Phosphatidylcholine ဆိုတာ အသည်းအတွက်အရေးပါဆုံးဖြစ်ပြီး အသည်းကျန်းမာရေးအတွက်အကောင်းဆုံးအကျိုးပြုနိုင်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ choline ပါဝင်တဲ့ Phosphatidylcholine မှာ fatty acids၊ glycerol နဲ့ phosphorous တို့ပါဝင်ပါတယ်။
Phosphatidylcholine ဟာ ကြက်ဥ၊ ပဲပိစပ်၊ နေကြာစေ့ စတဲ့အစားအစာတချို့မှာပါဝင်တတ်သလို ခန္ဓါကိုယ်ရဲ့ဆဲလ်တွေထဲမှာ သဘာဝအလျောက်ရှိနေတဲ့မော်လီကျူးဖြစ်ပါတယ်။ သူက ဦးနှောက်ကျန်းမာရေးကို အကျိုးပြုတာဆိုပေမယ့် အသည်းရဲ့လုပ်ဆောင်ချက်တွေကိုလည်း ထောက်ပံ့ပေးပြီး ကိုလက်စထရောပမာဏကို ထိန်းညှိုလုပ်ဆောင်ပေးပါတယ်တဲ့။
အသည်းကျန်းမာရေးအတွက် ဘယ်လိုအရေးပါတာလဲ
- ဆဲလ်အမြှေးပါးတွေ ဖွဲ့စည်းဖြစ်တည်မှုနဲ့ ပြန်လည်ကုစားရေးအတွက် Phosphatidylcholine ကို လိုအပ်သလို အသည်းရဲ့လုပ်ဆောင်ချက်တွေကောင်းမွန်ဖို့ တကယ်ကိုအရေးပါပါတယ်။
- အသည်းရောဂါအမျိုးမျိုးကို ကာကွယ်၊ ကုသရာမှာ အကျိုးရှိထိရောက်စေနိုင်တယ်။
- ဗိုင်းရပ်စ်ကြောင့် အသည်းဆဲလ်တွေထိခိုက်ပျက်စီးမှုကိုကာကွယ်ပေးတယ်။
- အသည်းမှာဖြစ်တဲ့အမာရွတ်တွေကို လျော့ပါးသက်သာစေတယ်။
- မူးယစ်ဆေး၊ အရက်နဲ့တခြားဓါတုအဆိပ်အတောက်တွေကြာင့် ဆဲလ်များသေဆုံးမှုကိုကာကွယ်ပေးတယ်။
- နာတာရှည်အသည်းရောဂါရှိသူတွေမှာတောင် ရောဂါလျော့ပါးတဲ့လက္ခဏာသိသာစေတယ်လို့သိရပါတယ်။
- ဓါတ်တိုးပစ္စည်းတွေကို လျော့ပါးစေတဲ့အစွမ်းကြောင့် အသည်းဆဲလ်တွေသေဆုံးမှုကိုလျော့စေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။