backup og meta

Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်)

အသုံးပြုပုံများကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များဘေးထွက်ဆိုးကျိုးများဆေးဓါတ်ပြုမှုများသောက်သုံးရန်အညွှန်း

အသုံးပြုပုံများ

Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Podophyllum resin သည် ကြွက်နို့ရောဂါကို ဖြစ်စေသည့် ဆဲလ်များကို သေစေသော ဆေးဖြစ်ပြီး လိင်အင်္ဂါတွင်ဖြစ်သော ကြွက်နို့ရောဂါအတွက်အများဆုံးအသုံးပြုကြသည်။

မှာ လည်ချောင်းနှင့် ခံတွင်းထဲတွင် ကူးစက်ရောဂါကို ဖြစ်စေသော ပိုးကောင်ငယ်များကို သေစေသည့် ပိုးသတ်ဆေးအနေနှင့် အသုံးပြုကြသည်။ အများအားဖြင့် Podophyllum resin ကို လည်ချောင်းနာခြင်းကို ကုသရန်သုံးပါသည်။

Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) ဘယ်လိုသောက်သုံးသင့်သလဲ

Podophyllum resin ကို အများအားဖြင့် ဆေရုံဆေးခန်းများတွင် ဆရာဝန် များက လိမ်းပေးကြပါသည်။ အကယ်၍ အိမ်မှာ လိမ်းမည်ဆိုလျှင် ဆရာဝန် ညွှန်ကြားချက်အတိုင်း အသုံးပြုရန် လိုအပ်ပါသည်။

ဆေးကို ရောဂါဖြစ်သော နေရာတွင်လိမ်းပါ။ ဆေးလိမ်းသည့်ပစ္စည်းကို အသုံးပြုခြင်းဖြင့် မလိုအပ်သောနေရာများကို ဆေးထိမိခြင်းမှ ရှောင်ကျဉ်နိုင်ပါသည်။ ကျန်းမာသော အရေပြားနှင့် မထိမိအောင် လိမ်းပါ။ ဆေးလိမ်းပြီးလျှင် အခြောက်ခံထားပါ။

အချိန်တစ်ခုကြာအောင်ထားပြီးလျှင် ခြောက်နေသော ဆေးနေရာကို အရက်ပြန် သို့မဟုတ် ဆပ်ပြာကို အသုံးပြုပြီး သင့်ဆရာဝန် ပြောသည့်အတိုင်း ဖယ်ရှားသန့်စင်ပေးပါ။

ဆေးအသုံးပြုမှုနှင့် ပတ်သက်ပြီး မရှင်းလင်းသည်များရှိလျှင် ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်ကို မေးမြန်းနိုင်ပါသည်။

Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Podophyllum resin ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Podophyllum resin ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Podophyllum resin

ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Podophyllum resin ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက်ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Podophyllum resin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • Podophyllum resin သည် လိမ်းဆေးသာဖြစ်ပါသည်။ ထို့ကြောင့်ဆေးကို မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်ထဲသို့ မဝင်ပါစေနှင့်။ ဝင်သွားလျှင် ရေအေးဖြင့် ချက်ချင်းဆေးထုတ်ပစ်ပါ။
  • ထိုဆေးကို သွေးထွက်နေသော ကြွက်နို့များ၊ အမွှေးများပေါက်နေသော ကြွက်နို့များ၊ မှဲ့များနှင့် မွေးရာပါအမှတ်များပေါ်တွင် မလိမ်းပါနှင့်။
  • ကြွက်နို့သည် ကုသမှုတစ်စုံတစ်ခုကို ခံယူရန် အစီအစဉ်ရှိပါလျှင်၊ သို့မဟုတ် ပတ်ပတ်လည်ရှိ အရေပြားတွင် အနာများဖြစ်နေလျှင် ထိုဆေးကို မလိမ်းရပါ။
  • ဆေးလိမ်းလျှင် နေရာအများကြီး သို့မဟုတ် ကြွက်နို့များအားလုံးကို တပြိုင်နက်တည်း မလိမ်းရပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ သင်ဆေးလိမ်းလိုက်သော နေရာတွင် ယားယံခြင်း၊ နီရဲခြင်းများဖြစ်လာပါက ဆရာဝန်နှင့် ပြသပါ။

အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့် ပြသရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • အရေပြား၊ လက်၊ ခြေထောက်တို့တွင် ထုံကျဉ်ခြင်း၊ မီးစနှင့် ထိုးသလို ပူခြင်း
  • ဝမ်းလျှောခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်း အဆက်မပြတ်နာနေခြင်း
  • သတိလစ်ခြင်း
  • ပျို့ခြင်း
  • ပြင်းထန်စွာဝမ်းချုပ်ခြင်း
  • သွေးခြေဥလွယ်ခြင်း၊ သွေးထွက်လွယ်ခြင်း
  • အန်ခြင်း တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Podophyllum resin ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့် စတီးရွိုက်အရောင်ကျဆေးများသည် Podophyllum resin ဆေး၏အားနိသင်ကို လျော့သွားစေပါသည်။

အစားအသောက်တွေနဲ့ အရက်က Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) နဲ့ ဓါတ်ပြုနိုင်သလား

Podophyllum resin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Podophyllum resin ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကြွက်နို့ဖြစ်သောနေရာကို သန့်စင်အောင် ဆေးကြောပါ။

ဆေးလိမ်းသည့်ပစ္စည်းကို အသုံးပြုခြင်းဖြင့် မလိုအပ်သောနေရာများကို ဆေးထိမိခြင်းမှ ရှောင်ကျဉ်နိုင်ပါသည်။ ဆေးလိမ်းပြီးလျှင် အခြောက်ခံထားပါ။ ပထမအကြိမ်လိမ်းပြီး ဆေးတည့်မတည့် မိနစ် ၃၀-၄၀ ခန့် စောင့်ကြည့်ပါ။

လူနာ၏ အနာအခြေအနေအပါ်မူတည်ပြီး ဒုတိယအကြိမ်လိမ်းပြီး ၁-၄ နာရီခန့်ထားပါ။

ကပ်လျက်ရှိသော ကျန်းမာသည့်အရေပြားများကို Patrolatum နှင့်ကာထားပါ။

အချိန်တစ်ခုကြာအောင်ထားပြီးလျှင် ခြောက်နေသော ဆေးနေရာကို အရက်ပြန် သို့မဟုတ် ဆပ်ပြာကို အသုံးပြုပြီး သင့်ဆရာဝန် ပြောသည့်အတိုင်း ဖယ်ရှားသန့်စင်ပေးပါ။

ကလေးတွေအတွက် Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကြွက်နို့ဖြစ်သောနေရာကို သန့်စင်အောင် ဆေးကြောပါ။

ဆေးလိမ်းသည့်ပစ္စည်းကို အသုံးပြုခြင်းဖြင့် မလိုအပ်သောနေရာများကို ဆေးထိမိခြင်းမှ ရှောင်ကျဉ်နိုင်ပါသည်။ ဆေးလိမ်းပြီးလျှင် အခြောက်ခံထားပါ။ ပထမအကြိမ်လိမ်းပြီး ဆေးတည့်မတည့် မိနစ် ၃၀-၄၀ ခန့် စောင့်ကြည့်ပါ။

လူနာ၏ အနာအခြေအနေအပါ်မူတည်ပြီး ဒုတိယအကြိမ်လိမ်းပြီး ၁-၄ နာရီခန့်ထားပါ။

ကပ်လျက်ရှိသော ကျန်းမာသည့်အရေပြားများကို Patrolatum နှင့်ကာထားပါ။

အချိန်တစ်ခုကြာအောင်ထားပြီးလျှင် ခြောက်နေသော ဆေးနေရာကို အရက်ပြန် သို့မဟုတ် ဆပ်ပြာကို အသုံးပြုပြီး သင့်ဆရာဝန် ပြောသည့်အတိုင်း ဖယ်ရှားသန့်စင်ပေးပါ။

Podophyllum Resin (ပိုဒိုဖိုက်လန် ရီစင်) ကိုဘယ်လိုရရှိနိုင်သလဲ

Podophyllum resin ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Podophyllum resin ၂၅% ဆေးရည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Podophyllum resin ကို လိမ်းဖို့ လွတ်သွားခဲ့ပါက ဆရာဝန်ထံချက်ချင်း အကြောင်းကြားပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Podophyllum resin (Rx). http://reference.medscape.com/drug/podophyllum-resin-343557. Accessed December 3rd, 2016
Podophyllum resin. https://www.drugs.com/cdi/podophyllum-resin.html. Accessed December 3rd, 2016.

ယခုပုံစံ

19/12/2019

Dr. K Zin Thwe မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/12/2019 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement