backup og meta

A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး)

အသုံးပြုပုံများ

A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) ကို ဘာအတွက်အသုံးပြုကြသလဲ

ကော်တီကွိုက်ဖြစ်ပြီး အောက်ပါအမျိုးမျိုးသောအရေပြားရောင်ရမ်းခြင်းတွေအတွက် သုံးနိုင်ပါတယ်။

  • နှင်းခူရောဂါ- အရေပြားထိပ်များ၊ ကလေးသူငယ်ဆိုင်ရာ၊ ဒင်္ဂါးပုံစံ၊ အခြေနေအတည်ြငိမ်ခြင်း
  • အရေပြားရောင်ခြင်း – တခြားအကြောင်းအရင်းမရှိဘဲရောင်ခြင်း၊ ဓါတ်မတည့်ခြင်း၊ အဆီများခြင်း
  • အင်းဆက်အကိုက်ခံရခြင်းဆိုင်ရာ တုန့်ပြန်မှုများ
  • အာရုံကြောဆိုင်ရာ အရေပြားပြဿနာများ
  • နားအပြင်ပိုင်းရောင်ခြင်း
  • အရေပြားနီရဲရိနေခြင်း
  • အဖိမ့်

A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျအသုံးပြုပါ။ ဆေးညွှန်းစာမှာပါတဲ့လမ်းညွှန်ချက်တွေကို နားမလည်ဘူးဆိုရင် ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။

မသုံးခင်နဲ့ အသုံးပြုပြီးမှာ သင့်ရဲ့လက်ကိုဆေးကြောသန့်စင်ပါ။

A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။

ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။

ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • အခြားဆေးများ၊ အစားအစာများ၊ ဆိုးဆေးများ၊ တာရှည်ခံအောင်ပြုလုပ်ထားသောပစ္စည်းများ၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့ရင်
  • ကလေးအရွယ်
  • သက်ကြီးရွယ်အိုများ
  • ကူရှင်းရောဂါစု ( အဒရီနယ်ဂလင်းဖောက်ပြန်ခြင်း)
  • ဆီးချိုရောဂါ
  • သွေးတွင်းသကြားဓါတ်မြင့်ခြင်း
  • ဦးနှောက်သွေးယိုခြင်း ( ဦးခေါင်းအတွင်းဖိအားများခြင်း)
  • ဆေးလိမ်းသည့်နေရာနှင့် အနီးတစ်ဝိုက်တွင် ကူးစက်ပိုးဝင်ခြင်း
  • ဆေးလိမ်းသည့်နေရာတွင် အနာများ၊ အရေပြားကွဲခြင်း၊ ပြင်းထန်သောအရေပြားထိခိုက်ဒဏ်ရာရခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ

ဘေးထွက်ဆိုးကျိုးများ

A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေးကြောင့် အောက်ပါအရေပြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

  • ပေါက်ပြဲခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ မာခြင်း၊ ခြောက်ခြင်း၊ အရေပြားကွာကျခြင်း
  • အထိမခံနိုင်ဖြစ်ခြင်း
  • ယားခြင်း၊ အရေပြားအကြေးခွံထခြင်း၊ ပြင်းပြင်းထန်ထန်ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ အရေပြားရောင်ခြင်း
  • ပါးစပ်တစ်ဝိုက်နီခြင်း အကြေးခွံထခြင်း
  • အရေပြားပါးပြိး အလွယ်တကူပေါက်ပြဲခြင်း၊ အထူးသဖြင့်မျက်နှာပေါ်အသုံးပြုသည့်အခါမျိုး၊ အရေပြားအခေါက်နှစ်ခုကြား ( လက်ချောင်းကြားနေရာများ)
  • ပိန်ခြင်း၊ အားနည်းခြင်း၊ အရေပြားကွာကျခြင်း

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အစားအသောက်တွေနဲ့ အရက်က A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို

သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

အထူးသဖြင့်-

ကူရှင်းရောဂါစု

ဆီးချိုရောဂါ

သွေးတွင်းသကြားဓါတ်များခြင်း

ဦးနှောက်အတွင်းသွေးပေါင်ချိန်မြင့်ခြင်း

ဆေးလိမ်းသည့်နေရာနှင့်အနီးတစ်ဝိုက်တွင် ကူးစက်ပိုးဝင်ခြင်း

ဆေးလိမ်းသည့်နေရာတွင် အနာများ၊ အရေပြားကွဲခြင်း၊ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ခရင်မ်လိမ်းဆေး- ဖြစ်ပွားသည့်နေရာတွင် တစ်နေ့၂ကြိမ်၃ကြိမ် လိမ်းပေးပါ။
  • လိုရှင်း- ဖြစ်ပွားသည့်နေရာတွင် တစ်နေ့၂ကြိမ်၄ကြိမ် လိမ်းပေးပါ။
  • လိမ်းဆေး – ဖြစ်ပွားသည့်နေရာတွင် တစ်နေ့၂ကြိမ်မှ ၄ကြိမ် လိမ်းပေးပါ။
  • အရည်လိမ်းဆေး- ဖြစ်ပွားသည့်နေရာတွင် တစ်နေ့၃ကြိမ် ၄ကြိမ်လိမ်းပေးပါ။

ကလေးတွေအတွက် A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ခရင်မ်လိမ်းဆေး- ဖြစ်ပွားသည့်နေရာတွင် တစ်နေ့၂ကြိမ်၃ကြိမ် လိမ်းပေးပါ။
  • လိုရှင်း- ဖြစ်ပွားသည့်နေရာတွင် တစ်နေ့၂ကြိမ်၄ကြိမ် လိမ်းပေးပါ။
  • လိမ်းဆေး – ဖြစ်ပွားသည့်နေရာတွင် တစ်နေ့၂ကြိမ်မှ ၄ကြိမ် လိမ်းပေးပါ။
  • အရည်လိမ်းဆေး- ဖြစ်ပွားသည့်နေရာတွင် တစ်နေ့၃ကြိမ် ၄ကြိမ်လိမ်းပေးပါ။

A Hydrocort (အေ ဟိုက်ဒရိုကော်တီစုန်းလိမ်းဆေး) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

  • လိမ်းဆေး၊ ခရင်မ်၊ လိုးရှင်း၊ အရည်ပုံစံ – 0.5%, 1%, 2.5%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hydrocort. https://www.medicines.org.uk/emc/medicine/24101. Accessed September 6, 2016.
Hydrocort. http://www.mayoclinic.org/drugs-supplements/hydrocortisone-topical-application-route/description/drg-20073814. Accessed September 6, 2016.
Hydrocort. http://www.webmd.com/a-to-z-guides/common-topics/default.htm. Accessed September 6, 2016.

ယခုပုံစံ

15/02/2022

Hello Sayarwon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement