သင့်အနေဖြင့် ကြို့ထိုးခြင်းနှင့် လေဖြတ်ခြင်းသည် ဆက်စပ်မှု့ မရှိသော အကြောင်းအရာ တစ်ခုဟု သင်ထင်နေပါသလား။ သင်ထင်မြင်ချက်မှန်မမှန် အောက်ပါဆောင်းပါးကို ဆက်လက်ဖတ် ရှူပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
သင့်အနေဖြင့် ကြို့ထိုးခြင်းနှင့် လေဖြတ်ခြင်းသည် ဆက်စပ်မှု့ မရှိသော အကြောင်းအရာ တစ်ခုဟု သင်ထင်နေပါသလား။ သင်ထင်မြင်ချက်မှန်မမှန် အောက်ပါဆောင်းပါးကို ဆက်လက်ဖတ် ရှူပါ။
ကြို့ထိုးခြင်းသည် ရင်ဝမ်းခြားမြှေး၏ စိတ်ထိန်းချုပ်မှု့ မရှိဘဲ ရုတ် တရက် လှုပ်ရှားမှု့ကြောင့် ဖြစ်ရပါသည်။ ရင်ဝမ်းခြားမြှေးသည် အ ဆုတ်၏ အောက်ခြေတွင် ကပ်နေသော ကြွက်သားအပြားကြီး ဖြစ် ပါသည်။ နံရိုးကြားကြွက်သား များနှင့်အတူ အသက်ရှူခြင်း လုပ် ငန်းစဉ်တွင် ပါဝင်ပါသည်။ ရင်ဝမ်းခြားမြှေး၏ လှုပ်ရှားမှု့ကြောင့် အ သံကြိုးကို ရုတ်တရက် လှုပ်ရှားစေပြီး ကြို့ထိုးသံဖြစ် စေပါသည်။ အများအားဖြင့် ကြို့ထိုးခြင်းသည် ဘာမှလုပ်ရန် မလိုဘဲ မိနစ်အ နည်းငယ်အတွင်း ပျောက်ကင်းပါသည်။ လူအများစုသည် အနည်း ဆုံး တသက်တကြိမ် ကြို့ထိုးဖူးပါမည်။ သို့သော် ၄၈နာရီထက် ပို၍ ကြို့ထိုးခြင်းသည် ပုံမှန်မဟုတ်ဘဲ ဆေးကုသမှု့ ခံယူရန် လိုအပ်ပါမည်။
ရက်သတ္တပတ်ပေါင်း များစွာ ကြို့ထိုးနေခြင်းသည် လေဖြတ်ခြင်း အပါအဝင် ရောဂါအခံ တစ်မျိုးမျိုး ရှိနေနိုင်ပါသည်။ ထိုကြောင့် ကြို့ထိုးမပျောက်ပါက အခြား လေဖြတ်လက္ခဏာများကို ရှာဖွေပါ။
အထက်တွင် ဖော်ပြခဲ့သလိုပင် ကြို့ထိုးခြင်းသည် လေဖြတ်ခြင်း၏ လက္ခဏာဖြစ်နိုင်သည့် အတွက် ဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်ပါသည်။
ကြို့ထိုးရခြင်းတွင် အများအားဖြင့် တိကျသော အကြောင်းရင်း သိပ်မရှိတတ်ပါ။ လူတိုင်းလူတိုင်း တစ်ကြိမ်မဟုတ် တစ်ကြိမ်ကြုံ တွေ့နိုင်ပါမည်။ ကာလတို ကြို့ထိုးခြင်း၏ အခြားသော အကြောင်းရင်းများမှာ
ကာလတို ကြို့ထိုးခြင်းသည် အများအားဖြင့် ဆေးကုသရန် မလိုအပ်ပါ။ ကာလရှည် (၄၈နာရီထက် ပို၍) ကြို့ထိုးခြင်းသည် အောက်ပါ အခြေအနေများကြောင့် ဖြစ်နိုင်ပါသည်။
ကြို့ထိုးခြင်းသည် ပုံမှန်ပြဿနာ တစ်ခုဖြစ်နိုင်ပါသည်။ သို့သော် ကာလရှည် ဖြစ်ခြင်းသည် လေဖြတ်ခြင်းကဲ့သို့ ပြင်းထန်သော ရော ဂါများကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကာလရှည် ကြို့ထိုးနေ ပါက ဆရာဝန်နှင့် သေချာစွာ ပြသရန်လိုအပ်ပါသည်။ သို့မှသာ သင်အနေဖြင့် နောက်ဆက်တွဲ ဆိုးကျိုးမှား မဖြစ်မီ ကာကွယ်နိုင် မည် ဖြစ်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။