အသုံးပြုပုံများ
Propecia ကို ဘာအတွက်အသုံးပြုကြသလဲ
Propeciaဟာခန္ဓါကိုယ်ထဲမှာရှိတဲ့testosteroneဟော်မုန်းကနေdihydrotestosteroneဟော်မုန်းအဖြစ်ပြောင်းသွားခြင်းကိုတားမြစ်ပေးပါတယ်။
Propeciaကိုအမျိုးသားတွေမှာငယ်ထိပ်နဲ့ဦးရေပြားအလယ်ပိုင်းတွင်ဆံပင်များကျွတ်ခြင်းကိုကုသဖို့အတွက်သုံးပါတယ်။ အမျိုးသားတွေပုံစံဆံပင်ကျွတ်ခြင်းဆိုတာအမျိုးသားတွေမှာဦးရေပြားကဆံပင်တွေပါးလာတာကိုခေါ်တာဖြစ်ပါတယ်။ အဲအတွက်ကြောင့်နောက်ပိုင်းမှာငယ်ထိပ်ပြောင်ခြင်းအခြေအနေကိုရနိုင်ပါတယ်။
Propeciaကိုအမျိုးသားတွေအတွက်ပဲသုံးပါတယ်။ အမျုးသမီးတွေနဲ့ကလေးတွေအတွက်မသုံးသင့်ပါ။
Propecia ဘယ်လိုသောက်သုံးသင့်သလဲ
Propeciaကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိတိကျကျသောက်ပါ။ ညွှန်ကြားထားသည်ထက်ပိုသောက်ခြင်း၊လျှော့သောက်ခြင်းတွေမပြုလုပ်ပါနဲ့။ ဆေးညွှန်းမှာပါတဲ့ညွှန်ကြားချက်များကိုလိုက်နာပါ။
ယခုဆေးကိုရေတစ်ဖန်ခွက်အပြည့်နဲ့သောက်ပါ။
Propeciaကိုအစာနဲ့သို့မဟုတ်အစာမရှိချိန်မှာပါသောက်လို့ရပါတယ်။ ဆေးကိုနေ့တိုင်းတူညီတဲ့အချိန်တစ်ခုမှာသောက်ပါ။
ဆေးရဲ့အကောင်းဆုံးအာနိသင်ကိုရရှိရန်ဆေးကိုပုံမှန်သောက်ဖို့အရေးကြီးပါတယ်။ သင့်အနေနဲ့ဆေးရဲ့အာနိသင်ကိုမရခင်ဆေးကိုသုံးလနဲ့အထက်နေ့တိုင်းသောက်ဖို့လိုပါတယ်။Propeciaဆေးကိုဆက်သောက်ပါကဆေးဟာကြာရှည်အလုပ်လုပ်နိုင်ပါတယ်။ ယခုဆေးဟာသင့်အတွက်၁၂လကြာတဲ့အထိအာနိသင်မပြပါကအခြားဆေးတွေကလည်းသင့်အတွက်အကျိုးရှိမှာမဟုတ်ပါဘူး။ သင်Propeciaဆေးကိုသုံးတာရပ်လိုက်ပါကဆေးရပ်လိုက်ပြီး၁၂လအတွင်းမှာသင့်ဆံပင်တွေပြန်ကျွတ်လာမှာဖြစ်ပါတယ်။ သင့်အနေနဲ့သင့်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
ယခုဆေးဟာသင့်အတွက်အကျိုးရှိပြီးဘေးထွက်ဆိုးကျိုးတွေမဖြစ်စေဘူးဆိုတာသေချာစေဖို့အတွက်သင့်သွေးကိုမကြာခဏစစ်ဖို့လိုအပ်ပါတယ်။ ဆရာဝန်အနေနဲ့ဆီးကျိတ်ကင်ဆာရှိမရှိကိုစစ်ဆေးဖို့အတွက်prostate specific antigen(PSA) ကိုစမ်းသပ်ပါလိမ့်မယ်။ သင့်ဆရာဝန်ဆီကိုပုံမှန်သွားပါ။
Propecia ဘယ်လိုသိမ်းဆည်းရမလဲ
Propeciaကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Propeciaဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။
Propeciaကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Propecia အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အကယ်၍သင့်မှာအောက်ဖော်ပြပါအခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင်ဆေးအသုံးမပြုခင်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန်သို့မဟုတ်ကလေးနို့တိုက်နေချိန်-အကယ်၍သင်ဟာကိုယ်ဝန်ဆောင်မိခင်သို့မဟုတ်ကလေးနို့တိုက်နေတဲ့မိခင်တစ်ဦးဖြစ်နေမယ်ဆိုရင်ဘယ်ဆေးကိုမဆိုဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။
အခြားဆေးဝါးများသောက်သုံးနေချိန်-တိုင်းရင်းဆေး၊အားဖြည့်ဆေးများအပါအဝင်သင်လက်ရှိသောက်သုံးနေတဲ့ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင်ပြောပြရမှာဖြစ်ပါတယ်။
Propeciaသို့မဟုတ်အခြားဆေးဝါးများတွင်ပါဝင်သည့်ပစ္စည်းတစ်မျိုးမျိုးနှင့်ဓါတ်မတည့်ခြင်း
ရောဂါဝေဒနာတစ်ခုခုခံစားနေရခြင်း
Propeciaကိုအမျိုးသမီးတွေနဲ့ကလေးတွေဘယ်တော့မှမသောက်သင့်ပါဘူး။Finasterideဆေးဟာအရေပြားကတစ်ဆင့်ခန္ဓါကိုယ်ထဲကိုစုပ်ယူခြင်းခံရနိုင်သောကြောင့်အမျိုးသမီးတွေနဲ့ကလေးတွေအနေနဲ့ဆေးကိုကိုင်တွယ်ဖို့ခွင့်မပြုသင့်ပါဘူး။
Propeciaဆေးဟာသင့်အတွက်ဘေးကင်းတယ်ဆိုတာသေချာစေရန်သင့်မှာအောက်ပါအခြေအနေတွေရလာပါပဆရာဝန်ကိုပြောပြပါ။
အသည်းရောဂါ၊အသည်းအင်ဇိုင်းစစ်ဆေးမှုများပုံမှန်မဟုတ်ခြင်း
ဆီးကျိတ်ကင်ဆာ
ဆီးအိတ်ကြွက်သားမူမမှန်ခြင်း
ဆီးပြွန်ကျဉ်းနေခြင်း
ဆီးမသွားနိုင်ခြင်း
ပုံစံတူတဲ့အခြားဆေးတစ်မျိုးဖြစ်တဲ့dutasteride(Avodart)နဲ့ဓါတ်မတည့်တဲ့အခြေအနေရှိဖူးခြင်း။
Propeciaဆေးကိုသုံးခြင်းဟာသင့်မှာဆီးကျိတ်ကင်ဆာရနိုင်ချေကိုမြင့်တက်စေနိုင်ပါတယ်။ သင့်ဆရာဝန်အနေနဲ့သင်finasterideဆေးကိုဘေးကင်းကင်းသုံးနိုင်ခြင်းအားတားဆီးမယ့်အခြားအခြေအနေတွေမရှိဘူးဆိုတာသေချာစေဖို့အတွက်စမ်းသပ်ချက်တွေပြုလုပ်ပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Propecia ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPropeciaကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Xလို့သတ်မှတ်ထားပါတယ်။
FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
- A=ဆိုးကျိုးရနိုင်ခြေမရှိပါ
- B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ
- C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်
- D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်
- X=ဆေးကိုမသုံးသင့်ပါ
- N=မသိပါ
ဘေးထွက်ဆိုးကျိုးများ
Propecia ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဆေးနဲ့ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့အောက်ပါလက္ခဏာတွေရရှိပါကအရေးပေါ်ဆေးကုသမှုခံယူပါ။ အရေပြားတွင်အနီကွက်များထွက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာနဲ့လည်ချောင်းများရောင်ခြင်း။ ရင်သားမှာအလုံးစမ်းမိခြင်း၊နာကျင်ခြင်း၊နို့သီးခေါင်းမှအရည်များထွက်ခြင်းနဲ့အခြားရင်သားပြောင်းလဲမှုတွေရှိပါကဆရာဝန်ချက်ချင်းခေါ်ပါ။ အဲဒီအရာတွေကအမျိုးသားရင်သားကင်ဆာရဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။
သိပ်ပြီးမပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေအနေနဲ့
ပန်းသေပန်းညှိုးဖြစ်ခြင်း၊လိင်မှုကိစ္စတွင်စိတ်မဝင်စားတော့ခြင်း၊လိင်မှုကိစ္စပြုလုပ်ရန်ခက်ခဲခြင်း
လိင်ကိစ္စပြီးမြောက်မှုပုံမမှန်ခြင်း
လက်များခြေထောက်များရောင်ခြင်း
ရင်သားများရောင်ခြင်း
မူးဝေခြင်း၊အားနည်းခြင်း
သေဆုံးတော့မည့်အတိုင်းခံစားရခြင်း
ခေါင်းကိုက်ခြင်း
နှာစေးခြင်း
အရေပြားတွင်အနီကွက်များထွက်ခြင်း
အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Propecia နဲ့ ဓါတ်ပြုနိုင်သလဲ
Propeciaကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
Adderall(amphetamine/dextroamphetamine)
Ambien(zolpidem)
AspirinLowStrength(aspirin)
Cialis(tadalafil)
Crestor(rosuvastatin)
Cymbalta(duloxetine)
FishOil(omega-3polyunsaturatedfattyacids)
Lexapro(escitalopram)
Lipitor(atorvastatin)
lisinopril
Nexium(esomeprazole)
omeprazole
Singulair(montelukast)
Synthroid(levothyroxine)
trazodone
Viagra(sildenafil)
VitaminD3(cholecalciferol)
Xanax(alprazolam)
Zoloft(sertraline)
Zyrtec(cetirizine)
အစားအသောက်တွေနဲ့ အရက်က Propecia နဲ့ ဓါတ်ပြုနိုင်သလား
Propeciaဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Propecia နဲ့ ဓါတ်ပြုနိုင်သလဲ
Propeciaဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Propecia ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ညွှန်ကြားထားတဲ့ဆေးပမာဏကတော့ဆေးပြားတစ်ပြား(တစ်မီလီဂရမ်)ကိုနေ့တိုင်းတစ်နေ့တစ်ကြိမ်သောက်ရန်ဖြစ်ပါတယ်။
ကလေးတွေအတွက် Propecia ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာတွေအတွက်ဆေးပမာဏသတ်မှတ်ထားခြင်းမရှိသေးပါ။ သင့်ကလေးအတွက်ဆေးဟာဘေးမကင်းနိုင်ပါဘူး။ ဆေးကိုမသုံးခင်ဆေးရဲ့ဘေးကင်းမှုကိုအပြည့်အဝနားလည်ထားဖို့အရေးကြီးပါတယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။
Propecia ကိုဘယ်လိုရရှိနိုင်သလဲ
Propeciaဆေးကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။
- တစ်မီလီဂရမ်သောက်ဆေးပြားပုံစံ
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Propeciaဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]