backup og meta

အလဂျိုင်းရောဂါလက္ခဏာစု (သို့) ရှားပါးသော အသည်းရောဂါတမျိုး

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလဂျိုင်းရောဂါလက္ခဏာစု (သို့) ရှားပါးသော အသည်းရောဂါတမျိုး

    အလဂျိုင်းရောဂါလက္ခဏာစုဆိုတာ ဘာလဲ

    အလဂျိုင်းရောဂါလက္ခဏာစုဆိုတာ မျီုးရိုးဗီဇရောဂါ တမျိုးဖြစ်ပြီး ကလေးတွေမှာ ကာလကြာရှည် ဖြစ်တတ်တဲ့ အသည်းရောဂါနဲ့ တူပါတယ်။ ဒါပေမယ့် အလဂျိုင်းရောဂါလက္ခဏာစုနဲ့ ကလေးတွေမှာ ဖြစ်တဲ့ တခြားအသည်းနဲ့ သည်းခြေလမ်းကြောင်း ရောဂါတွေကြားမှာ ကွဲပြားမှုတွေ ရှိပါတယ်။

    အလဂျိုင်းရောဂါလက္ခဏာစုရှိတဲ့ ကလေးတွေဟာ အသည်းထဲမှာရှိတဲ့ သည်းခြေပြွန်မှာ အနာဖြစ်ပြီး အသည်းပြင်ပက သည်းခြေပြွန်ကိုပါ ကျဉ်းသွားစေပါတယ်။ အသည်းထဲမှာ သည်းခြေများ စုမိသွားရင် အသည်းဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီရောဂါရှိတဲ့ ကလေးများရဲ့ ၂၀-၃၀%ဟာ အသည်းမှာ အမာရွတ်ဖြစ်ပြီး အသည်းခြောက်သွားတတ်ပါတယ်။

    လက္ခဏာများ

    အောက်ပါလက္ခဏာတွေ ရှိပါတယ်။

    – အသားဝါခြင်း

    – ဖျော့တော့ခြင်း

    – ဝမ်းပျက်ခြင်း

    – မွေးပြီးစ ၃လအတွင်း ဖွံ့ဖြိုးမှုနှေးခြင်း

    – ငယ်စဉ်မှာ အသားဝါကြာရှည်ခြင်း၊ ယားယံခြင်း၊ အရေပြားမှာ အဆီစုခြင်း၊ ဖွံ့ဖြိုးကြီးထွားမှုနောက်ကျခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အသက် ၄နှစ်နဲ့ ၁၀နှစ်ကြားထဲမှာ ရောဂါအခြေအနေ သက်သာတတ်ပါတယ်။

    အခြားလက္ခဏာများ

    တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကိုတော့ နှလုံးနှင့်သွေးကြော၊ ကျောရိုး၊ မျက်စိ၊ ကျောက်ကပ် စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။

    နှလုံးနဲ့ အဆုတ်ကြားထဲက သွေးကြောတွေကျဉ်းပြီး နှလုံးညဉ်းသံတွေ ကြားရပါတယ်။ ဒါပေမယ့် နှလုံးရဲ့လုပ်ငန်းကိုတော့ သိပ်ပြီးမထိခိုက်ပါဘူး။ ဓါတ်မှန်ရိုက်ကြည့်ရင် ကျောရိုးဆစ်တွေရဲ့ ပုံစံဟာ လိပ်ပြာတောင်ပံနဲ့ တူနေတတ်ပါတယ်။ ဒါပေမယ့် အများစုဟာတော့ အာရုံကြောပြသနာတွေ မဖြစ်စေပါဘူး။

    အလဂျိုင်းရောဂါလက္ခဏာစုရှိတဲ့ ကလေးများရဲ့ ၉၀%ကျော်ကျော်ဟာ မျက်စိပြသနာရှိတတ်ပါတယ်။

    မျက်စိစစ်ဆေးမှု သေချာပြုလုပ်မှသာ အမြင်အာရုံ ချို့ယွင်းမှု မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ပြသနာများ ရှိတတ်ပြီး ဆီးနဲ့ကျောက်ကပ်လုပ်ငန်းတွေမှာ အပြောင်းအလဲ ရှိလာနိုင်ပါတယ်။

    ဆရာဝန်အများစုဟာ အလဂျိုင်းရောဂါလက္ခဏာစုမှာ ထူးခြားတဲ့ မျက်နှာသွင်ပြင်ရှိလို့ အလွယ်တကူ သိနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သွင်ပြင်များကတော့ နှဖူးကျယ်ပြီးမောက်နေခြင်း၊ မျက်လုံးအိမ်ချိုင့်ခြင်း၊ နှာတံစင်းခြင်း၊ မေးစေ့ချွန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    အလဂျိုင်းရောဂါလက္ခဏာစဟာ ဖခင်ဖြစ်စေ မိခင်ဖြစ်စေ တဦးဦးဆီကပဲ လက်ခံရရှိပြီး ကလေးတိုင်းမှာ ဖြစ်နိုင်ခြေ ၅၀%ရှိပါတယ်။ အလဂျိုင်းရောဂါလက္ခဏာစုဟာ မျိုးရိုးဆက်ခံခြင်းဖြင့် ဖြစ်တတ်ကြောင်း မကြာသေးမီက သိခဲ့ကြပါတယ်။ ရောဂါရှိသူများမှာ ဒီရောဂါလက္ခဏာစုရဲ့ လက္ခဏာ အားလုံး ဒါမှမဟုတ် အနည်းငယ်ကို တွေ့ရပါတယ်။

    မိသားစုဝင်တွေမှာ ပုံစံဆင်တူရှိကြပါတယ်။ လိပ်ပြာပုံစံ ကျောရိုးဆစ်တွေ ရှိပါတယ်။ ဒါပေမယ့် အသည်းနဲ့ ကျောက်ကပ်များဟာ ပုံမှန်ပါပဲ။

    ကုသမှု

    အလဂျိုင်းရောဂါလက္ခဏာစုကို ကုသမှုဟာ အသည်းကနေ သည်းခြေစီးဆင်းမှုကို မြှင့်တင်ပေးခြင်း၊ ပုံမှန်ဖွံ့ဖြိုးကြီးထွားမှုကို ထိန်းသိမ်းခြင်း၊ အာဟာရဓါတ် ချို့တဲ့မှုကို ကာကွယ်ကုသခြင်းများပေါ် အခြေခံပါတယ်။ အလဂျိုင်းရောဂါလက္ခဏာစုမှာ အသည်းမှ အူများထဲကို သည်းခြေရည် စီးဆင်းမှုဟာ နှေးသွားတာကြောင့် ursodeoxycholic လို သည်းခြေစီးဆင်းမှုကို မြင့်တက်စေတဲ့ဆေးများ ပေးရပါတယ်။

    သည်းခြေရည်ပိတ်လို့ဖြစ်တတ်တဲ့ သွေးနဲ့အသားအရေ ယားယံမှုတွေကိုလည်း သက်သာအောင် ကုရပါတယ်။ ယားယံမှုသက်သာစေတဲ့ ဆေးများကို အသုံးပြုရပါတယ် (ဥပမာ Benadryl, Atarax)။ သည်းခြေရည်စီးဆင်းမှုကို မြှင့်တင်ပေးတဲ့ ဆေးဝါးများဟာ သွေးတွင်းကိုလက်စထရောဓါတ်ကို မြင့်တက်စေပါတယ်။ ကိုလက်စထရောမြင့်တက်လာရင် ဒူးခေါင်း၊ တံတောင်ဆစ်၊ လက်ဖဝါး၊ မျက်ခွံနဲ့ တခြားနေရာမှာ သေးငယ်တဲ့ အဝါရောင်အဆီအနှစ်များ စုဝေးလာပါတယ်။ သွေးတွင်းက ကိုလက်စထရောဓါတ်ကို လျှော့ချပေးခြင်းဟာ အရေပြားထဲက ကိုလက်စထရောဓါတ်ကိုလည်း လျော့ကျစေပါတယ်။

    အလဂျိုင်းရောဂါလက္ခဏာစုရှိတဲ့ ကလေးများရဲ့ မျှော်မှန်းသက်တမ်းကို မခန့်မှန်းနိုင်ပါဘူး။ အကြောင်းအရာမျိုးစုံပေါ် မူတည်ပါတယ်။ အသည်းက အမာရွတ်ရဲ့ ဆိုးရွားမှု၊ အဆုတ်သွေးလွှတ်ကြော ကျဉ်းမြောင်းခြင်း ရှိမရှိကြောင့် နှလုံးနဲ့ အဆုတ်ပြသနာမျး ရှိမရှိ၊ အာဟာရဓါတ် ချို့တဲ့ခြင်း လက္ခဏာများရှိမရှိ စတဲ့အချက်တွေပေါ် မူတည်ပါတယ်။ အလဂျိုင်းရောဂါစုရှိတဲ့ အရွယ်ရောက်ပြီးသူ အတော်များများဟာ ပုံမှန်အသက်ရှင်ကြပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement