backup og meta

အစာအိမ်အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ

အစာအိမ်နဲ့ အူသိမ်နံရံတွေမှာ ပေါက်တတ်တဲ့ အနာကို အက်စစ်နာ လို့ခေါ်ပါတယ်။ ဝမ်းဗိုက်တွင်းနာကျင်ခြင်း၊ လေပွခြင်း၊ ရင်ပူခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့အခါ သွေးယိုခြင်းပင်ဖြစ်စေနိုင်တယ်။ ဒီတစခေါက်တော့ အစာအိမ်အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ အကြောင်း ပြောပြပေးချင်ပါတယ်။

အစာအိမ်အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ

ဘာကြောင့် အစာအိမ်အနာဖြစ်ရသလဲ

အစာအိမ်တွင်းအက်စစ်များခြင်းကြောင့်ဖြစ်တယ်လို့ ယူဆကြတယ်။ အရင်ကကတော့ အစပ်စားလို့ အစာအိမ်တွင်းအက်စစ်ပမာဏတက်ရတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် လတ်တလောလေ့လာမှုတွေကတော့ အစပ်စားတာကြောင့် မဟုတ်ဘဲ တခြားအချက်တွေကြောင့် ဆိုတာကို သက်သေပြခဲ့ပါတယ်။

အစာအိမ်ထဲမှာ အစာအိမ်နံရံကို အက်စစ်ဒဏ်ကနေ ကာကွယ်ပေးတဲ့ အကျိအချွဲအလွှာတစ်ခုရှိပါတယ်။ အဲ့ဒီအကျိအချွဲအလွှာ နည်းသွားတဲ့အခါမှာ အစာအိမ် သို့ အူနံရံဟာ အက်စစ်တွေရဲ့ ဖျက်စီးခြင်းကို ခံရဖို့များသွားတယ်။

အစာအိမ်အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ

အစာအိမ်အနာအဖြစ်များစေတဲ့ အကြောင်းအရင်းများ ကတော့

  • H.pylori ဘက်တီးရီးယား

ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်တွင်းနေထိုင်တဲ့ ဘက်တီးရီးယားတစ်မျိုး ဖြစ်ပါတယ်။ အစာအိမ်နံရံမှာ အကာအကွယ်ရှိစဉ်မှာ အနာ မဖြစ်စေနိုင်၊ လက္ခဏာတွေ မပြစေနိုင်ပေမယ့် ကာပေးထားတဲ့ အလွှာ ပျောက်သွားတဲ့အခါမှာ နံရံတွေကို ထိခိုက်ဖျက်ဆီးပြီး အနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီအချက်ဟာ အဖြစ်အများဆုံးအကြောင်းအရင်းဖြစ်ပါတယ်။ တချို့သူတွေမှာ မကုသဘဲထားလိုက်ရင် ကင်ဆာအထိဖြစ်နိုင်ပါတယ်။

  • NSAIDs အကိုက်အခဲပျောက်ဆေး

အကိုက်အခဲပျောက်ဆေးများကို အချိန်ကြာကြာစွဲသောက်ပါကလည်း အစာအိမ်အတွင်းရှိ အကျိအချွဲအလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ လူတိုင်းမှာ COX-1 နဲ့ COX-2 ဆိုတဲ့ အင်ဇိုင်းနှစ်မျိုးရှိပြီး ဒီအင်ဇိုင်းတွေက တစ်ရှူးထိခိုက်မှုဖြစ်စဉ်တွေကနေ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်စေပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက ဒီအင်ဇိုင်းတွေကို တားတာကြောင့် ခန္ဓာကိုယ်မှ နာကျင်မှုတွေ သက်သာရခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် COX-1 ဟာ အစာခြေစနစ်ကို အက်စစ်ဒဏ်မှ ကာကွယ်ပေးတဲ့ ဓာတုပစ္စည်းတစ်မျိုးလည်း ထုတ်ပေးပါသေးတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေသောက်တဲ့အခါ ဒီဓာတုပစ္စည်းပါ မထွက်တော့တာကြောင့် အကျိအချွဲလွှာ ပါးသွားပြီး အစာအိမ်၊ အူအနာဖြစ်ခြင်းဖြစ်ပါတယ်။

  • အက်စစ်အထွက်များခြင်း

အစာအိမ်တွင်း အက်စစ် အထုတ်များခြင်းက မျိုးရိုးဗီဇ၊ စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်း၊ အရက်စသော အကြောင်းရင်း တချို့ကြောင့် ဖြစ်နိုင်ပါတယ်။ Zollinger-Ellison ရောဂါလို့ ခေါ်တဲ့ ရှားပါးရောဂါ တစ်မျိုးကလည်း အက်စစ်ထုတ်ခြင်းကို တက်စေပါတယ်။

  • ကင်ဆာရောဂါအတွက် ရောင်ခြည်ပြခြင်း

ကင်ဆာရောဂါအတွက် ရောင်ခြည်ပြခြင်းကလည်း အစာခြေလမ်းကြောင်းမှာ အနာတွေ ဖြစ်စေနိုင်ပါတယ်။ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်တွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါတယ်။

အစာအိမ်အနာအတွက် ရောဂါရှာဖွေခြင်း

ရောဂါ ရှာဖွေဖို့အတွက် ခံစားရတဲ့ လက္ခဏာတွေ အပါအဝင် သောက်နေတဲ့ ဆေးတွေ အကြောင်းပါ မေးမြန်းပါလိမ့်မယ်။ ဒါ့ပြင် တခြားသော စစ်ဆေးမှုတွေလည်း လုပ်ရနိုင်ပါတယ်။ ဥပမာ

  • H.pylori အတွက် Breath test၊ သွေးစစ်ခြင်း၊ ဝမ်းစစ်ခြင်း
  • ဘေရီယမ်ဓာတ်မှန်
  • မှန်ပြောင်းကြည့်ခြင်း
  • အသားစ စစ်ခြင်း

အစာအိမ်အနာအတွက် ကုသမှု

ကုသမှုကတော့ ဖြစ်ရတဲ့ အကြောင်းရင်းကို ကုသဖို့က အရေးကြီးပါတယ်။ သာမန် အနာအတွက်တော့ အက်စစ် ပမာဏ နည်းစေတဲ့ ဆေး သို့ အစာခြေစနစ် နံရံကို ကာကွယ်ပေးတဲ့ ဆေးများ မှီဝဲခြင်းဖြင့် လက္ခဏာများကို သက်သာစေနိုင်ပါတယ်။ များသောအားဖြင့်

  • H2 blockers.
  • Proton pump inhibitors.
  • ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သော antacidများနဲ့ သက်သာနိုင်ပါတယ်။

ရေးသားသူ− Dr Aye Myat Myat Noe

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthline.com/health/stomach-ulcer#Overview1

http://www.everydayhealth.com/peptic-ulcer/

http://www.nhs.uk/Conditions/Peptic-ulcer/Pages/Introduction.aspx

http://www.webmd.com/digestive-disorders/digestive-diseases-peptic-ulcer-disease?page=1#1

ယခုပုံစံ

16/02/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်အနာ နဲ့ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်ကင်ဆာ (gastric cancer)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ