backup og meta

အရက်မသောက်သူ၏ အသည်းအဆီဖုံးရောဂါဆိုတာ ဘာလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်မသောက်သူ၏ အသည်းအဆီဖုံးရောဂါဆိုတာ ဘာလဲ

    အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း (NAFL) ဟာ အမေရိကနဲ့ ဥရောပ အနောက်ပိုင်းမှာ ကိုယ်အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်းတွေ အဖြစ်များလာကြောင့် ပိုမိုများပြားစွာ တွေ့ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အမေရိကနဲ့ အခြားအနောက်ပိုင်းနိုင်ငံတွေမှာ အဖြစ်အများဆုံး အသည်းရောဂါတစ်ခု ဖြစ်နေပါတယ်။ အသည်းအဆီဖုံးခြင်းမှာ အသည်းလုပ်ငန်းဆောင်တာတွေဟာ ပုံမှန်ဖြစ်ပြီး အနုကြည့်မှန်ပြောင်းနဲ့ ကြည့်ရင်လည်း ပုံမှန်ဖြစ်ကာ ဆဲလ်အတွင်း အဆီအနည်းငယ် စုပြုံခြင်းသာ ရှိပါတယ်။ NAFL ကို ဝမ်းဗိုက် Ultrasound ကို အခြားအကြောင်းအရာတွေအတွက် (ဥပမာ သည်းခြေ ကျောက် ရှာဖွေရန်) စစ်ဆေးချိန်မှသာ တွေ့ရှိတတ်ပါတယ်။ အသည်းအတွက် သွေးစစ်ဆေးမှုတွေဟာ ပုံမှန်သော်လည်းကောင်း၊ အသည်းမှ ပြုလုပ်တဲ့ အင်ဇိုင်းနှစ်ခုဖြစ်တဲ့ ALT နဲ့ AST တွေ အနည်းငယ် တက်နေခြင်းသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။ အသည်းရောဂါကို ဝမ်းဗိုက်ပေါ်ပိုင်းညာဘက်မှာ Ultrasound နဲ့ စစ်ဆေးခြင်းအားဖြင့် သိနိုင်ပါတယ်။ တကယ်လို့ အသည်းစစ်ဆေးမှုတွေ တက်နေရင် (သို့) အခြားအသည်းရောဂါလက္ခဏာတွေ ရှိနေရင် အသည်း အသားစယူခြင်းကို ပြုလုပ်ပြီး အခြားအသည်းပြဿနာတွေ (ဥပမာ non-alcoholic steatohepatitis NASH) ကို သိရှိစေသင့်ပါတယ်။ အသည်းရောဂါရှိပြီးသူတွေဟာ အသည်းရောင်ရောဂါအေ၊ ဘီ ကာကွယ်ဆေးထိုးထားသင့်ပြီး ကိုယ်အလေးချိန်ကျဆင်းအောင်လုပ်ခြင်းမှအပ အခြားကုသမှု မရှိပါဘူး။

    အသည်းအဆီဖုံးတဲ့ လူနာတွေဟာ အသည်းလှူဒါန်းမှုအတွက် အသက်ရှင်စဉ်သော်လည်းကောင်း၊ သေဆုံးစဉ်သော်လည်းကောင်း မဖြစ်နိုင်ကြပါဘူး။ NAFL ရှိတဲ့ လူနာ အများစုဟာ ရောင်ရမ်းခြင်း (NASH) ကို မရှိကြပဲ အချို့ကသာ ရှိတတ်ကြပါတယ်။

    Non-alcoholic steatohepatitis (NASH) ဆိုတာဘာလဲ။

    Non-alcoholic steatohepatitis (NASH) ဟာ ရောင်ရမ်းမှုကို ဖြစ်စေပြီး အသည်းတစ်ရှူးအတွင်းမှာ အဆီနဲ့ အမာရွတ်ဖြစ်စေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ သွေးအတွင်းမှာ ရှိတဲ့ အင်ဇိုင်းတွေဟာ NAFL မှာတွေ့ရတဲ့ အင်ဇိုင်းအနည်းငယ်တက်ခြင်းထက် ပိုတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို အရက်သောက်သူတွေမှာလည်း တွေ့ရပေမယ့် Non-alcoholic steatohepatitis (NASH) ဟာ အရက်အနည်းငယ် (သို့) လုံးဝမသောက်တဲ့ သူတွေမှာလည်းတွေ့ရနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အဓိက အကြောင်းရင်းကိုတော့ သိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီရောဂါကို ဆီးချို၊ အဝလွန်ခြင်း၊ insulin resistance အစရှိတဲ့ ကျန်းမာရေးအခြေအနေ ရှိသူတွေမှာ တွေ့ရများပါတယ်။ ရောဂါ ပေါင်းစပ်ဖြစ်ခြင်းကိုတော့ metablic syndrome လို့ ခေါ်ပါတယ်။

    Non-alcoholic steatohepatitis (NASH) ဟာ ရောဂါလက္ခဏာ မပြတတ်တာကြောင့် လူဘယ်နှစ်ယောက်မှာ ဖြစ်လဲဆိုတာ သိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် Non-alcoholic steatohepatitis (NASH) ကို အသည်းအသားစယူတွေရဲ့ ၃-၅% မှာ တွေ့ရတတ်ပါတယ်။ လူအများစုဟာ အသက် ၄၀-၆၀ အတွင်း ဖြစ်ပြီး ဒီအခြေအနေဟာ အသက် ၁၀နှစ်ကျော် ကလေးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ Non-alcoholic steatohepatitis (NASH) ကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး တွေ့နိုင်ပါတယ်။

    သုတေသနတွေက ထိရောက်တဲ့ ကုသမှုတွေကို ရှာဖွေဖို့ ကြိုးစားနေပေမယ့် Non-alcoholic steatohepatitis (NASH) ဖြစ်စေတဲ့ အကြောင်းရင်းကိုတော့ သိရှိခြင်း မရှိပါဘူး။ ယခုအချိန်မှာတော့ Non-alcoholic steatohepatitis (NASH) ကုသမှုဟာ သူနဲ့ဆက်စပ်နေတဲ့ ကျန်းမာရေးအခြေအနေတွေ ဖြစ်တဲ့ ဆီးချို၊ အဝလွန်ခြင်းတွေကို ထိန်းချုပ်ခြင်း နဲ့ ရောဂါပိုမဆိုးအောင် တားဆီးခြင်းတွေပဲ ဖြစ်ပါတယ်။ အချိုကလေ့လာမှုတွေက ကော်ဖီပိုသောက်သူတွေဟာ အသည်းမှာ အမာရွတ်ထင်ကျန်နှုန်းနည်းပြီး အချို့သုတေသီတွေက ကော်ဖီ အနေတော်သောက်ခြင်းဟာ အကျိုးရှိတယ်လို့ ဆိုပါတယ်။ non-alcoholic liver disease ရှိသူတွေမှာ Non-alcoholic steatohepatitis (NASH) ရှိရင် အသည်းရောင် အေပိုးနဲ့ ဘီပိုး ရပြီးမဟုတ်ရင် ကာကွယ်ဆေး ထိုးသင့်ပါတယ်။

    Non-alcoholic steatohepatitis (NASH) ရဲ့ လက္ခဏာက ဘာတွေလဲ။

    သင့်မှာ Non-alcoholic steatohepatitis (NASH) ရှိတယ်ဆိုရင် ဘယ်လိုလက္ခဏာမျိုးမှ ပြမှာ မဟုတ်ပါဘူး။ ရှားရှားပါးပါး ဒီရောဂါရှိသူတွေဟာ ပင်ပန်းခြင်း၊ နေမကောင်းခြင်း၊ ဗိုက်အပေါ်ညာဘက်ပိုင်း နေလို့မကောင်းခြင်း အစရှိတဲ့ တိကျမှု မရှိတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။

    ဆရာဝန်က ရောဂါအခြေအနေကို ဘယ်လိုရှာဖွေမလဲ။

    Non-alcoholic steatohepatitis (NASH) ပုံမှန် ဓါတ်ခွဲခန်းစစ်ဆေးမှုတွေမှ အများဆုံးတွေ့ရတတ်ပါတယ်။ အခြား အပိုစစ်ဆေးမှုတွေကိုလည်း ဒီရောဂါကို သိရှိဖို့နဲ့ အခြားရောဂါတွေ မဟုတ်မှန်း သေချာစေဖို့ ပြုလုပ်နိုင်ပါတယ်။ Imaging tests တွေဖြစ်တဲ့ Ultrasound, CT scan, MRI အစရှိတာတွေဟာ အသည်းအဆီဖုံးခြင်းကို ဖေါ်ပြနိုင်ပေမယ့် Non-alcoholic steatohepatitis (NASH) ကို အခြားအကြောင်းရင်းတွေကနေ ခွဲထုတ်နိုင်ခြင်း မရှိပါဘူး။ Non-alcoholic steatohepatitis (NASH) ရောဂါကို သေချာစေဖို့ အခြားအကြောင်းရင်းတွေကို ဖယ်ထုတ်နိုင်ခြင်း မရှိရင် အသည်းအသားစယူခြင်းကို ပြုလုပ်နိုင်ပါတယ်။

    အသည်းလုပ်ငန်းဆောင်တာ စစ်ဆေးခြင်း – သွေးစစ်ဆေးမှုတွေကို အသည်းက ထုတ်လုပ်တဲ့၊ ဖျက်စီးတဲ့ အရာဝတ္ထုတွေ ပမာဏကို တိုင်းတာဖို့ အတွက် အသုံးပြုပါတယ်။ ဒီပမာဏတွေဟာ Non-alcoholic steatohepatitis (NASH) ရောဂါကို သေချာစေနိုင်ပြီး အရက်ကြောင့် ဖြစ်တဲ့ အသည်းရောင်ခြင်းကနေ ခွဲခြားပေးနိုင်ပါတယ်။ အသည်းအင်ဇိုင်းနှစ်မျိုးဖြစ်တဲ့ ALT နဲ့ AST ပမာဏတွေဟာ ဒီရောဂါဖြစ်သူတွေရဲ့ ၉၀%မှာ ရှိတတ်ပါတယ်။

    အခြားသွေးစစ်ဆေးမှုများ – အခြားသွေးစစ်ဆေးမှုတွေဟာ အသည်းရောဂါရဲ့ အခြားအကြောင်းရင်းတွေကို ဖေါ်ထုတ်ဖို့ အသုံးဝင်ပါတယ်။ ဒီစစ်ဆေးမှုတွေမှာတော့ အသည်းရောင် ရောဂါပိုး အေ၊ဘီ၊စီ အစရှိတာတွေ ပါဝင်ပြီး အသည်းရောဂါအဖြစ်နည်းတဲ့ အကြောင်းရင်းတွေအတွက် စစ်ဆေးမှုတွေပါ ပါဝင်နိုင်ပါတယ်။

    အသည်းအသားစယူခြင်းနဲ့ Fibroscan – အခြား စစ်ဆေးမှုတွေဟာ Non-alcoholic steatohepatitis (NASH) ကို အကြံပြုနိုင်ပေမယ့် တခါတရံမှာ အသည်းအသားစ ယူခြင်းကို ပြုလုပ်နိုင်ပါတယ်။ အသည်းအသားစယူခြင်းကို အခြား သွေးစစ်ဆေးမှုတွေ၊ imaging tests တွေက အသည်းရောဂါကို အတည်မပြုနိုင်ရင် ပြုလုပ်နိုင်ပါတယ်။ အသည်းအသားစယူခြင်းဟာလည်း ရောင်ရမ်းခြင်း ပြင်းထန်မှု ကို ပြသပေးပြီး အသည်းအမာရွတ်ထက်ကျန်ခြင်း ရှိမရှိကို သိရှိစေကာ ရောဂါရဲ့ နောက်ဖြစ်မယ့် အခြေအနေတွေကို မှန်းဆပေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုမှာတော့ အသည်းအသားစကို ယူမှာဖြစ်ပြီး ဓါတ်ခွဲခန်းပို့ကာ စစ်ဆေးစေမှာ ဖြစ်ပါတယ်။

    Fibroscan ဟာ ultrasound ကို အသုံးပြုပြီး အသည်းဘယ်လောက်မာလဲဆိုတာ ဆုံးဖြတ်တဲ့ စစ်ဆေးမှု ဖြစ်ပါတယ်။ မာကျောမှုဟာ အသည်းအတွင်း အမာရွတ်ထက်ခြင်းကို ခန့်မှန်းခြင်း ဖြစ်ပြီး အသည်းခြောက်ခြင်း ရှိမရှိ သိရှိစေမှာ ဖြစ်ပါတယ်။ တတ်နိုင်ရင် Fibroscan ကို အသည်းအမာရွတ်ထင်ကျန်ခြင်းကို သိရှိစေဖို့ အသည်းအသားစယူခြင်း အစား နောက်တစ်နည်းအနေနဲ့ အသုံးပြုနိုင်ပါတယ်။

    Non-alcoholic steatohepatitis (NASH) ရဲ့ ကုသမှုတွေက ဘာတွေလဲ။

    Non-alcoholic steatohepatitis (NASH) အတွက် ကုသမှု မရှိပါဘူး။ ကုသမှုတွေဟာ သူနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတွင်း အဆီများခြင်းနဲ့ အဝလွန်ခြင်းတွေကို ထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်။ insulin resistance ကို ကုသတဲ့ ဆေးတွေနဲ့ စမ်းသပ်နေတဲ့ သုတေသန များစွာ ရှိပါတယ်။

    ကိုယ်အလေးချိန်ကျဆင်းခြင်း

    ကိုယ်အလေးချိန် ကျဆင်းခြင်းဟာ အသည်းအင်ဇိုင်းတွေ၊ အင်ဆူလင်ပမာဏကို ကျစေပြီး ဘဝအရည်အသွေးကို တိုးတက်စေနိုင်ပါတယ် ကိုယ်အလေးချိန်ကျဆင်းခြင်းဟာ ဖြည်းဖြည်းချင်း ဖြစ်သင့်ပြီး ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်းဟာ အသည်းကို ထိခိုကစေနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူက ကိုယ်အလေးချိန်ကျဆင်းစေမယ့် အစီအစဉ်တွေ ပြုလုပ်ပေးနိုင်ပါတယ်။

    ဘာကို မျှော်လင့်သင့်သလဲ။

    Non-alcoholic steatohepatitis (NASH) ဟာ နာတာရှည် အခြေအနေ တစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ဒီရောဂါက ဘာဆက်ဖြစ်မယ်ဆိုတာ မှန်းဆနိုင်ဖို့ ခက်ခဲပါတယ်။ အသည်းအသားစယူခြင်းမှာ တွေ့ရတဲ့ အခြေအနေတွေဟာ အသုံးဝင်ပြီး အချို့အချက်တွေကိုတော့ ရောဂါနောက်ဆက်တွဲ ဆက်ဖြစ်ခြင်းကိုမှန်းဆဖို့ အသုံးပြုနိုင်ပါတယ်။

    သတင်းကောင်းကတော့ ဒီရောဂါရှိသူတွေဟာ ပြင်းထန်တဲ့ အသည်းရောဂါတွေ မဖြစ်ကြပါဘူး။ လေ့လာမှုတစ်ခုက ဒီရောဂါ ရှိသူတွေဟာ မရှိသူတွေလိုပဲ သက်တမ်းပြည့်နေထိုက်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အသည်း လုပ်ငန်းဆောင်တာ စစ်ဆေးမှုတွေမှာ တဖြည်းဖြည်းနဲ့ တည်ငြိမ်လာကြတာကို တွေ့နိုင်ပါတယ်။

    ဒါပေမယ့်လည်း Non-alcoholic steatohepatitis (NASH) ဟာ လူအချို့မှာတော့ ပိုဆိုးနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ဒီရောဂါရှိသူတွေရဲ့ ၃% မှာ အသည်းပျက်စီးမှု ပြန်ကောင်းလာပြီး၊ ၅၄%မှာ ဒီအတိုင်းဖြစ်ကာ ၄၃%မှာ ပိုဆိုးလာတာကို တွေ့ရပါတယ်။

    Non-alcoholic steatohepatitis (NASH) ရဲ့ အဆိုးဆုံး နောက်ဆက်တွဲဆိုးကျိုးတစ်ခုက အသည်းခြောက်ခြင်းဖြစ်ပြီး အသည်းအမာရွတ်ထင်ခြင်း အများဆုံးရှိသူတွေမှာ အဖြစ်များပါတယ်။ လေ့လာမှုတစ်ခုမှာ၈-၂၆% သော သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ အသက်ကြီးတဲ့ ဆီးချိုရှိတဲ့ အမျိုးသမီးတွေဟာ ရောဂါဖြစ်နှုန်းများပါတယ်။

    Non-alcoholic steatohepatitis (NASH) ရောဂါရှိသူတွေဟာ metablic syndrome ဖြစ်နိုင်ပါတယ်။ (insulin resistance, အဝလွန်ခြင်း၊ သွေးအတွင်း အဆီများခြင်း)။ Metablic syndrome ဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ သတင်းကောင်းကတော့ Non-alcoholic steatohepatitis (NASH) ရောဂါကုသမှုတွေဟာ metablic syndrome ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အခြားပြဿနာတွေ ကုသမှုကို ကူညီပေးနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement