backup og meta

Rigevidon (ရစ်အီဗီဒန်)

အသုံးပြုနည်း

Rigevidon (levonorgestrel, ethinyl estradiol) ကို မည့်သည့်အကြောင်းအရာများ အတွက် အသုံးပြုကြပါသလဲ။

Rigevidon ကို ပဋိသန္ဓေတားဆေး (ကိုယ်ဝန်တားဆေး သောက်ဆေး) အနေနှင့် အများဆုံး အသုံးပြုပါတယ်။

Rigevidon ကို အခြားသောအခြေအနေများမှာ လည်း အသုံးပြုနိုင်ပါတယ်။ ဆက်လက်သိရှိလိုသော အကြောင်းအရာများအတွက် သင့်ရဲ့ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် မေးမြန်းဆွေးနွေးပါ။

Rigevidon (levonorgestrel, ethinyl estradiol) ကို ဘယ်လိုသောက်သုံး သင့်ပါသလဲ။

  • ဆေးပြားများကို အမှုန့်ကြိတ်ခြင်း၊ ချိုးဖဲ့ခြင်း (သို့) ဝါးစားခြင်း မပြုလုပ်ပါနှင့်။
  • ရေ ၁ ခွက်အပြည့်ဖြင့် Rigevidon ကိုမျှောချပါ။

ဆေးအသုံးပြုပုံကို ဆက်လက်သိရှိလိုပါက သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်သူနဲ့ မေးမြန်းဆွေးနွေးပါ။

သိမ်းဆည်းနည်း

Rigevidon (levonorgestrel, ethinyl estradiol)ကို ဘယ်လိုသိုလှောင် သိမ်းဆည်းထား သင့်ပါသလဲ။

Rigevidon ကို တိုက်ရိုက်နေရောင်ခြည် မထိုးအောင် နဲ့စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင် သိမ်းဆည်းတဲ့နည်း ဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေ မဖြစ်အောင်လို့ Rigevidon ကို ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေ မပြုလုပ်ပါနှင့်။ Rigevidon ဆေးအမျိုးအစားနဲ့ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှု ပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေ အကုန်လုံးကို ကလေးတွေ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဝေးရာမှာ ထားပါ။

Rigevidon ကို အိမ်သာထဲပစ်ချတာနဲ့ ရေထွက်ပေါက်ကနေ ဆေးကို ပစ်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကို မလိုအပ်တော့တဲ့ အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့ အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာနဲ့ပတ်သက်လို့သင်ရဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Rigevidon (levonorgestrel, ethinyl estradiol)ကို မသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အောက်ဖော်ပြပါ အချက်အလက်များရှိရင် သင့်ရဲ့ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

  • ကိုယ်ဝန်ဆောင်ခြင်း (သို့) ကလေးနို့တိုက်ခြင်း

ကိုယ်ဝန်ဆောင်နေချိန် (သို့) ကလေးနို့တိုက်နေချိန် များတွင် ဆရာဝန်ညွှန်ကြားထားတဲ့ဆေးများကိုသာ သောက်သုံးသင့်ပါတယ်။

  • အခြားသောဆေးဝါးများ သုံးစွဲနေခြင်း

ဆရာဝန်ညွှန်ကြားချက်မရှိပဲ သောက်သုံးနေတဲ့ ဆေးဝါးများ ဥပမာ သဘာဝဆေးဖက်ဝင်ပစ္စည်းများနဲ့ ဖြည့်စွက်ဆေးဝါးများ အားလုံးပါဝင်ပါတယ်။

  • Rigevidon ၏ ပါဝင်ပစ္စည်းများ (သို့) အခြားသောဆေးဝါး များနှင့် ဓါတ်မတည့်ခြင်း
  • အခြားသော ရောဂါများ ရှိခြင်း တို့ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့ အချိန်မှာ သောက်သုံးဖို့စိတ်ချလို့ ရပါသလား။

ကိုယ်ဝန်ဆောင်ချိန်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန် အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ခြေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နှင့် အမြဲတိုင်ပင်ဆွေးနွေးပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် (X) ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကလေးနို့တိုက်ချိန်

ကလေးနို့တိုက်နေစဉ်မှာ Rigevidon ကို မသောက်သုံးသင့်ပါ။

ကိုယ်ဝန်ရှိနေရင် (သို့) ကလေးနို့တိုက်နေရင် Rigevidon ကို မသောက်သုံးခင် သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်သူနဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဘေးထွက်ဆိုးကျိုးများ

Rigevidon (levonorgestrel, ethinyl estradiol)က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလဲ။

Rigevidon ကြောင့် အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါတယ်။

  • ရာသီချိန်မဟုတ်ပဲ သွေးဆင်းခြင်း၊ အဖြူဆင်းခြင်း၊ မိန်းမကိုယ်အတွင်း ရောဂါပိုးများဝင်ခြင်း (ဥပမာ- Candidiasis မှိုပိုးဝင်ခြင်း)
  • သားအိမ်တစ်ရှူးများ သားအိမ်ပြင်ပရောက်သော ရောဂါ ပိုမိုဖြစ်စေခြင်း
  • ရင်သားနာကျင်ခြင်း
  • ပျို့တက်ခြင်း
  • အန်ခြင်း
  • သည်းခြေအိတ်ကျောက်တည်ခြင်း
  • အသားဝါခြင်း
  • အသည်းရောင်ခြင်း
  • သွေးခဲခြင်း
  • မျက်နှာအရောင်ပြောင်းခြင်း
  • Erythema nodosum ခေါ် အနီရောင် နာကျင်သောအဖုများ ပေါ်လာခြင်း
  • အနီကွက်ထွက်ခြင်း
  • မူးဝေခြင်း (သို့) ခေါင်းကိုက်ခြင်း
  • စိတ်အပြောင်းအလဲမြန်ခြင်း
  • အလွန်အမင်း နှုံးချိနေခြင်း
  • ခန္ဓါကိုယ်တစ်ခုလုံး ရောင်ရမ်းခြင်း
  • သွေးတွင်း သကြားဓါတ် များလာခြင်း နှင့်
  • ရာဂစိတ် အပြောင်းအလဲဖြစ်ခြင်း တို့ဖြစ်တတ်ပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများက လူတိုင်းတွင် မဖြစ်ပါ။ တစ်ဦးနှင့် တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက သင်ရဲ့ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပါ။

ဆေးဝါးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Rigevidon (levonorgestrel, ethinyl estradiol)နဲ့ဓါတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

Rigevidon ဟာ သင်အခု လောလောဆယ်ဆယ် သောက်သုံးနေတဲ့ တခြားသောဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားပဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင် ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနဲ့။

Rigevidon နှင့် ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • အသည်းအင်ဇိုင်းများ၏ လုပ်ဆောင်ချက်ကို တိုးမြှင့်ပေးသော ဆေးများ
  • ပိုးသတ်ဆေးများ
  • Dihydroergotamine
  • စိတ်ငြိမ်ဆေး
  • Coumarin (သို့) indandione ပါသော သွေးကျဲဆေးများ
  • Tricyclic antidepressants (စိတ်ကျရောဂါသက်သာဆေး)
  • Maprotiline
  • ဆီးချိုကျဆေး သောက်ဆေးများ
  • အင်ဆူလင်
  • ကပ်ယူနိုင်စွမ်းအား မြှင့်တင်ထားသော ဆေးကုသမှုအတွက် အသုံးပြုသည့် မီးသွေးမှုန့် (Activated charcoal)
  • ဝမ်းပျော့ဆေးများ
  • Bromocriptine (နို့ခမ်းဆေး)
  • အသည်းကို အဆိပ်အတောက်ဖြစ်စေသော ဆေးများ ဖြစ်ပါတယ်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Rigevidon (levonorgestrel, ethinyl estradiol) နဲ့ဓါတ်ပြုနိုင်ပါသလား။

Rigevidon က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ မဖြစ်လာအောင် ဆေးမသောက်မီကတည်းက အစားအသောက် (သို့) အရက်သေစာနှင့် ဓါတ်ပြုနိုင်ချေ ရှိမရှိကို သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပါ။

ဘယ်လို ကျန်းမာရေးအခြေအနေတွေက Rigevidon (levonorgestrel, ethinyl estradiol)နဲ့ သက်ရောက်ဓါတ်ပြုမှုတွေ ရှိသလဲ။

Rigevidonဟာ သင့်ရဲ့နဂို ကျန်းမာရေး အခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လတ်တလောဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန်နဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့အရေးကြီးပါတယ်။ အထူးအားဖြင့်

  • နှလုံးမကောင်းခြင်း
  • ကျောက်ကပ်မကောင်းခြင်း
  • အဝလွန်ခြင်း
  • သည်းခြေကျောက်တည်ခြင်း
  • ပန်းနာရင်ကျပ်ရောဂါ
  • စိတ်ကျရောဂါ
  • အတက်ရောဂါ
  • ခေါင်းကိုက်ခြင်း
  • ပြင်းထန်စွာ သွေးကြောထုံးခြင်း
  • သွေးပြန်ကြောရောင်ရမ်းခြင်း
  • အာရုံကြောများကိုဖုံးအုပ်ထားသော အလွှာကိုပျက်စီးစေသော နာတာရှည်ရောဂါ (Sclerosis multiplex)
  • မျက်နှာ၊ခြေ၊လက် အလိုအလျောက် ဆတ်ခနဲ ဆတ်ခနဲ မူမမှန်လှုပ်ရှားမှု (Chorea minor)
  • ကြွက်တက်ခြင်း
  • သားအိမ်တွင်း အလုံးတည်ခြင်း
  • သားအိမ်တစ်ရှူးများသားအိမ်ပြင်ပရောက်ရောဂါ (သို့) ရင်သားဆိုင်ရာရောဂါများ
  • ငယ်စဉ်ကတည်းက သွေးခဲတတ်သောရောဂါ (သို့) သွေးနှင့် ပတ်သက်သော ရောဂါများ မိသားစုဝင်ထဲတွင် ဖြစ်ခြင်း
  • ကူးစက်ရောဂါကြောင့် အသည်းရောင်ခြင်း တို့ဖြစ်ပါတယ်။

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြုံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် ဖြစ်စေ အမြဲတိုင်ပင်ဆွေးနွေးပါ။

အရွယ်ရောက်ပြီးသူတွေမှာ Rigevidon (levonorgestrel, ethinyl estradiol)ကို သောက်သုံးရမယ့် အချိုးအစားက ဘယ်လောက်လဲ။

ရာသီသွေးစပေါ်သည့်နေ့မှစ၍ တစ်နေ့ကို ဆေးပြား တစ်ပြားစီ နေ့စဉ် (၂၁) ရက်တိုင်တိုင် သောက်သုံးပြီးနောက် (၇) ရက်တိုင်တိုင် ဆေးမသောက်ရပါ။

ကလေးငယ်တွေမှာ Rigevidon (levonorgestrel, ethinyl estradiol)ကို သောက်သုံးရမယ့် အချိုးအစားက ဘယ်လောက်လဲ။

ကလေးလူနာများအတွက် သောက်သုံးရမယ့် အချိုးအစားနှင့် ပတ်သက်ပြီး သက်သေအထောက်အထား မရှိပါ။ ထိုဆေးသည် သင့်ရဲ့ကလေးအတွက် အန္တရာယ် ရှိနိုင်ပါတယ်။ မသုံးစွဲခင်မှာ ဆေးရဲ့ ယုံကြည်စိတ်ချရမှုကို ကောင်းကောင်းနားလည်ထားဖို့အရေးကြီးပါတယ်။ ဆက်လက်သိရှိလိုသော အကြောင်းအရာများကို သင့်ရဲ့ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့

တိုင်ပင်ဆွေးနွေးပါ။

Rigevidon(levonorgestrel, ethinyl estradiol)ကို ဘယ်လိုပုံစံအချိုးအစားတွေနဲ့ ရရှိနိုင်သလဲ။

Rigevidon ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Levonorgestrel ၁၅၀ မိုက်ခရိုဂရမ် နှင့်Ethinyl estradiol ၃၀ မိုက်ခရိုဂရမ် ပါဝင်သော Rigevidon တံဆိပ်ပါဆေးပြားပုံစံ

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေမှာ နီးစပ်ရာ အရေးပေါ်ဆေးရုံဆေးခန်းများတွင် သွားရောက်ပြီး ဆေးကုသမှုခံယူပါ။

အရေးပေါ်အခြေအနေမှာ သင်သောက်သုံးနေတဲ့ ဆရာဝန်ညွှန်ကြားထားသော၊ မညွှန်ကြားထားသော ဆေးအားလုံးရဲ့ စာရင်းကို သင့်နှင့်အတူ ယူဆောင်သွားဖို့ အရေးကြီးပါတယ်။

ဆေးသောက်ဖို့လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Rigevidon ကို သောက်သုံးဖို့လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်သုံးရမယ့် အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Rigevidon®. http://www.mims.com/malaysia/drug/info/Rigevidon. Accessed October 30, 2016.
Rigevidon®. https://www.drugs.com/uk/pdf/leaflet/839606.pdf. Accessed October 30, 2016.

ယခုပုံစံ

12/05/2020

Dr. Sandar Lin မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement