brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

Solarcaine Aloe Extra Burn Relief

အသုံးပြုပုံများ

Solarcaine Aloe Extra Burn Relief ကို ဘာအတွက်အသုံးပြုကြသလဲ

နေလောင်ခြင်း၊ပိုးကောင်ကိုက်ခြင်း၊poison ivy, poison oak နဲ့ poison sumac တို့ကဲ့သို့သောအဆိပ်ရှိအပင်တွေနဲ့ထိတွေ့မိခြင်း၊သာမန်ထိခိုက်ရှနာဒါဏ်ရာရခြင်း၊အကုတ်လွန်ပြီးလက်သည်းပူလောင်ခြင်း၊အပူလောင်ခြင်းအစရှိသောအရေပြားပြဿနာတွေကြောင့် ဖြစ်ပေါ်လာတတ်တဲ့နီရဲယားယံနာကျင်မှုတွေကိုသက်သာပျောက်ကင်းစေဖို့Solarcaine® Aloe Extra Burn Relief ကိုအများဆုံးအသုံးပြုကြပါတယ်။ လိပ်ခေါင်းကြောင့် ဖြစ်ပေါ်လာတဲ့စအိုဝယားယံနာကျင်၊မအီမသာဖြစ်ခြင်းတွေကိုကုသဖို့အတွက်လည်းLidocaineအရေပြားလိမ်းဆေးကိုအသုံးပြုနိုင်ပါတယ်။Lidocaineလိမ်းဆေးကိုအခြားရည်ရွယ်ချက်တွေနဲ့လည်းအသုံးပြုနိုင်ပါသေးတယ်။

Solarcaine Aloe Extra Burn Relief ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးညွှန်းမှာဖော်ပြထားတဲ့အတိုင်းဒါမှမဟုတ်ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းသုံးစွဲပါ။ သတ်မှတ်ထားတဲ့ပမာဏထက်ပိုမိုသုံးစွဲတာမျိုးလုံးဝမလုပ်ပါနဲ့။Lidocaineလိမ်းဆေးကိုလွဲမှားစွာအသုံးပြုမိရင်အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါတယ်။Lidocaineလိမ်းဆေးကိုဂျဲလ်၊စပရေးဖြန်းဆေး၊ခရင်မ်လိမ်းဆေး၊လိုးရှင်းလိမ်းဆေး၊အရည်ပုံစံ၊အရေပြားမှာကပ်တဲ့အပြားပုံစံစသဖြင့်ပုံစံမျိုးစုံနဲ့ရရှိနိုင်ပါတယ်။ ဒီဆေးကိုလုံးဝမသောက်ရပါဘူး။Lidocaineလိမ်းဆေးကိုအရေပြားပေါ်မှာသာအသုံးပြုရပါမယ်။ မျက်စိ၊နှာခေါင်း၊စအိုအတွင်းပိုင်း၊ယောနိအတွင်းပိုင်းစတဲ့နေရာတွေနဲ့ဆေးထိတွေ့မိရင်ရေနဲ့အမြန်ဆေးပစ်ရပါမယ်။

သင့်အရေပြားကိုထုံသွားစေဖို့ဒါမှမဟုတ်အနာသက်သာစေဖို့အတွက်အနည်းဆုံးလိုအပ်တဲ့ဆေးပမာဏကိုပဲသုံးစွဲရပါမယ်။ တကယ်လို့သင့်အနေနဲ့ဆေးပမာဏအများအပြားအသုံးပြုမယ်၊အရေပြားနေရာအနှံ့အပြားမှာအသုံးပြုမယ်ဒါမှမဟုတ်ဆေးလိမ်းထားတဲ့အရေပြားနေရာပေါ်မှာပတ်တီးစည်းတာ၊အပူတခုခုကပ်တာ၊ပလတ်စတစ်စကပ်တာမျိုးလုပ်မိမယ်ဆိုရင်သင့်ခန္ဓါကိုယ်ထဲကိုဆေးပမာဏအများအပြားစုပ်ယူရောက်ရှိသွားမှာပါ။ ထိခိုက်ရှနာဒါဏ်ရာရှိနေတဲ့အရေပြားဟာပုံမှန်ကောင်းမွန်တဲ့အရေပြားထက်ဆေးစုပ်ယူမှုပိုများပါတယ်။

ရောင်ရမ်းနေတဲ့အရေပြားနေရာတွေဒါမှမဟုတ်ဒါဏ်ရာနက်နက်ရထားတဲ့နေရာတွေကိုဒီဆေးမလိမ်းပါနဲ့။ အသားနီလန်နေတဲ့နေရာတွေ၊အပူလောင်/မီးလောင်ဒါဏ်ရာခပ်ပြင်းပြင်းရထားလို့အရည်ကြည်ဖု ဖြစ်နေတဲ့နေရာတွေ၊ပွန်းရှနေတဲ့နေရာတွေမှာဒီဆေးကိုအသုံးမပြုရပါဘူး။ ဆေးလိမ်းထားတဲ့နေရာကိုဆရာဝန်ညွှန်ကြားချက်တစုံတရာမရှိဘဲအုပ်ထား၊ကာထားခြင်းမပြုရပါဘူး။Lidocaineလိမ်းဆေးကိုလိမ်းတဲ့အခါလက်ချောင်းထိပ်လေးတွေနဲ့လိမ်းပေးနိုင်သလိုဂွမ်းစလေးနဲ့တို့ပြီးတော့လည်းလိမ်းနိုင်ပါတယ်။ အကယ်၍ဆေးညွှန်းပါလာရင်ဆေးညွှန်းကိုအသေအချာဖတ်ပြီးတိတိကျကျလိုက်နာပါ။ မရှင်းလင်းတာတွေရှိရင်ဆရာဝန်ကိုမေးမြန်းပါ။ အသုံးပြုပြီးသားဒါမှမဟုတ်အသုံးမပြုရသေးတဲ့ဆေးတွေကိုကလေးတွေ/အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဝေးတဲ့နေရာမှာထားပါ။ ဘာလို့လဲဆိုတော့lidocaineအရေပြားကပ်ခွာမှာပါဝင်တဲ့ဆေးပမာဏဟာ (မတော်တဆ မြိုချမိရင်၊စုပ်မိရင်) ကလေးတွေအတွက်ရောအိမ်မွေးတိရစ္ဆာန်လေးတွေအတွက်ပါအန္တရာယ်ရှိလို့ပါပဲ။ ဒါမျိုးဖြစ်လာခဲ့ရင်အရေးပေါ်ဆေးဝါးကုသမှုအမြန်ဆုံးခံယူရပါမယ်။

Solarcaine Aloe Extra Burn Relief ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။

Solarcaine® Aloe Extra Burn Relief ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Solarcaine® Aloe Extra Burn Relief ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ medication ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Solarcaine® Aloe Extra Burn Relief ကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။

Solarcaine® Aloe Extra Burn Relief ကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Solarcaine Aloe Extra Burn Relief အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ဖော်ပြပါအချက်တွေရှိနေရင်ဆေးမသုံးစွဲခင်ဆရာဝန်ကိုကြိုပြောပါ။

  • ကိုယ်ဝန်ရှိခြင်းသို့မဟုတ်မိခင်နို့တိုက်ကျွေးနေခြင်း။ ဘာလို့လဲဆိုတော့ကိုယ်ဝန်ရှိချိန်၊နို့တိုက်ချိန်တွေမှာဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကိုပဲသုံးစွဲသင့်တာကြောင့် ဖြစ်ပါတယ်။
  • အခြားသောဆေးဝါးတွေသုံးစွဲနေရခြင်း (ဆေးဝါးတွေဆိုရာမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)။
  • SolarcaineÂŽ Aloe Extra Burn Relief ရဲ့ပါဝင်ပစ္စည်းတွေဒါမှမဟုတ်အခြားသောဆေးဝါးတွေနဲ့ဓါတ်မတည့်ခြင်း။

အခြားသောနာမကျန်းမှုများ၊ရောဂါပြဿနာများရှိနေခြင်းစတာတွေပဲ ဖြစ်ကြပါတယ်။

နာကျင်မှုကိုထုံထိုင်းသွားစေတဲ့ဆေးတွေကိုသုံးစွဲတဲ့အခါဆရာဝန်ရဲ့ကြီးကြပ်ညွှန်ကြားမှုမရှိဘူးဆိုရင် (ဥပမာလေဆာအသုံးပြုပြီးအမွှေးအမျှင်တွေဖယ်ရှားခြင်း) ဆေးလွန်သွားနိုင်တဲ့အတွက်အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် mammography လို့ခေါ်တဲ့ရင်သားဓါတ်မှန်ရိုက်တဲ့အခါနာကျင်မှုကိုထုံထိုင်းသွားစေတဲ့ဆေးဝါးတွေကိုအသုံးပြုရင်လည်းဆေးလွန်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဆရာဝန်ပါဝင်ဆောင်ရွက်ခြင်းမရှိတဲ့အလှအပဆိုင်ရာကုသမှုတွေကိုဆောင်ရွက်တဲ့အခါသတိကြီးကြီးထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Solarcaine Aloe Extra Burn Relief ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Solarcaine Aloe Extra Burn Relief ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်ထခြင်း၊အသက်ရှုကျပ်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ၊လည်ချောင်းဖောရောင်လာခြင်းစတဲ့ဓါတ်မတည့်ခြင်းဆိုင်ရာလက္ခဏာတွေပေါ်ပေါက်လာရင်အရေးပေါ်ဆေးဝါးကုသမှုကိုချက်ချင်းခံယူရပါမယ်။

အောက်ဖော်ပြပါအခြေအနေတွေ ဖြစ်ပေါ်လာရင်ဆရာဝန်ကိုအမြန်ဆုံးအကြောင်းကြားပါ။

ဆေးလိမ်းထားတဲ့နေရာမှာ ပြင်းထန်စွာအပူလောင်လာခြင်း၊စူးပြီးနာလာခြင်း၊ယားယံလာခြင်း။

ဖောင်းကားနီရဲလာခြင်း။

ဆေးလိမ်းပြီးချိန်မှာအပြင်းအထန်ထိုင်းမှိုင်းငိုက်မျဉ်းလာခြင်း။

စိတ်ရှုပ်ထွေးခြင်း၊အမြင်အာရုံများဝေဝါးခြင်း၊နားထဲမှာအသံများကြားလာရခြင်း။

အပူအအေးထိတွေ့မှုပုံမှန်မဟုတ်ခြင်း။

ဖြစ်လေ့ရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

ဆေးလိမ်းတဲ့နေရာမှာအနည်းငယ်နီရဲယားယံခြင်း၊ကသိကအောင့်ဖြစ်ခြင်း။

ဆေးနဲ့မတော်တဆထိမိတဲ့နေရာတွေမှာထုံထုံကြီး ဖြစ်နေခြင်းစတာတွေပဲ ဖြစ်ပါတယ်။

ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Solarcaine Aloe Extra Burn Relief နဲ့ ဓါတ်ပြုနိုင်သလဲ

Solarcaine® Aloe Extra Burn Relief ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Solarcaine Aloe Extra Burn Relief နဲ့ ဓါတ်ပြုနိုင်သလား

Solarcaine® Aloe Extra Burn Relief ကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Solarcaine Aloe Extra Burn Relief နဲ့ ဓါတ်ပြုနိုင်သလဲ

Solarcaine® Aloe Extra Burn Relief ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။

ဆေးနဲ့အကျိုးသက်ရောက်ဓါတ်ပြုနိုင်တဲ့ကျန်းမာရေးအခြေအနေတွေကအောက်ပါအတိုင်း ဖြစ်ကြပါတယ်။

  • အသည်းရောဂါ။

နှလုံးစည်းချက်မမှန်ခြင်းအတွက်ဆေးသုံးစွဲနေရခြင်း။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Solarcaine Aloe Extra Burn Relief ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသေးစိတ်ထပ်မံသိရှိနိုင်ဖို့ဆရာဝန်ထံမေးမြန်းပါ။

ကလေးတွေအတွက် Solarcaine Aloe Extra Burn Relief ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက်သောက်သုံးရန်စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆိုအသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက်သင့်ရဲ့ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးပါ

Solarcaine Aloe Extra Burn Relief ကိုဘယ်လိုရရှိနိုင်သလဲ

Solarcaine® Aloe Extra Burn Relief ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

လိမ်းဆေး။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Solarcaine® Aloe Extra Burn Relief ကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thiha Phyo Myint မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။