backup og meta

ဝက်သက်ကာကွယ်ဆေးနဲ့ပတ်သက်လို့ သိထားသင့်တဲ့အချက်အချို့

ဝက်သက်ကာကွယ်ဆေးနဲ့ပတ်သက်လို့ သိထားသင့်တဲ့အချက်အချို့

ခုတလောတော်တော်များများကြားနေရတာက ဝက်သက်တွေဖြစ်ကြတယ်ဆိုတာပါ။ ဝက်သက်ကအသက်သေတဲ့အထိပြင်းထန်နိုင်တာကြောင့် မကြောက်ဘူးဆိုသူက ခပ်ရှားရှားနေမှာပါ။ ဒီလိုမဖြစ်အောင်ကာကွယ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ကာကွယ်ဆေးထိုးတာပါ။ ဒီတော့ ဝက်သက်ကိုကြောက်လည်းကြောက်တယ်၊ ကာကွယ်ဆေးထိုးဖို့ကျတော့လည်း ထိုးလို့ရပါ့မလား၊ ကလေးလည်းမဟုတ်တော့ဘူးဆိုတော့ ကာကွယ်ဆေးထိုးလို့မရတော့လောက်ဘူးထင်တယ်နော်၊လို့ ဇဝေဇဝါဖြစ်နေသူတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ရှာနေတဲ့ အဖြေကိုပေးနိုင်မှာပါ။

ဝက်သက်ကာကွယ်ဆေးထိုးတော့မယ်ဆိုရင်

ကာကွယ်ဆေးအမျိုးအစားက ဘာလဲ

ဝက်သက်ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် အရင်ဆုံးသိထားရမယ့်အချက်တစ်ခုရှိနေပါတယ်။ သိပြီးသားဖြစ်လောက်မှာဆိုပေမယ့် သေချာအောင်ထပ်ပြောပါရစေနော်။ ဝက်သက်ကာကွယ်ဖို့ထိုးရတဲ့ ကာကွယ်ဆေးကို MMR Vaccine (ဝက်သက်၊ ပါးချိတ်ရောင်၊ဂျိုက်သိုး) ကာကွယ်ဆေးလို့ခေါ်ပါတယ်။

Vaccine Mmr (ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး) ကို ဘာအတွက်အသုံးပြုကြသလဲ

Vaccine MMR ဟာ ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုးရောဂါ ကာကွယ်ဆေးဖြစ်ပြီး အသက် တစ်နှစ်က ခြောက်နှစ်အတွင်း ကလေးတွေ နဲ့ ကာကွယ်ဆေး တစ်ခါမှ မထိုးဖူးတဲ့ ဒါမှမဟုတ် ဒီရောဂါတွေ တစ်ခါမှ မဖြစ်ဖူးတဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဆိုပါ ရောဂါတွေကို ကာကွယ်ဖို့ ထိုးနှံပေးနိုင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုးပမာဏအနည်းငယ် ဒါမှမဟုတ် ဗိုင်းရပ်စ်ပရိုတင်း ပမာဏအနည်းငယ်ကို ခန္ဓါကိုယ်နဲ့ ထိတွေ့စေတာဖြစ်တဲ့အတွက် အဆိုပါရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ ခုခံအားစနစ်ကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်နေတဲ့ အချိန်မှ ထိုးရင်တော့ ဘာအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ပါဘူး။

Vaccine Mmr (ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး) ဘယ်လိုအသုံးပြုသလဲ

ဝက်သက်ကာကွယ်ဆေးက အရေပြားအောက်ထိုးဆေးအဖြစ် ထိုးနှံပေးရမှာဖြစ်ပါတယ်။ ဆေးခန်း သို့မဟုတ် ဆေးရုံမှာ ထိုးရမှာ ဖြစ်ပြီး တတ်သိနားလည်သူတွေအကူအညီနဲ့ထိုးနှံရမှာပါ။

ကာကွယ်ဆေးက တစ်ကြိမ်ပဲ ထိုးရမှာလား

ဝက်သက်ကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရမှာမဟုတ်ပါဘူး။ ဒီကာကွယ်ဆေးကို အကြိမ်ကြိမ်ထိုးရမှာဖြစ်ပါတယ်။ ကလေးအသက် ၁၂လကနေ ၁၅လအတွင်းမှာ ပထမအကြိမ် ထိုးရမှာဖြစ်ပြီး အစုလိုက်ကာကွယ်ဆေးတွေကို အသက် ၄နှစ်နဲ့ ၆နှစ်ကြားမှာ ထိုးရမှာ ဖြစ်ကာ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ အနည်းဆုံး ၂၈ရက် (လေးပတ်လောက်) ခြားရမှာ ဖြစ်ပါတယ်။

လူကြီးတွေ ကာကွယ်ဆေးထိုးလို့မရဘူးလား

ဝက်သက်ကာကွယ်ဆေးက ကလေးတွေပဲ ထိုးလို့ရတာမဟုတ်ပါဘူး။ လူကြီးတွေပါထိုးလို့ရပါတယ်။ ကာကွယ်ဆေးလုံးဝမထိုးဘူးတဲ့သူတွေ ဝက်သက်ရောဂါကို တစ်ကြိမ်မှမခံစားဖူးတဲ့ အရွယ်ရောက်ပြီးသူတွေမှာ ကာကွယ်ဆေးထိုးနှံလို့ရပါတယ်။ ၁၉၅၆ ခုနှစ်နောက်ပိုင်းမွေးဖွားသူတွေအနေနဲ့ ဝက်သက်၊ပါးချိတ်ရောင်၊ဂျိုက်သိုးရောဂါ တစ်ခါမှ မဖြစ်ဖူးရင် ဒါမှမဟုတ် ကာကွယ်ဆေးတစ်ခါမှ မထိုးဖူးရင် ဒီကာကွယ်ဆေးကို အနည်းဆုံး တစ်ကြိမ်တော့ ထိုးထားရမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးက ဘယ်လောက်ထိ ထိရောက်မှုရှိသလဲ

အခြားသော ကာကွယ်ဆေးများနည်းတူ vaccine MMR ဟာလည်း ကာကွယ်ဆေးထိုးထားသူအားလုံးကိုတော့ ရာနှုန်းပြည့်ကာကွယ်မှုပေးနိုင်မှာ မဟုတ်ပါဘူး။ ကာကွယ်ဆေးတစ်ကြိမ်ပဲ ထိုးထားတဲ့သူတွေမှာ ၉၃ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်ပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူတွေမှာတော့ ၉၇ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်ပါတယ်။

ဝက်သက်ကရောဂါရှိသူကို သွားထိမိမှကူးစက်နိုင်တာလား

မဟုတ်ပါဘူး။ ဝက်သက်ဖြစ်စေတဲ့ရောဂါပိုးကပြင်ပလေထုမှာ အနည်းဆုံ ၂ နာရီကြာရှင်သန်နိုင်ပြီးလေထဲကနေတဆင့် ကူးစက်နိုင်ပါတယ်။ရောဂါရှိနေသူက နှာချေ၊ချောင်းဆိုးတာကြောင့်ရောဂါပိုးတွေ ပျံ့နှံ့ပြီးကူးစက်နိုင်ပါတယ်။ရောဂါပိုးရှိတဲ့လေကိုရှုမိတာ၊ရောဂါပိုးရှိနေတဲ့ အရာဝတ္ထုတွေကို ထိတွေ့မိတာကြောင့်လည်း ကူးစက်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးဖူးလား၊ မထိုးဖူးဘူးလား မသေချာရင်ရောဆေးထိုးလို့ရလား

ငယ်ငယ်က ကာကွယ်ဆေးထိုးထားဖူးလား၊ မထိုးဖူးဘူးလားဆိုတာ မသေချာဘူး၊ရောဂါကူးစက်ခံရမှာ စိုးရိမ်လို့ ထိုးချင်တယ်၊ မရဘူးထင်တယ်လို့များဖြစ်နေလား။ မဟုတ်ပါဘူးနော်။ ကာကွယ်ဆေးထိုးထားဖူးတဲ့သူတွေလည်း ကာကွယ်ဆေးထပ်ထိုးလို့ရပါတယ်။

ကာကွယ်ဆေးကအော်တစ်ဇင်ြဖစ်စေနိုင်သလား

ဝက်သကကာကွယ်ဆေးထိုးတာကြောင့် ကလေးငယ်တွေမှာအော်တစ်ဇင်ဖြစ်စေနိုင်တယ်ဆိုတာမဟုတ်ပါဘူး။လေ့လာမှုတွေအရ ဝက်သက်ကာကွယ်ဆေးကြောင့် ကလေးလေးတွေမှာအော်တစ်ဇင်ဖြစ်စေတယ်။ လို့ မတွေ့ရပါဘူး။

ကာကွယ်ဆေးမထိုးထားဘူး၊ ဝက်သက်ကူးလာပြီ ကာကွယ်ဆေးထိုးရင်မီဦးမလား

ကိုယ်ကကာကွယ်ဆေးမထိုးထားဘူး။ ဝက်သက်ရောဂါတွေဖြစ်နေတဲ့နေရာကိုသွားမိတယ်၊ ဝက်သက်ကူးလာမယ်ဆိုရင် ကူးစက်ခံရချိန်ကနေ ၇၂ နာရီ ၃ ရက်အတွင်းမှာတော့ ကာကွယ်ဆေးထိုးလို့ရနိုင်ပါသေးတယ်။ ဒီလိုကာကွယ်ဆေးထိုးလိုက်ခြင်းက လုံးဝမဖြစ်တော့အောင်ကာကွယ်ပေးနိုင်သလို ဝက်သက်ဖြစ်လာမယ်ဆိုရင်တောင် သိပ်မပြင်းထန်အောင်ကာကွယ်ပေးနိုင်သလိုရောဂါကို ရက်တိုတိုနဲ့ သက်သာအောင်ကာကွယ်ပေးနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဝက်သက်ကာကွယ်ဆေးထိုးခါနီးဇဝေဇဝါဖြစ်နေတာလေးတွေကို ရှင်းရှင်းလင်းလင်းသိလောက်ပြီထင်ပါတယ်နော်။ကြောက်စရာကောင်းတဲ့ ဝက်သက်အန္တရာယ်ကို တူတူကာကွယ်ကြရအောင်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Measles, Mumps, and Rubella (MMR) Vaccinehttps://www.webmd.com/children/vaccines/measles-mumps-and-rubella-mmr-vaccine#2 Accessed Date 20 February 2019

MMR Vaccine for Adultshttps://www.webmd.com/vaccines/adult-mmr-vaccine-guidelines#2 Accessed Date 20 February 2019

MMR (Measles, Mumps, & Rubella) VIShttps://www.cdc.gov/vaccines/hcp/vis/vis-statements/mmr.html Accessed Date 20 February 2019

The Truth About the MMR Vaccinehttps://www.healthline.com/health/mmr-vaccine Accessed Date 20 February 2019

5 Facts About Measles–And 5 About The Measles Vaccinehttps://www.immunizeusa.org/blog/2017/february/09/5-facts-about-measles-and-5-about-the-measles-vaccine/ Accessed Date 20 February 2019

ယခုပုံစံ

31/05/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြီးမှပေါက်တဲ့ ဝက်သက်

ဝက်သက်ဖြစ်နေတာလား ဒါတွေစားပေးပါ



Aye Thi Mon မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement