backup og meta

အသည်းရောဂါအတွက် ကျန်းမာရေးအစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောဂါအတွက် ကျန်းမာရေးအစားအစာများ

    လူကိုးယောက်ကိုစမ်းသပ်ကြည့်တဲ့အခါမှာ ဓါတုပစ္စည်း၅၃မျိုးကြောင့်ကင်ဆာ၊၆၂မျိုးကြောင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာပြဿနာ၊၅၅မျိုးကြောင့်မွေးဖွားခြင်းဆိုင်ရာပြဿနာတွေ တွေ့ရပါတယ်။ ဒီအဆိပ်တွေရဲ့အန္တရာယ်ကနေ ဖယ်ရှားပေးခြင်းအလုပ်ကို ကျွန်ုပ်တို့ရဲ့အသည်းကလုပ်ဆောင်ပေးပါတယ။်

    အသည်းကျန်းမာခြင်း ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ။

    သင့်အသည်းကျန်းမာရေးကို ထိန်းသိမ်းခြင်းဖြင့် အောက်ပါကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေရနိုင်ပါတယ်။

    • အင်အားများလာခြင်း
    • ကိုယ်ခံအားမြင့်တက်လာခြင်း
    • စိတ်ပိုင်းဆိုင်ရာခံစားချက်များ ပိုကောင်းလာခြင်း
    • လေလမ်းကြောင်းနာကျင်မှုမရှိတော့ခြင်း
    • ဗိုက်အောင့်ခြင်း အစာမကြေခြင်းများထပ်မဖြစ်တော့ခြင်း
    • အသက်ရှူရမခက်တော့ခြင်း
    • အရေပြားသန့်စင်လာခြင်း
    • ရာသီသွေးပုံမှန်ဆင်းခြင်း

    အသည်းကျန်းမာရေးအတွက် အစားအစာများ

    ရေ

    ကျွန်ုပ်တို့ခန္ဓါကိုယ်ရဲ့၆၀ရာခိုင်နှုန်းက ရေတွေဖြစ်ပါတယ်။ ကုလားအုတ်တွေလိုတော့ ကျောပေါ်ကအိတ်ကြီးထဲမှာ ရေတွေသိမ်းဆည်းထားလို့တော့

    မရပါဘူး။ ကျွန်ုပ်တို့ခန္ဓါကိုယ်မှာရှိတဲ့ရေတွေကတော့ သွေးလည်ပတ်မှုစီးကြောင်းနဲ့ ဆဲလ်တွေထဲမှာသိမ်းဆည်းထားတဲ့ပမာဏဖြစ်ပါတယ်။ ရေဓါတ်

    လုံလုံလောက်လောက်မရဘူးဆိုရင် အသည်းဟာကျန်းမာနိုင်တော့မှာမဟုတ်ပါဘူး။ အဆိပ်တွေဟာ ခန္ဓါကိုယ်ထဲကနေ ဆီး၊ ချွေးစတဲ့ရေတွေကနေတစ်ဆင့် ထွက်သွားပါတယ်။ တစ်နေ့ကိုရေ၃လီတာလောက်သောက်သင့်ပါတယ်။ အလွန်အကျွံသောက်ရင်လည်း အဆိပ်ဖြစ်စေနိုင်တာကြောင့်အလွန်အကျွံမသောက်သင့်ပါဘူး။

    ပန်းမုန်လာ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ ၊ တရုတ်ဂေါ်ဖီစတာတွေပါဝင်တဲ့ ဟင်းသီးဟင်းရွက်

    ဟင်းရွက်အုပ်စုကြီးဖြစ်ပါတယ်။ ကြက်ခြေခတ်ပုံစံရှိတဲ့ ပွင့်ချပ်ပုံစံတွေမူတည်ပြီး နာမည်ပေးထားတာဖြစ်ပါတယ်။ flavonoids, carotenoids, sulforaphane, and indolesစတဲ့အာဟာရတွေ ပါဝင်ပါတယ်။ သင့်အသည်း ဓါတုပစ္စည်း၊ပိုးသတ်ဆေး၊ ဆေးဝါး၊ ကင်ဆာလှုံ့ဆော်ပစ္စည်းများစတာတွေကို အသည်းကချေဖျက်ရာမှာ ကူညီပေးပါတယ်။

    အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

    ကိုက်လန်၊ ဘရပ်ဆဲလ်အညွှန့်၊ ဂေါ်ဖီထုပ်စတဲ့ အစိမ်းရောင်အရွက်တွေမှာဆာလဖာဓါတ်ကြွယ်ဝပါတယ်။ ဆာလဖာဟာ အသည်းကိုသန့်စင်ရာမှာနာမည်ကြီးဖြစ်ပါတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ချက်စားနိုင်ပါတယ်။ ဒီအမျိုးအစားထဲမှာပါဝင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးကတော့ ဒန့်သလွန်ဖြစ်ပါတယ်။ ဒန့်သလွန်ဟာအသည်းအတွက်အ ကျိုးကျေးဇူးအများဆုံးဆေးဖက်ဝင်အပင်တွေထဲက တစ်ပင်ဖြစ်ပါတယ်။ အသည်းကိုသန့်စင်ပေးရုံသာမက အစာချေရာမှာနဲ့ အဆီစုပ်ယူရာမှာအကူအညီပေးတဲ့သည်းခြေရည်ကို အသည်းနဲ့သည်းခြေမှထုတ်ပေးနိုင်စွမ်းကို များစေပါတယ်။

    ပင်လယ်အောက်ပါင်းသီးဟင်းရွက်များ

    ရေညှိလို့ သိထားကြပါတယ်။ arame, nori, kombu, wakame, hijiki, dulse, agar, kelp စတဲ့နာမည်အမျိုးမျိုးနဲ့ ရေညှိအမျိုးအစားအများကြီးရှိပါတယ်။ ဂျပန်လုူမျိုးတွေရဲအစားအစာမှာ ပါဝင်တာကြောင့် ဂျပန်လူမျိုးတွေမှာ အသည်းရောဂါကြောင့်သေဆုံးနိုင်ချေ အနိမ့်ဆုံးမှာရှိပါတယ်။ ပြင်းထန်တဲ့သတ္ထှုဓါတ်တွေခန္ဓါကိုယ်ကစုပ်ယူမှုကို တားပေးခြင်းဖြင့် အသည်းကိုကာကွယ်ပေးပါတယ်။

    ပဲပင်ပေါက်စေ့၊ အခွံမာသီး၊ ပဲအမျိုးမျိုးနှင့် ကောက်ပဲသီးနှံများ

    အညွှန့်တွေမှာပါတဲ့ပရိုတိန်းနဲ့ အင်ဇိုင်းတွေက အသည်းရဲ့အဆိပ်တွန်းလှန်အားကို တိုးမြင့်စေပါတယ်။

    ကင်ဆာကိုကာကွယ်နိုင်တဲ့ ဓါတုပစ္စည်းတွေလည်းပါပါတယ်။

    ဆာလဖာကြွယ်ဝသောအစားအစာများ

    မာကျူရီတွေကိုဖယ်ရှားခြင်းဖြင့် အဆိပ်ဖြေခြင်းလုပ်ငန်းတွေ လုပ်ဆောင်နိုင်ရန်အသည်းအတွက် ဆာလဖာလိုအပ်ပါတယ်။

    အနံ့ဆိုးပေမဲ့လည်း ဆာလဖာမှာ အရောင်အရမ်းကျစေနိုင်တဲ့အပြင် ကျွန်ုပ်တို့ကိုယ်ခနာအတွက် အကျိုးကျေးဇူးများပါတယ်။

    လူအများစုမှာ ဆာလဖာဓါတ်လုံလုံလောက်လောက်မရကြပါဘူး။ ဆာလဖာပါဝင်တဲ့အစားအစာတွေကတော့

    • ကြက်သွန်ဖြူ
    • ကြက်သွန်နီ၊ ကြက်သွန်နီကလေး၊ ကြက်သွန်မိတ်
    • ဥအမျိုးမျိုး
    • ဂေါ်ဖီထုပ်ကဲ့သို့သော အရွက်ထုပ်ဟင်းပင်တစ်မျိုး
    • ဆေးဖက်ဝင်မှို တရုတ်ဂျပန်တို့တွင် ပေါက်သောမှိုမျိုး

    အသီးအနှံများ

    စတော်ဘယ်ရီ၊ ရားစ်ဘယ်ရီ၊ ခရန်းဘယ်ရီကဲ့သို့သောအသီးတွေဟာ ကျန်းမာရေးနဲ့အလွန်ညီညွှတ်တာကြောင့် superfruitsလို့ ခေါ်ကြပါတယ်။

    အသည်းမှာကင်ဆာဆဲလ်ပြန့်ပွားမှုကို တားနိုင်တဲ့ anthocyanin and polyphenols စတာတွေပါဝင်ပါတယ်။

    ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြောက်များစွာပါဝင်ပြီးဝက်ခြံ၊ အကိုက်အခဲနဲ့ အရွယ်ကျခြင်းကို လျှော့ချပေးပါတယ်။

    အမျှင်ဓါတ်ကြွယ်ဝသည့်အစားအစာများ

    အူလမ်းကြောင်းအစာချေဖျက်ခြင်းလုပ်ငန်းမှာ အကူအည်ီပေးတဲ့ချေဖျက်လို့မရတဲ့ကာဗိုဟိုက်ဒရိတ်တွေဖြစ်ပါတယ်။

    အဆီစုပ်ယူခြင်းကို အားကောင်းစေပြီး အသည်းအဆီဖုံးခြင်းကို လျှော့ချပေးနိုင်ပါတယ်။

    အချဉ်ဖောက်ထားတဲ့အစားအစားများ

    ကင်မ်ချီ၊ သနပ်အချဉ်၊ misoဟင်းချို၊ တို့ဟူးစတာတွေက အူလမ်းကြာင်းမှာအကောင်သေးသေးလေးတွေကို ထပ်ဖြည့်ပေးပြီးတော့ အစာချေခြင်းကိုပိုလွယ်

    ကုူစေပါတယ်။ အချဉ်ဖောက်ထားတဲ့အစားတွေမှာ ပါဝင်တဲ့ဓါတုပစ္စည်းတွေချေဖျက်ရလွယ်ကူတဲ့အတွက်ကြောင့် အသည်းရောဂါသည်အတွက်ချေဖျက်ခြင်းကိုပိုလွယ်ကုူစေပါတယ်။

    ကျန်းမာရေးနှင့်ညီညွတ်သောအဆီများ

    အဆီကနေပြီးတော့ ကျွနိုပ်တို့ အလုပ်လုပ်နိုင်ဖို့အတွက် စွမ်းအင်တွေရရှိပါတယ်။ နှမ်းကြတ်ပင်အစေ့၊ လျှော်ပင်အစေ့၊ အုန်းဆီ၊ သံလွင်ဆီ၊ ထောပတ်သီးစတဲ့

    သဘာဝထုတ်ကုန်တွေကနေရရှိနိုင်ပါတယ်။ ကျန်းမာရေးန့ညီညွတ်တဲံ့မပြည့်ဝဆီတွေပါဝင်ပါတယ်။ အသည်းကျန်းမာစေတဲ့ အိုမီဂါ၃ဖက်တီးအက်ဆစ်

    တွေကိုတော့ ပင်လယ်စာတွေမှာပေါများစွာရနိုင်ပါတယ်။

    ဆေးဖက်ဝင်အပင်များ

    အသည်းကျန်းမာရေးအတွက် အသက်သာဆုံးနည်းလမ်းဖြစ်ပါတယ်။ လက်ဘက်ရည်ထဲခပ်သောက်ခြင်း၊ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အမျိုးမျိုး

    သုံးနိုင်ပါတယ်။ အရောင်အရမ်းကျစေခြင်း ၊ ဗိုင်းရပ်စ်ပိုးများကိုချေဖျက်သုတ်သင်နိုင်စွမ်းရှိခြင်းနှင့် ပိုးမွှားများကိုသုတ်သင်နိုင်စွမ်းခြင်းတွေ တွေ့၇ပါတယ်။

    သင့်အသည်းအတွက် ဆေးဖက်ဝင်အပင်တွေကို ဒီထက်ပိုသိချင်ရင်တော့အသည်းသန့်စင်စေတဲ့ဆေးဖက်ဝင်အပင်များ ဆိုတဲ့ဆောင်းပါးကို ရှာဖွေ

    ဖတ်ရှုနိုင်ပါတယ်။

    အသားများ

    အသည်းကျန်းမာဖို့အတွက် အသားကိုရှောင်စရာမလိုတာမို့ အသားကြိုက်နှစ်သက်သူတွေ ဝမ်းမြောက်နိုင်ပါတယ်။ ဘယ်ကရမှန်းမသိတဲ့အသားများ ၊သေချာစိတ်ချရတဲ့အထိ မချက်ပြုတ်ထားတဲ့ အသားတွေကိုစားမယ်ဆိုရင်အမိုးနီးယားအဆိပ်သင့်စေနိုင်တဲ့အတွက် သေချာရွေးဝယ်ဖို့နဲ့ သေချာချက်ပြုတ်စားဖို့ အရေးကြီးပါတယ်။ အဆီအတွက်ဆိုရင် အဆီနည်းအောင်လှီးဖြတ်ထားတာတွေစားသင့်ပါတယ်။ ကြော်စားတာမျိုးတွေ ရှောင်သင့်ပါတယ်။

    သင်ဟာကမ္ဘာကြီးပေါ်မှာ နေထိုင်နေတာဖြစ်တာကြောင့် အဆိပ်တွေထိကိုထိတွေ့နေရပါတယ်။ နှုတ်ခမ်းမှာဆိုးထားတဲ့နှုတ်ခမ်းဆိုးဆေးကို မတော်တစာစားမိခြင်း၊ အရက်ဆေးလိပ်စတာတွေကိုသောက်ခြင်းစတဲ့ အဆိပ်တွေကိုထိတွေ့နေရပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေနဲ့ ပုံမှန်အသည်းသန့်စင်ပေးခြင်းဖြင့် သင့်အသည်းကိုကျန်းမာအောင် ထိန်းသိမ်းနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Thin Myat Sandi Cho မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement