backup og meta

ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းဟာ လေဖြတ်နိုင်ခြေမြင့်စေတဲ့ အကြောင်းဖြစ်သလား

ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းဟာ လေဖြတ်နိုင်ခြေမြင့်စေတဲ့ အကြောင်းဖြစ်သလား

CDC မှ သုတေသီတဦးဖြစ်သူ Elena V Kuklina ရဲ့ အဆိုအရ ကိုယ်ဝန်ဆောင်ကာလအတွင်းနဲ့ မွေးဖွားပြီးချိန်မှာ လေဖြတ်မှုနှုန်း မြင့်တတ်ပါတယ်။ ၁၉၉၄-၉၅ မှ ၂၀၀၆-၀၇ ကာလအတွင်း ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ လေဖြတ်ခြင်းတွေကို နှိုင်းယှဉ်လေ့လာရာမှာ လေဖြတ်မှုနှုန်းဟာ ၅၀%ထိ မြင့်တက်ကြောင်း Kuklina နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များဟာ တွေ့ရှိခဲ့ပါတယ်။ သွေးတိုးခြင်းနှုန်းမြင့်မားတာဟာ လေဖြတ်မှုကို မြင့်စေတဲ့ အကြောင်းပါပဲ။

ဒီလေ့လာမှုစာတမ်းမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးစဉ်နဲ့ ကလေးမွေးပြီးချိန်စတဲ့ အချိန်ကာသုံးခုနဲ့ သွေးခဲလေဖြတ်ခြင်း၊ သွေးကြောပေါက်လေဖြတ်ခြင်း၊ ယာယီလေဖြတ်ခြင်းစတဲ့ လေဖြတ်ခြင်း အမျိုးအစားအားလုံးနဲ့ ပေါင်းစပ်လေ့လာခဲ့ပါတယ်။ ယခုကာလမှာ အမျိုးသမီးတွေဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကထက် ပိုပြီးလေဖြတ်နိုင်ခြေများပါတယ်။ ကိုယ်ဝန်ဆောင်စဉ်လေဖြတ်ခြင်းကို ကြုံဖူးတဲ့ အမျိုးသမီးများရဲ့ ၄၁%ဟာ သွေးတိုးရှိကြောင်း လေ့လာမှုမှာပါဝင်တဲ့ ဆေးမှတ်တမ်းတွေအရ သိရပါတယ်။ သွေးတိုးခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာ လေဖြတ်နိုင်ခြေ ၆ဆအထိ မြင့်မားတယ်လို့ Kukline က ယုံကြည်ပါတယ်။

ကိုယ်ဝန်ဆောင်လေဖြတ်ခြင်းအတွက် တခြားဖြစ်ပွားနိုင်ခြေ အကြောင်းအရာများကတော့ အဝလွန်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ ဆေးချိုရှိခြင်းနဲ့ သွေးရဲ့အနေအထား စတာတွေဖြစ်ပါတယ်။ ဒီသုတေသနမှာ ကန့်သတ်ချက်တွေတော့ ရှိပါတယ်။ ဥပမာ လူမျိုးများစွာအပေါ် မခြုံငုံမိပါဘူး။ ဒါပေမယ့် မိခင်လောင်းတွေအတွက် သူတို့ရဲ့ နေထိုင်မှုပုံစံ ပြောင်းလဲဖို့ကိုတော့ ကောင်းကောင်း တိုက်တွန်းနိုင်ပါတယ်။

ကျန်းမာရေးပြသနာတွေဟာ အသက်ကြီးပြီး ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေအတွက်ပဲ မဟုတ်ပါဘူး။ ငယ်ရွယ်တဲ့ အမျိုးသမီးတွေပါ ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို တတ်နိုင်သမျှ ပြောင်းလဲဖို့ အကြံပြုလိုပါတယ်။ ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းဟာ သင့်ကလေးကို ကာကွယ်ဖို့ ကနဥိးအဆင့် ဖြစ်ပါတယ်။ တခြားကိစ္စရပ်တွေမှာတော့ ရှိပြီးတဲ့ပြသနာတွေ ဥပမာ သွေးတိုးတာ ကိုလက်စထရောများတာကို ဖြေရှင်းဖို့၊ မျှတအောင်စားသောက်ဖို့၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ စတာတွေ ပါဝင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Strokes During Pregnancy, Childbirth on the Rise.http://www.webmd.com/baby/news/20110728/strokes-during-pregnancy- childbirth-on-the-rise#1 Assessed September 11,2016

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement