အသုံးပြုပုံများ
Mecomin (မက်ကိုမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ
Mecomin ကို အာရုံကြော ပျက်စီးမှု၊ အာရုံကြော ရောဂါ တွင် နာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ တရွရွ ခံစားရခြင်း၊ သွေးအား နည်းရောဂါ နှင့် အခြား အခြေအနေများအတွက် အသုံးပြုသည်။ Mecomin ကို ဆေးလမ်းညွှန်တွင် စာရင်းပြု မထားသော ရည်ရွယ်ချက်များ အတွက်လည်း သုံးနိုင်သည်။
Mecomin (မက်ကိုမင်း) ဘယ်လိုသောက်သုံးသင့်သလဲ
Mecomin ကို ညွှန်ကြားထားသည့်အတိုင်း တိကျစွာ သောက်ပါ။ ပါးစပ်မှ သောက်ပါ။ ဆေးစာတွင် ညွှန်ကြားထား သည်ထက် သို့မဟုတ် ဆရာဝန် အကြံပြုသည်ထက် ပိုများစွာ ပိုနည်းစွာ မသောက်ပါနှင့်။
Mecomin (မက်ကိုမင်း) ဘယ်လိုသိမ်းဆည်းရမလဲ
Mecomin ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Mecomin ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Mecomin တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Mecomin ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Mecomin (မက်ကိုမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။
- သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
- သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
- သင်သည် Mecomin သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
- သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mecomin (မက်ကိုမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးနို့တိုက်စဉ်တွင် Mecomin သုံးခြင်းသည် ဘေးကင်းသလားကို သေချာ မသိရှိပါ။ Mecomin မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။
ဘေးထွက်ဆိုးကျိုးများ
Mecomin (မက်ကိုမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဘေးထွက်ဆိုးကျိုးများမှာ
- အစာစားချင်စိတ် မရှိခြင်း
- မအီမသာ ဖြစ်ခြင်း
- အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း
- အဖုအပိမ့်များ
- ခေါင်းကိုက်ခြင်း
- ပူနွေးသလို ခံစားရခြင်း
- အသားဆေးထိုးသော နေရာတွင် ချွေးထွက်ခြင်း၊ နာကျင်ခြင်း/ မာကျောခြင်း
- Anaphylactoid reactions ( ထိုးဆေးတွင်)
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Mecomin (မက်ကိုမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ
Mecomin သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
အစားအသောက်တွေနဲ့ အရက်က Mecomin (မက်ကိုမင်း) နဲ့ ဓါတ်ပြုနိုင်သလား
Mecomin သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Mecomin (မက်ကိုမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ
Mecomin သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Mecomin (မက်ကိုမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
သောက်ဆေး – Peripheral neuropathies
တစ်နေ့လျှင် ၁၅၀၀ mcg ကို ၃ ကြိမ် ခွဲပေးသည်။
ထိုးဆေး – Peripheral neuropathies
နေ့စဉ် ၅၀၀ mcg. IM/IV တစ်ပတ်လျှင် သုံးကြိမ်
ထိုးဆေး – ဗီတာမင် ဘီ ၁၂ ချို့တဲ့သော Megaloblastic anemia
နေ့စဉ် ၅၀၀ mcg. IM/IV တစ်ပတ်လျှင် သုံးကြိမ်
ဆက်လက်ပေးသော ပမာဏ။ ကုသမှု ၂ လကြာပြီးနောက် ဆေးပမာဏကို ၅၀၀ mcg ၁-၃ လ တစ်ကြိမ် အထိ လျော့ချပါ။
ကလေးတွေအတွက် Mecomin (မက်ကိုမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Mecomin (မက်ကိုမင်း) ကိုဘယ်လိုရရှိနိုင်သလဲ
Mecomin ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။
- ဆေးပြား
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Mecomin သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]