အသုံးပြုပုံများ
Triaminic ကို ဘာအတွက်အသုံးပြုကြသလဲ
Triaminic®ကိုအများဆုံးအသုံးပြုကြသည်မှာ
- နှာချေခြင်း၊ နှာခေါင်းလည်ချောင်းယားခြင်း
- နှာရည်ယိုခြင်း
- Hay Fever ကြောင့် မျက်လုံးယားခြင်း၊ မျက်ရည်ကျခြင်း
- နှာခေါင်းနှင့်လေအိတ်ခေါင်းများတွင် နှာရည်စုခြင်း
Triaminic ဘယ်လိုသောက်သုံးသင့်သလဲ
အချက်အလက်များသိရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Triaminic ဘယ်လိုသိမ်းဆည်းရမလဲ
Triaminic®ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Triaminic®ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Triaminic®ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။
Triaminic®အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Triaminic အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
- ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသုံးစွဲသုံးရမည်ဖြစ်သည်။
- တခြားဆေးများကိုသုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
- Triaminic®တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
- တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
monoamine oxidase inhibitor (MAOI) (စိတ်ကျခြင်း၊ စိတ်ရောဂါ၊ စိတ်အခြေအနေ၊ ပါကင်ဆွန်ရောဂါတို့တွင် သောက်ရသောဆေးများ) သောက်နေရသည့်ကလေးများတွင် မသုံးပါနှင့်။ MAOI ဆေးများရပ်ပြီးနောက် ၂ ပတ်အထိမသုံးပါနှင့်။ ကလေးဆေးညွှန်းတွင် MAOI များပါမပါမသေချာပါကဆေးကိုမသုံးခင် ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုမေးပါ။
ဤဆေးကိုသုံးစွဲသည့်အခါ
- သတ်မှတ်ပမာဏထက်မပိုရ
- အိပ်ငိုက်တတ်သည်
- အိပ်ဆေးများနှင့် စိတ်ငြိမ်ဆေးများကအိပ်ငိုက်ခြင်းကိုပိုဆိုးစေတတ်သည်။
- စိတ်လှုပ်ရှားခြင်းများဖြစ်တတ်သည်။ အထူးသဖြင့် ကလေးများ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Triaminic ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Triaminic ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အောက်ပါတို့ဖြစ်လာပါကဆေးကိုရပ်ပြီး ဆရာဝန်ကိုမေးပါ။
- စိတ်လှုပ်ရှားခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း
- ၇ ရက်အတွင်းလက္ခဏာများမသက်သာလျှင်၊ အဖျားပါတွဲလာလျှင်။ ၎င်းတို့က ပြင်းထန်သည့်အခြေအနေများ၏ လက္ခဏာများဖြစ်နေနိုင်ပါသည်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Triaminic နဲ့ ဓါတ်ပြုနိုင်သလဲ
Triaminic®သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။
ဤဆေးနှင့်ဓါတ်ပြုနိုင်သော ဆေးဝါးများမှာ
- အိပ်ဆေးများ
- စိတ်ငြိမ်ဆေးများ
အစားအသောက်တွေနဲ့ အရက်က Triaminic နဲ့ ဓါတ်ပြုနိုင်သလား
Triaminic® က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Triaminic နဲ့ ဓါတ်ပြုနိုင်သလဲ
Triaminic®သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။
ဤဆေးနှင့်ဓါတ်ပြုနိုင်သောကျန်းမာရေးအခြေအနေများမှာ
- နှလုံးရောဂါ
- သွေးတိုး
- သိုင်းရွိုက်ရောဂါ
- ဆီးချို
- ရေတိမ်
- နာတာရှည်လေပြွန်ရောင်ရမ်းခြင်းကဲ့သို့ အသက်ရှူခြင်းဆိုင်ရာပြဿနာ
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Triaminic ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
၄-၆ နာရီခြားတိုင်းတစ်ကြိမ်။ ၂၄ နာရီအတွင်း ၄ ကြိမ်မကျော်စေရ။ သို့မဟုတ် ဆရာဝန်ညွှန်သည့်အတိုင်းလိုက်နာပါ။
ကလေးတွေအတွက် Triaminic ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးအသက် ၆ – ၁၂ နှစ် : လက်ဖက်ရည်ဇွန်း ၂ ဇွန်း။
အသက် ၆ နှစ်အောက်: ဆရာဝန်ကိုမေးပါ။
Triaminic ကိုဘယ်လိုရရှိနိုင်သလဲ
Triaminic®ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
- ဆေးပြား
- ဆေးရည်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Triaminic®ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]