backup og meta

Hepatomegaly (အသည်းကြီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hepatomegaly (အသည်းကြီးခြင်း) ကဘာလဲ။

Hepatomegaly ဟာ အသည်းကြီးတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသည်းကြီးခြင်းဟာ ပြင်းထန်တဲ့ ရောဂါတွေရဲ့ လက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။

Hepatomegaly (အသည်းကြီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီအခြေအနေဟာ ရှားပါးပြီး အသက်ကြီးသူတွေမှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Hepatomegaly (အသည်းကြီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Hepatomegaly ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ပင်ပန်းခြင်း
  • ကြွက်သားနာကျင်ခြင်း
  • ပျို့ခြင်း
  • အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း
  • အသားဝါခြင်း၊ မျက်လုံးဝါခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Hepatomegaly (အသည်းကြီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • အရက်ကြောင့် ဖြစ်သော အသည်းရောဂါများ
  • အရက်ကြောင့် မဟုတ်သော အသည်းရောဂါများ
  • အသည်းရောင် ဗိုင်းရပ်စ်ပိုး (အေ၊ ဘီ၊ စီ၊ ဒီ၊ အီး)
  • အသည်းကင်ဆာ၊ အခြားနေရာတွေမှ အသည်းသို့ ပြန့်လာသောကင်ဆာ

အသည်းကြီးခြင်းကို ဖြစ်ပေါ်စေတဲ့ အဖြစ်နည်းတဲ့ အကြောင်းရင်းတွေကတော့

ကင်ဆာ

  • အချို့သွေးကင်ဆာများ
  • အချို့ lymphoma များ
  • Multiple myeloma

မျိုးရိုးလိုက်သော ရောဂါများ

  • Hemochromatosis
  • Wilson’s disease
  • Glycogen storage diseases
  • Gaucher’s disease

နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ

  • အသည်းကို သွားသော သွေးပြန်ကြောပိတ်ခြင်း (Budd- Chiari syndrome)
  • နှလုံးပျက်စီးခြ်ငး
  • နှလုံးအဆို့ရှင် ကျဉ်းခြင်း

ရောဂါပိုးဝင်ခြင်း

  • အသည်း အနာဖြစ်ခြင်း (အမီးဘားပိုး၊ ဘက်တီးရီးယား)
  • အခြား ကပ်ပါးရောဂါပိုးများ
  • ကိုယ်ခန္ဓါရှိ lice လို အကောင်မျိုးမှ ကူးစက်ခံရသော relapsing fever

အဆိပ်ကြောင့် ပျက်စီးခြင်း

  • ဆေးကြောင့် ဖြစ်သော အသည်းပျက်စီခြင်း (acetaminophen (Tylenol, others) နဲ့ amoxicillin-clavulanate (Augmentin, Amoclans))
  • အဆိပ်ဖြစ်စေသော စက်ရုံတွေမှ ထွက်သာ ဓါတုပစ္စည်းတွေဖြစ်တဲ့ tetrachloride နဲ့ chloroform ကြောင့် အသည်းအဆိပ်သင့်ခြင်း

ရှုပ်ထွေးသော အသည်းနှင့် စနစ်တစ်ခုလုံးထိသော ရောဂါများ

  • Amyloidosis
  • Autoimmune hepatitis
  • Primary biliary cirrhosis
  • Primary sclerosing cholangitis

ဖြစ်နိုင်ခြေများ

Hepatomegaly (အသည်းကြီးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Hepatomegaly ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အရက်အလွန်သောက်ခြင်း – အရက်အလွန်သောက်ခြင်းဟာ အသည်းကို ထိခိုက်စေနိုင်ပါတယ်။

ဆေး၊ ဗီတာမင်၊ သတ္တုဓါတ်တွေ အများအပြား သောက်ခြင်း။ လိုအပ်သည်ထက်ပိုပြီး

  • သောက်ခြင်းဟာ အသည်းထိခိုက်စေနိုင်ပါတယ်။

ဆေးဘက်ဝင်အပင်တွေဖြစ်တဲ့ comfrey,ma huangနဲ့ mistletoe တို့ဟာ အသည်းပျက်စီးနှုန်းကို မြင့်တက်စေနိုင်ပါတယ်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hepatomegaly (အသည်းကြီးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဖြစ်နိုင်တဲ့ အသည်းရောဂါကို ရှာဖွေစမ်းသပ်ဖို့အတွက် ဆရာဝန်က နံရိုးရဲ့အောက် ဗိုက်အပေါ်ညာဘက်ပိုင်းမှာ အသည်းရဲ့ အစွန်းကို စမ်းသပ်မှာဖြစ်ပြီး သူ့အရွယ်အစား၊ ပုံစံ၊ နာကျင်မှု ရှိမရှိကို စစ်ဆေးမှာဖြစ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကြီးနေတဲ့အသည်းဟာ ပျော့ခြင်း၊ မာခြင်း၊ ပုံမှန်မဟုတ်ခြင်းတွေ တွေ့ရှိနိုင်ပါတယ်။ အကျိတ်တွေကိုလည်း စမ်းမိနိုင်ပါတယ်။

ဒီလိုစစ်ဆေးခြင်းဟာ အသည်းအရွယ်အစားကို အကြမ်းမျဉ်းသိရှိနိုင်ပါတယ်။ သေချာအောင်သိဖို့တော့ abdominal ultrasound ကစပြီး imaging tests တွေ လိုအပ်နိုင်ပါတယ်။ ပိုမို အသေးစိတ်တဲ့ ပုံရိပ်တွေ လိုအပ်တယ်ဆိုရင် CT scan နဲ့ MRI တို့ကို လိုအပ်နိုင်ပါတယ်။

အခြားစစ်ဆေးမှုများ

သင့်ဆရာဝန်က အသည်းကြီးပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် အခြားအကြောင်းရင်းတွေကိုရှာဖို့ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ဒီစစ်ဆေးမှုတွေကတော့

သွေးစစ်ဆေးခြင်း – သွေးစစ်ဆေးမှုဟာ အသည်းအင်ဇိုင်းပမာဏကို တိုင်းတာခြင်း ဖြစ်ပါတယ်။ သူဟာ သင့်အသည်းကျန်းမာရေးအကြောင်းကို အရိပ်အမြွက်ပြောပြနိုင်ပါတယ်။ သွေးစစ်ဆေးမှုတွေဟာ အသည်းကြီးခြင်းကို ဖြစ်စေတဲ့ အသည်းရောင်ဗိုင်းရပ်စ်တွေကိုလည်း စစ်ဆေးနိုင်ပါတယ်။

Magnetic resonance elastography ဟာ shear waves တွေကို အသုံးပြုပြီး အသည်းမာခြင်းကို စစ်ဆေးတာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ ခွဲစိတ်ဖို့မလိုအပ်တာကြောင့် အသည်းအသားစယူခြင်းအစား သုံးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အသည်းအသားစယူခြင်း – သင့်ဆရာဝန်ဟာ ဓါတ်ခွဲခန်းမှာ စစ်ဆေးဖို့ အသည်းအသားစ ယူနိုင်ပါတယ်။ အသည်းအသားစ ယူခြင်းကို သေးငယ်တဲ့ အပ်နဲ့ အရေပြားကို ဖေါက်ကာ အသည်းအတွင်းကို စိုက်ပြီး ယူတာဖြစ်ပါတယ်။ အပ်ဟာ အသည်းရဲ့ အဓိက တစ်ရှူးကို စုပ်ယူပြီး ဓါတ်ခွဲခန်းကို ပို့တာ စစ်ဆေးတာဖြစ်ပါတယ်။ သင့်ဆရာဝန်က Ultrasound နဲ့ တွဲပြီး အသုံးပြုရတဲ့ အသားစယူခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

Hepatomegaly (အသည်းကြီးခြင်း) ကို ဘယ်လိုကုသပါသလဲ

အသည်းကြီးခြင်းကို ကုသခြင်းဟာ ဖြစ်စေတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ အရက်ကြောင့်နဲ့ အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်းတွေမှာ အရက်ကိုရှောင်ခြင်း၊ ကျန်းမာစွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကိုယ်အလေးချိန် လျှော့ခြင်းတွေ ပြုလုပ်ခြင်းအားဖြင့် သိသာစွာ သက်သာစေနိုင်ပါတယ်။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Hepatomegaly ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ကျန်းမာစွာ စားသောက်ပါ။ အသီးအရွက်၊ whole grains ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို စားသင့်ပါတယ်။
  • အရက်ကို အလယ်အလတ်သာသောက်ပါ။ သင့်အတွက် ဘယ်လောက်သောက်သင့်သလဲဆိုတာ ဆရာဝန်ကို မေးမြန်းပါ။
  • ဆေး၊ ဗီတာမင်၊ ဖြည့်စွက်စာတွေ အသုံးပြုတော့မယ်ဆိုရင် ညွှန်ကြားချက်ကို လိုက်နာပါ။ အကြံပြုထားတဲ့ ပမာဏကိုသာ အသုံးပြုပါ။
  • ဓါတုပစ္စည်းတွေနဲ့ ထိမိခြင်းမှ ရှောင်ကျဉ်ပါ။ aerosol cleaners၊ ပိုးသတ်ဆေးတွေနဲ့ အခြားအဆိပ်ရှိတဲ့ ဓါတုပစ္စည်းတွေကို လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာသာ အသုံးပြုသင့်ပါတယ်။
  • လက်အိပ်၊ လက်ရှည် နဲ့ မျက်နှာစွပ်တို့ကို အသုံးပြုသင့်ပါတယ်။
  • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ တကယ်လို့ သင့်အလေးချိန်က ပုံမှန်ပဲဆိုရင် ကြိုးစားပြီး ထိန်းသိမ်းသင့်ပါတယ်။ ကိုယ်လေးချိန်လျှော့ဖို့လိုတယ်ဆိုရင်တော့ သင်စားနေတဲ့ အစားအသောက်တွေထဲက တစ်နေ့ကို ကယ်လိုရီနည်းနည်းစီလျှော့ချသင့်ပြီး လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ကျန်းမာစွာ ဘယ်လိုကိုယ်အလေးချိန်လျှော့သင့်သလဲဆိုတာ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။
  • ဖြည့်စွက်စာတွေကို သတိနဲ့ အသုံးပြုပါ။ ဖြည့်စွက်စာတွေ၊ ဆေးဘက်ဝင်အပင်တွေကို အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးကို နှိုင်းယှဉ် စဉ်းစားပါ။
  • ဒီထုတ်ကုန်တွေဟာ အသည်းကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခန္ဓါတောင့်တင်းဆေး၊ ပိန်ဆေးတွေနဲ့ ပေါင်းစပ်ထားတဲ့ ပါဝင်ပစ္စည်းတွေဟာ အသည်းကို ထိခိုက်နိုင်ပါတယ်။ ရှောင်ကျဉ်သင့်တဲ့ အပင်တွေကတော့ germander, chaparral, senna, mistletoe, comfrey, ma huang, valerian root, kava, celandine နဲ့ green tea extracts တို့ပဲဖြစ်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Enlarged Liver http://www.mayoclinic.org/diseases-conditions/enlarged-liver/basics/definition/con-20024769. Accessed July 22, 2016.
Hepatomegaly http://www.healthline.com/symptom/liver-enlarged. Accessed July 22, 2016.
Hepatomegaly https://medlineplus.gov/ency/article/003275.htm. Accessed July 22, 2016.

ယခုပုံစံ

19/01/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement