အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း (NAFL) ဟာ အမေရိကနဲ့ ဥရောပ အနောက်ပိုင်းမှာ ကိုယ်အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်းတွေ အဖြစ်များလာကြောင့် ပိုမိုများပြားစွာ တွေ့ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အမေရိကနဲ့ အခြားအနောက်ပိုင်းနိုင်ငံတွေမှာ အဖြစ်အများဆုံး အသည်းရောဂါတစ်ခု ဖြစ်နေပါတယ်။ အသည်းအဆီဖုံးခြင်းမှာ အသည်းလုပ်ငန်းဆောင်တာတွေဟာ ပုံမှန်ဖြစ်ပြီး အနုကြည့်မှန်ပြောင်းနဲ့ ကြည့်ရင်လည်း ပုံမှန်ဖြစ်ကာ ဆဲလ်အတွင်း အဆီအနည်းငယ် စုပြုံခြင်းသာ ရှိပါတယ်။ NAFL ကို ဝမ်းဗိုက် Ultrasound ကို အခြားအကြောင်းအရာတွေအတွက် (ဥပမာ သည်းခြေ ကျောက် ရှာဖွေရန်) စစ်ဆေးချိန်မှသာ တွေ့ရှိတတ်ပါတယ်။ အသည်းအတွက် သွေးစစ်ဆေးမှုတွေဟာ ပုံမှန်သော်လည်းကောင်း၊ အသည်းမှ ပြုလုပ်တဲ့ အင်ဇိုင်းနှစ်ခုဖြစ်တဲ့ ALT နဲ့ AST တွေ အနည်းငယ် တက်နေခြင်းသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ အသည်းရောဂါကို ဝမ်းဗိုက်ပေါ်ပိုင်းညာဘက်မှာ Ultrasound နဲ့ စစ်ဆေးခြင်းအားဖြင့် သိနိုင်ပါတယ်။ တကယ်လို့ အသည်းစစ်ဆေးမှုတွေ တက်နေရင် (သို့) အခြားအသည်းရောဂါလက္ခဏာတွေ ရှိနေရင် အသည်း အသားစယူခြင်းကို ပြုလုပ်ပြီး အခြားအသည်းပြဿနာတွေ (ဥပမာ non-alcoholic steatohepatitis NASH) ကို သိရှိစေသင့်ပါတယ်။ အသည်းရောဂါရှိပြီးသူတွေဟာ အသည်းရောင်ရောဂါအေ၊ ဘီ ကာကွယ်ဆေးထိုးထားသင့်ပြီး ကိုယ်အလေးချိန်ကျဆင်းအောင်လုပ်ခြင်းမှအပ အခြားကုသမှု မရှိပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။