backup og meta

Glucobay (ဂလူကိုဘေ)

အသုံးပြုပုံများ

Glucobay (ဂလူကိုဘေ) ကို ဘာအတွက်အသုံးပြုကြသလဲ

Glucobay® ဟာ glucosidase inhibitor တစ်မျိုးဖြစ်ပါတယ်။ သူ့ကို carbohydrate တွေကို glucose ပြောင်းပေးတဲ့ အင်ဇိုင်းကို နှေးကွေးစေပြီး ဆီးချို အမျိုးအစား ၂ ကို ကုသဖို့အတွက် အသုံးပြုပါတယ်။ ဒါဟာ အစာစားပြီးရင် သွေးအတွင်းသကြားဓါတ် အနည်းငယ်ကို မြင့်တက်စေပါတယ်။ သူ့ကို အစားအသောက်ထိန်းခြင်းနဲ့ လေ့ကျင့်ခန်း လုပ်ခြင်းတို့နဲ့အတူ အသုံးပြုပါတယ်။ ဆေးတစ်မျိုးတည်း (သို့) အခြားဆီးချိုဆေးတွေနဲ့ အတူ အသုံးပြုနိုင်ပါတယ်။

Glucobay® ကို ဆေးပညာ လမ်းညွှန်စာအုပ်များမှာ ဖေါ်ပြခြင်းမရှိတဲ့ အကြောင်းအရာများအတွက်လဲ အသုံးပြုခြင်း ရှိနိုင်ပါတယ်။

Glucobay (ဂလူကိုဘေ) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးပြားတွေကို ချေခြင်း၊ ချိုးခြင်း၊ ဝါးစားခြင်းတွေ မပြုလုပ်သင့်ပါဘူး။ ရေတစ်ခွက်နဲ့ မြိုချသင့်ပါတယ်။

Glucobay® ကို သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ ဆေးပမာဏကို အတိအကျသိရှိရန် ဆေးပေါ်ရှိ အညွှန်းကို သေချာ ဖတ်ရှုသင့်ပါတယ်။

Glucobay (ဂလူကိုဘေ) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Glucobay® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Glucobay® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Glucobay® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Glucobay® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

Glucobay® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Glucobay (ဂလူကိုဘေ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • ကိုယ်ဝန်ရှိနေရင် (သို့) ကလေးနို့တိုက်နေရင်။ ဘာလို့လဲဆိုတော့ ကလေးရှိနေရင် (သို့) နို့တိုက်နေရင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုသာ အသုံးပြုသင့်လို့ပဲ ဖြစ်ပါတယ်။
  • အခြားဆေးတွေ သောက်နေတယ်ဆိုရင်။ တိုင်းရင်းဆေးနဲ့ ဆရာဝန် ညွှန်ကြားချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သောက်နေတဲ့ ဆေးအကုန်ကို ဆိုလိုပါတယ်။
  • Glucobay ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်မှု ရှိရင်။
  • အခြား ရောဂါတွေ ရှိရင် (ဗိုက်ပြဿနာ၊ အသည်းပြဿနာ၊ ကျောက်ကပ်ပြသနာ)
  • အခြားဓါတ်မတည့်မှုတွေရှိရင် (အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေးနဲ့ တိရိစ္ဆာန်)

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Glucobay (ဂလူကိုဘေ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Glucobay (ဂလူကိုဘေ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

  • ဓါတ်မတည့်မှုလက္ခဏာတွေဖြစ်တဲ့ ယားယံခြင်း၊ အသက်ရှူကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း ယားယံခြင်း
  • အလွန်အကျွံ ယားခြင်း
  • ပြင်းထန်စွာ ဗိုက်နာခြင်း
  • အလွန် ဝမ်းချုပ်ခြင်း
  • ရေကဲ့သို့သော (သို့) သွေးပါသော ဝမ်းလျှောခြင်း
  • ပုံမှန်မဟုတ်သော သွေးထွက်ခြင်း
  • သွေးခြေဥလွယ်ခြင်း
  • အရေပြားအောက်မှာ အပြာရောင် (သို့) အနီရောင် အစက် များပေါ်ခြင်း
  • ဗိုက်အပေါ်ပိုင်းနာခြင်း၊ ပျို့ခြင်း၊ အစားအသောက် ပျက်ခြင်း
  • ဆီးအရောင်ရင့်ခြင်း (သို့) ဝမ်းမည်းမည်း သွားခြင်း
  • မျက်လုံး (သို့) အရေပြားဝါခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Glucobay (ဂလူကိုဘေ) နဲ့ ဓါတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Glucobay® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖေါ်ပြပါ ဆေးတွေနဲ့ ဓါတ်ပြုမှု ရှိနိုင်ပါတယ်။

  • ဆီးချိုနဲ့ သွေးအတွင်း သကြားဓါတ်ထိန်းဖို့ သုံးနေတဲ့ ဆေးတွေ
  • Digoxin (Lanoxin)
  • ဆီးဆေး
  • Estrogens
  • Isoniazid
  • သွေးတိုးကျဆေး၊ တုတ်ကွေးပျောက်ဆေး
  • အတက်ကြွလွန်ဂဏှာမငြိမ်ဖြစ်သောADHD (attention deficit hyperactivity disorder) ရောဂါကို ကုသသောဆေး
  • ကိုယ်ဝန်တားဆေး;
  • Phenytoin (Dilantin)
  • သိုင်းရွိုက်ရောဂါ ကုသသောဆေး
  • Niacin
  • နီကိုတင်း ပါဝင်သော ပီကေ (သို့) ကပ်ခွာ;
  • စတီးရွိုက်
  • ဗီတာမင်

အစားအသောက်တွေနဲ့ အရက်က Glucobay (ဂလူကိုဘေ) နဲ့ ဓါတ်ပြုနိုင်သလား

ယေဘူယျအသိပေးချက် – Glucobay® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Glucobay (ဂလူကိုဘေ) နဲ့ ဓါတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Glucobay® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

အထူးသဖြင့် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။

  • အူရောင်ခြင်း၊ အူပိတ်ခြင်း
  • အသည်းအဆီဖုံးခြင်း (သို့) အသည်းရောဂါ တစ်မျိုးမျိုး
  • အစာအိမ် (သို့) အစာခြေမှုဆိုင်ရာ ပြဿနာများ
  • သွေးအကြားဓါတ်များမှုကို မကုသရင် ဖြစ်တတ်တဲ့ ပြင်းထန်တဲ့ အခြေအနေတစ်ခု (ketoacidosis)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Glucobay (ဂလူကိုဘေ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆီးချို အမျိုးအစား ၂ အတွက်

  • စစချင်း 25 mg ၈ နာရီကြားတစ်ခါ.
  • အစာစားပြီးတစ်နာရီအကြာတွင် တိုင်း၍ရသော ဂလူးကိုစ့် ပမာဏ (သို့) glycosylated hemoglobin ပမာဏ နှင့် လူနာ ခံနိုင်ရည်အားပေါ်မူတည်ပြီး ဆေးပမာဏကို 50 (သို့) 100 mg ၈ နာရီခြားတစ်ခါ ၄ ပတ်-၈ပတ် intervals ဖြင့် ပေးသည်။

o ၆၀ ကီလိုအောက်: 50 mg ၈ နာရီကြားတစ်ခါ.

o ၆၀ ကီလိုအပေါ်: 100 mg ၈ နာရီကြားတစ်ခါ

ကလေးတွေအတွက် Glucobay (ဂလူကိုဘေ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Glucobay (ဂလူကိုဘေ) ကိုဘယ်လိုရရှိနိုင်သလဲ

Glucobay® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Glucobay® သောက်ဆေး 50mg.

• Glucobay® သောက်ဆေး 100mg.

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ယေဘူယျအသိပေးချက် – အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးအကုန်ကို အရေးပေါ်အခြေအနေတွေမှာ ပြသနိုင်ရန်အတွက် ချရေးထားသင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ယေဘူယျအသိပေးချက် – Glucobay® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Glucobay® (acarbose). http://reference.medscape.com/drug/precose-acarbose- 342701#0. Accessed October 30, 2016.
Glucobay® (acarbose). https://www.drugs.com/cdi/acarbose.html. Accessed October 30, 2016.Glucobay® (acarbose). http://reference.medscape.com/drug/precose-acarbose- 342701#0. Accessed October 30, 2016.
Glucobay® (acarbose). https://www.drugs.com/cdi/acarbose.html. Accessed October 30, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement