backup og meta

အသည်းရောင်ရောဂါရှိပါက အရက်ကိုရှောင်သင့်ပါသလား

အသည်းရောင်ရောဂါရှိပါက အရက်ကိုရှောင်သင့်ပါသလား

အသည်းရောင်(စီ)ပိုးသည် အသည်းဆဲလ်များကို ရောင်ရမ်းကာ ပျက်စီးစေပါသည်။ အသည်းရောင်(စီ)ပိုးရှိသည့်အပြင် အရက်ကိုအလွန်အကျွံသောက်ပါက အသည်းကို ဆိုးရွားစွာထိခိုက်စေပါသည်။

အရက်ကြောင့်အသည်းထိခိုက်မှုများ

အသည်းသည် ခန္ဓါကိုယ်တွင် အရေးကြီးသောလုပ်ငန်းများကို လုပ်ဆောင်ပါသည်။ ၎င်းတို့မှာ အစာကိုချေဖျက်ခြင်း၊ သွေးထဲရှိအဆိပ်များကို စစ်ထုတ်ပေးခြင်း၊ ရောဂါပိုးများကို ကူ၍တိုက်ခြင်းတို့ ဖြစ်ပါသည်။ အရက်သောက်သည့်အခါတွင် အသည်းမှ အရက်မော်လီကျုးများကို ဖြိုခွဲကာ ခန္ဓါကိုယ်မှဖယ်ရှားပေးပါသည်။ သို့သော် အများအပြားသောက်လျှင် အရက်မှ အသည်းဆဲလ်များကို ဖျက်ဆီးသဖြင့် အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းများဖြစ်စေသည်။

ရက်ပိုင်းအနည်းငယ်အတွင်းပင် အရက်အများအပြားသောက်ခြင်းသည် အသည်းတွင်အဆီများဖြစ်ကာ အသည်းအဆီဖုံးခြင်းကို ဖြစ်စေပါသည်။ အသည်းအဆီဖုံးခြင်းသည် ရောဂါလက္ခဏာပြလေ့မရှိသော်လည်း အရက်သောက်သောပမာဏသည် အန္တရာယ်ရှိသောအခြေအနေကိုရောက်နေပြီလို့သတိပေးသော လက္ခဏာတစ်ရပ်ဖြစ်သည်။ အသည်းအဆီဖုံးခြင်းနှင့် အသည်းရောင်ခြင်း အစောပိုင်းအဆင့်သည် အရက်သောက်တာရပ်လိုက်ပါက ပြန်လည်ကောင်းမွန်နိုင်သော်လည်း ပြင်းထန်စွာအသည်းရောင်ခြင်းနှင့် အသည်းခြောက်ခြင်းသည် အမြဲတမ်းဖြစ်ကာေ နာက်ဆက်တွဲဆိုးကျိုးများနှင့် သေဆုံးသည်အထြိဖစ်နိုင်သည်။

အရက်နှင့်အသည်းရောင်(စီ)ပိုးပေါင်းစပ်ခြင်းရလဒ်

အရက် ၏ အသည်းပေါ်သက်ရောက်သောအာနိသင်နှင့် အသည်းရောင်(စီ)ပိုး၏ အာနိသင် ပေါင်းလိုက်လျှင် အန္တရာယ်ရှိပါည်။ အရက်ကို နေ့စဉ် ၅၀ဂရမ်နှင့်အထက် (ပျမ်းမျှ တစ်နေ့ကို၃ခွက်ခွဲ)သောက်ပါက အသည်းကျုံ့ခြင်း၊ အသည်းခြောက်ခြင်းများကို ပို၍ဖြစ်စေသည်ဟု ဆရာဝန်များကအဆိုပြုထားသည်။

အရက်ကအသည်းရောင် (စီ)ပိုးကုသမှုတွင်နှောက်ယှက်ခြင်း

အသည်းရောင်(စီ)ရောဂါကို interferon ကုသနည်းနှင့် ကုသပါသည်။ ၎င်းကုသမှုသည် အသည်းရောဂါအန္တရာယ်လျှော့ချပေးသော်လည်း ကုသနေစဉ်အတွင်း အရက်လုံးဝမသောက်ရပေ။ Interferon ၏ ဆိုးကျိုးများသည် မူးယစ်ဆေးအလွဲသုံးမှု မရှိသောလူနာများတွင်ပင် ထိန်းချုပ်ရခက်ခဲလှပါသည်။ အရက်အလွန်အကျွံသောက်သောသူများတွင် ရှုပ်ထွေးသောကုသမှုများလုပ်ရမည်မှာ ပို၍ခက်ပါသည်။

အချုပ်ဆိုရသော် အရက်သောက်ခြင်းသည် အသည်းရောင်(စီ)ပိုးဝေဒနာသည်များတွင် ကြီးမားသောအန္တရာယ်တစ်ခု ဖြစ်သည်။ အသည်းရောင်(စီ)ပိုး လူနာများတွင် အရက်အနည်းငယ်သောက်ရုံမျှဖြင့် အသည်းကိုဆိုးရွားစွာပျက်စီးစေသည်။ ထို့အပြင် အရက်သည် အသည်းရောင်(စီ)ပိုးကုသည့်ဆေးများ၏ အာနိသင်ကိုပါ လျော့နည်းစေပါသည်။ သင့်မှာ အသည်းရောင်(စီ)ပိုးရှိသည်ဆိုလျှင် ရေရှည်ကျန်းမာရေးအတွက် အရက်ကိုရှောင်ပါ။

အသည်းရောင်(စီ)ပိုး ဝေဒနာသည်များတွင် အရက် နဲ့အသည်းကင်ဆာ

အရက်အလွန်အကျွံသောက်ခြင်းသည် အသည်းခြောက်ခြင်းကို ဖြစ်စေသည်။ အသည်းရောင်(စီ)ပိုး နှင့်တွဲလျှင်တော့ ပို၍ပင် ဖြစ်စေသည်။ အသည်းခြောက်ခြင်းသည် အသည်းကင်ဆာ၏ ပထမအဆင့်ဖြစ်သည်။ ထို့ကြောင့် အရက်သည် အသည်းခြောက်ရာမှတစ်ဆင့် အသည်းကင်ဆာအထိ ဖြစ်နိုင်သည်။

အသည်းကို အဆိပ်အတောက်ဖြစ်စေသည်များကို ရှောင်ကြဉ်ရန် အလွန်အရေးကြီးပါသည်။ အရက်ကြောင့် အသည်းပေါ်သက်ရောက်သောအာနိသင်နှင့် အသည်းရောင်(စီ)ပိုးကြောင့်ဖြစ်သော အသည်းရောင်ခြင်းတို့ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များဖြစ်လာပါသည်။ ထို့ကြောင့် အသည်းရောင်(စီ)ပိုးရှိသူများသည် အရက်ကိုအပြီးတိုင် ရှောင်ကြဉ်ရပါမည်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthline.com/health/alcohol-and- hepatitis-c#2

http://www.hepatitis.va.gov/provider/reviews/alcohol.asp

http://www.nhs.uk/conditions/Liver_disease_%28alcoholic%29/Pages/Introduction.aspx

ယခုပုံစံ

25/08/2022

Dr. Kaung Thar မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကပ်ပါးပိုးကြောင်း အသည်းပြည်တည်ခြင်းနဲ့ပတ်သက်လို့ သင်ဘာသိသင့်သလဲ။

ကပ်ပါးပိုးကြောင်း အသည်းပြည်တည်ခြင်းနဲ့ပတ်သက်လို့ သင်ဘာသိသင့်သလဲ။



Dr. Kaung Thar မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement