backup og meta

Burners and Stingers (အာရုံကြောညပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Burners and Stingers (အာရုံကြောညပ်ခြင်း) ကဘာလဲ။

ထိခိုက်မိခြင်းကြောင့် လည်ပင်းနှင့် ပုခုံးရှိ အာရုံကြောများ ဆွဲဆန့်မိခြင်း၊ ဖိမိခြင်းဖြစ်သည်။ တွန်းတွန်းတိုက်တိုက်ကစားရသည့် အားကစားနည်းများတွင် ဖြစ်လေ့ရှိပြီး ပုခုံးမှ လက်တလျှောက်လုံး စူးရှ၊ ပူလောင်သည့် နာကျင်မှုကိုခံစားရစေသည်။ လက်တလျှောက်ဓါတ်လိုက်သလို၊ လျှပ်စီးထိသလို ခံစားမှုမျိုးဖြစ်သည်။

အများအားဖြင့် အာရုံကြောညပ်ခြင်းသည် ယာယီသာဖြစ်ပြီး မြန်မြန်ဆန်ဆန် ပျောက်ကင်းသက်သာသွားလေ့ ရှိသည်။

Burners and Stingers (အာရုံကြောညပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Burners and Stingers (အာရုံကြောညပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အာရုံကြောညပ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လည်ပင်းနဲ့ ပုခုံးကြားစူးရှ၊ ပူလောင်သည့် နာကျင်မှု၊ ဓါတ်လိုက်သလို ခံစားမှုမျိုးရရှိခြင်း

လက်မောင်း၊ လက်နှင့် လက်ချောင်းများတွင် စူးရှ ပူလောင်ခြင်း၊ ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ ပုခုံးနှင့် လက်မောင်းတွင် ပင်အပ်ငယ်များဖြင့် ထိုးသကဲ့သို့ ခံစားရခြင်း

ဖြစ်သည့်နေရာတွင်ပူနွေးခြင်း တို့ဖြစ်ပါတယ်။

ခေါင်းကိုက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ မူးဝေခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်လျှင် ဦးနှောက်ထိခိုက်သည့် လက္ခဏာဖြစ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Burners and Stingers (အာရုံကြောညပ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လက်အာရုံကြောအစုအဖွဲ့ကို ထိခိုက်မိခြင်းကြောင့် ဖြစ်သည်။ ခေါင်းကို ဘေးဘက် သို့မဟုတ် အောက်ဘက်သို့ အားနှင့် အတွန်းခံရလျှင် ဖြစ်လေ့ရှိသည်။ လည်ပင်းခေါက်သည့် အချိန်တွင် အနီးအနားရှိ အာရုံကြောညပ်မိခြင်းဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Burners and Stingers (အာရုံကြောညပ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အာရုံကြောညပ်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် တွန်းတိုက်ကစားရသည့် အားကစားနည်း ကစားသူများ။

နပန်းပွဲ၊ ဘောလုံးပွဲများတွင် လဲသည့်အခါ ခေါင်းနှင့်ကျလျှင် ဖြစ်လေ့ရှိသည်။ အမေရိကန်ဘောလုံးကစားနည်းတွင် ပိတ်ဆို့ကစားခြင်းသည် အာရုံကြောညပ်နိုင်ခြေ အများဆုံးကစားပုံဟု ဆိုရမည်။ ဘောလုံးနောက်တမ်းကစားသမားများ၊ တိုက်စစ်မှူးများသည် ထိုဒဏ်ရာမျိုးပိုရလေ့ရှိသည်။

ကျောရိုးအခေါင်းပေါက်ကျဉ်းခြင်း။

တွန်းတိုက်ကစားရသည့် အားကစားအပြင် ကျောရိုးအခေါင်းပေါက်ကျဉ်းခြင်းကလည်း အာရုံကြောညပ်နိုင်ခြေ မြင့်မားစေသည်။ ခဏခဏ အာရုံကြောညပ်တတ်သော ကစားသမားများသည် ထိုသီု့မဖြစ်သည့် ကစားသမာများထက် ကျောရိုးအခေါင်းပေါက်ကျဉ်းနေတတ်သည်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ အာရုံကြောညပ်ခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Burners and Stingers (အာရုံကြောညပ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ရောဂါလက္ခဏာများနှင့် ဒဏ်ရာရရှိခဲ့ပုံအကြောင်း မေးမြန်းဆွေးနွေးပါမည်။ ဓါတ်မှန်၊ သံလိုက်ဓါတ်မှန်နှင့် အာရုံကြောစစ်ဆေးမှုများကို အများအားဖြင့် လုပ်လေ့မရှိပါ။

အောက်ပါ လက္ခဏာများရှိပါက ထပ်ဆင့်စစ်ဆေးမှုများ လုပ်ရန်လိုအပ်သည်။

သုံးလေးရက်ထက်ပို၍ လက်အားနည်းနေခြင်း

လည်ပင်းနာခြင်း

လက်နှစ်ဘက်လုံးတွင် ဝေဒနာခံစားရခြင်း

အကြောညပ်ခဲ့ဖူးသည့် ရာဇဝင်ရှိခြင်း

Burners and Stingers (အာရုံကြောညပ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကစားသမားကို နောက်ထပ်မထိခိုက်မိအောင် ထားပါ။ ရောဂါလက္ခဏာများ အရှင်းပျောက်သည်အထိ အားကစားပြန်လုပ်ခွင့် မရှိပါ။ မိနစ်အနည်းငယ်မှ သုံးလေးရက်အထိ ကြာနိုင်သည်။ လက်အားနည်းနေခြင်း၊

လည်ပင်းနာခြင်းရှိနေပါက လုံးဝပြန်မကစားသင့်ပါ။

အချိန်နှင့်အမျှ သက်သာလာမည်ဖြစ်သော်လည်း သုံးလေးရက်အတွင်း မသက်သာလျှင် လှုပ်ရှားမှုအားပြန်ကောင်းရန် လေ့ကျင့်ခန်း/ကုထုံးဆရာနှင့် လေ့ကျင့်ရန် လိုသည်။

အာရုံကြောခဏခဏ ညပ်တတ်ပါက ဆရာဝန်မှ အားကစားလုပ်နေစဉ် ဝတ်ဆင်ရန် အထူးလည်ပင်းကော်လာ၊ သို့မဟုတ် ပုခုံးထောက်များ ပေးလိမ့်မည်။ ဥပမာ ပုံမှန်ပုခုံးထောက်၏ အောက်တွင်ဝတ်ရသော spider pad နှင့် အထက်တွင်ဝတ်ရသော cowboy collar

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အာရုံကြောညပ်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်အာရုံကြောညပ်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

လည်ပင်းနဲ့ ပုခုံးကြွက်သားများကို တတ်နိုင်သမျှ သန်မာအောင်ထားပါ။ တောင့်မထားပါနှင့်။ သိုမှသာ ထိုနေရာများကို ထိခိုက်မိလျှင် ခံနိုင်ရည်ရှိမည်။

အားကစားမလုပ်ခင် လည်ပင်းကြွက်သားများကို အကြောလျှော့ပေးပါ။

အကာအကွယ် ကိရိယာများ တပ်ဆင်ပါ။ ဥပမာ ယခင်က အာရုံကြောညပ်ဖူးသူဖြစ်လျှင် ဘောလုံးသမာအတွက် လည်ပင်းကော်လာ၊ အထူးပြုလုပ်ထားသော ပုခုံးထောက်များ ဝတ်ဆင်ခြင်း

နည်းစနစ်မှန်မှန် ကစားတတ်အောင် သင်ယူပါ။ ဥပမာ ဘောလုံးကစားရာတွင် ခေါင်းနှင့်စတင် မဝင်ရန်

အာရုံကြောညပ်ပြီးပါက ပြန်ကစားရန် အချိန်ယူပါ။ အားနည်းနေခြင်း၊ ထုံကျဉ်ခြင်း၊ လည်ပင်းနာခြင်းတို့ဖြစ်ပါက ဝင်မကစားပါနှင့်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Burner (Stinger). http://kidshealth.org/en/teens/burners.html. Accessed November 3, 2017.
Burners and Stingers. http://orthoinfo.aaos.org/topic.cfm?topic=a00027. Accessed November 3, 2017.

(Learn about . What are the symptoms, the causes and how to treat this condition? What can we do to cope and prevent its symptoms?)

ယခုပုံစံ

26/08/2022

Dr. May Myat Hnin Aung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr. May Myat Hnin Aung မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement