backup og meta

လေဖြတ်ခြင်းကြောင့် သိမြင်နားလည်မှုပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

လေဖြတ်ခြင်းကြောင့် သိမြင်နားလည်မှုပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

သိမြင်နားလည်ခြင်းဆိုတာ ဦးနှောက်ဟာ အာရုံ၅မျိုး (အမြင်၊ အကြား၊ အထိအတွေ့၊ အနံ့၊ အရသာ) ကနေ သတင်းအချက်အလက်တွေ လက်ခံစိစစ်တဲ့ နည်းလမ်းကို ဆိုလိုပါတယ်။ လေဖြတ်ခြင်းဟာ သင့်ရဲ့သိမြင်နားလည်ခြင်းကို သိသာစွာ ပြောင်းလဲသွားစေပါတယ်။ ဖြစ်နိုင်တဲ့ အပြောင်းအလဲတွေကတော့

  • အရေပြားထုံနေခြင်း
  • သင့်ကိုယ်ခန္ဓါ အစိတ်အပိုင်း အပါအဝင် အရာဝတ္ထုများ၏ ပုံပန်းသဏ္ဍာန်ကို မမှတ်မိနိုင်ခြင်း
  • အမြင်အာရုံမကောင်းခြင်း
  • အကွာအဝေး မသိခြင်း၊ ဝဲယာ မခွဲနိုင်ခြင်း

ကောင်းစွာ မရပ်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါ သိမြင်နားလည်မှု ပြောင်းလဲခြင်းတွေဟာ သင့်ဘဝကို ဘက်ပေါင်းစုံကနေ ကြီးမားတဲ့လွှမ်းမိုးမှု ရှိပါတယ်။ အဝတ်အစားလဲခြင်း၊ ရေချိုးခြင်းစတဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ ခက်ခဲလာပါလိမ့်မယ်။ တခြားတယောက်ယောက်က ကိုယ့်ကို ဘာပြောလိုက်တယ်ဆိုတာ အလွယ်တကူ မေ့သွားနိုင်ပါတယ်။ နာမည်တွေကို မမှတ်မိဘဲ ဖြစ်တတ်ပါတယ်။ လူမှုဆက်ဆံရေးနဲ့ ပတ်သက်သမျှဟာ သင့်အတွက် အိပ်မက်ဆိုးလို ဖြစ်နေပါတယ်။ တခါတရံမှာ မီးဖိုပိတ်ဖို့ မေ့သွားတာ၊ ဆေးသောက်ဖို့ မေ့သွားတာစတဲ့ ဘေးမကင်းတဲ့ကိစ္စတွေ ကြုံလာနိုင်ပါတယ်။ လမ်းမပေါ် လမ်းလျှောက်ခြင်းဟာ မိမိရင်းနှီးတဲ့နေရာဆိုရင်တောင်အန္တရာယ်များပါတယ်။

ကံမကောင်းတာက ဒီပြသနာအတွက် အမြန်နည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ လုပ်နိုင်တဲ့တခုတည်းသော အရာကတော့ သင့်ရဲ့ ကုသမှုပုံစံနဲ့ ပတ်သက်ပြီး ကုထုံးဆရာနဲ့ တိုင်ပင်ဖို့ပါပဲ။ စကားပြောခြင်းကတော့ အရေးအကြီးဆုံးအပိုင်းပါပဲ။ စကားပြောဆိုရ ခက်ခဲလို့ သင်ချစ်ခင်တဲ့သူတွေနဲ့ ဆက်သွယ်ပြောဆိုခြင်းကို မရပ်တန့်လိုက်ပါနဲ့။ သင့်မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ သင့်ကိုကူညီလိုပေမယ့် သင်က အရင်ပြောမှ သိမှာပါ။ သင်ဘာတွေကြောင့် အနှောင့်အယှက်ဖြစ်သလဲ၊ သင်နေလို့ ပိုကောင်းအောင် ဘာတွေကူညီရမလဲဆိုတာ သူတို့ကို ပြောပြပါ။ မှတ်ဉာဏ်ပိုင်းအားနည်းရင် မှတ်စုချရေးထားပြီး ဆောင်ထားပါ။ အရေးကြီးကိစ္စတွေဆိုရင် ဖုန်းနှိုးစက်ကို သုံးပြီး သတိပေးနိုင်ပါတယ်။ သိမြင်နားလည်ခြင်း ပြောင်းလဲသွားတာဟာ လေဖြတ်ပြီး သင်ရင်ဆိုင်ရတဲ့ တခြားအရာတွေလိုပါပဲ။ သင့်ဦးနှောက်ကို များများအလုပ်ပေးလေ ပိုကောင်းလေ ဖြစ်ပါတယ်။ ဒါပေမယ့် ကိစ္စအားလုံးဟာ အချိန်တော့ ယူရပါတယ်။ ကြိုးစားတာကောင်းပေမယ့် သိပ်ပြီးပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး။ သင်လုပ်နိုင်တာထက်ပိုပြီး မိမိကိုယ်ကို တွန်းအားပေးမိရင် စိတ်ဓါတ်ကျဆင်းလာပြီးပြန်ပြီးသက်သာလာခြင်းဟာ နှေးသွားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Thinking and perception after stroke fact sheet. https://strokefoundation.com.au/about-stroke/help-after-stroke/stroke-resources-and-fact-sheets/thinking-and- perception-after-stroke-fact- sheet.

Assessed September 11, 2016

Stroke: Perception Changes – Topic Overview. http://www.webmd.com/stroke/tc/stroke-perception-changes-topic- overview

Assessed September 11, 2016.

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement