်အထက် ကလေးများအတွက်
  • သတ်မှတ်ထားသော ပမာဏမှာ ဝ.၅ စီစီကို အသားဆေးအဖြစ် ထိုးပေးရမည်ဖြစ်ပြီး ၄ပတ် – ၈ ပတ် အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးရမည်ဖြစ်ကာ နောက်ထပ် ၆လ – ၁၂ လ အကြာတွင် တတိယအကြိမ် ထိုးရမည်ဖြစ်ပါသည်။
  • Booster : နောက်ထပ်ဆယ်နှစ်အကြာတွင် ဝ.၅ စီစီကို အသားဆေးအဖြစ်ထိုးရမည်။

ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းအတွက် ဆုံဆို့၊ကြက်ညှာ၊မေးခိုင် သုံးမျိုးစပ် ကာကွယ်ဆေးကို ထိုးရမည်။

Vaccine Tetanus Toxoid Adsorbed (မေးခိုင်ကာကွယ်ဆေး (ထိုးဆေးရည်)) ကိုဘယ်လိုရရှိနိုင်သလဲ

vaccine tetanus toxoid adsorbed ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ထိုးဆေး ဝ.၅ စီစီ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Vaccine tetanus toxoid adsorbed ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vaccine tetanus toxoid adsorbed. http://reference.medscape.com/drug/tetanus-
toxoid-adsorbed- or-fluid- 343170#0. Accessed December 21, 2016
Vaccine tetanus toxoid adsorbed. https://www.drugs.com/cdi/tetanus-toxoid-
adsorbed-vaccine.html. Accessed December 21, 2016
Vaccine tetanus toxoid adsorbed. http://store.mcguff.com/products/2064.aspx.
Accessed December 21, 2016.

ယခုပုံစံ

19/12/2019

Dr. Thiha Phyo Myint မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement