brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ချာချာလည်မူးဝေခြင်းကို ကျော်လွှားနိုင်ရန် အကြံပြုချက်များ

ချာချာလည်မူးဝေခြင်းသည် လူများကို ကောင်းစွာ အလုပ်လုပ်ရန်၊ စာ လေ့လာရန် ခက်ခဲစေသည်။ ထို့ကြောင့် ချာချာလည် မူးဝေခြင်းကို ကျော်လွှားရန် အကြံပြုချက်များ လိုအပ်သည်။

ချာချာလည်မူးဝေခြင်းကို ကျော်လွှားနိုင်ရန် အကြံပြုချက်များ

ချာချာလည်မူးဝေခြင်း ဆိုတာဘာလဲ။

ချာချာလည်မူးဝေခြင်းဆိုသည်မှာ ပတ်ဝန်းကျင်ရှိ ကမ္ဘာ ကြီး လည်ပတ်နေသည်ဟု ခံစားရသော အခြေအနေတစ်ခု ဖြစ်သည်။

ချာချာလည်မူးဝေခြင်းကို ဖြစ်စေသော အကြောင်းရင်းများ

အထက်တွင် ဖော်ပြထားသကဲ့သို့ အတွင်းနား ပြဿနာ များသည် ချာချာလည်မူးဝေခြင်းကို ဖြစ်စေသည်။ ထိုပြဿနာ များမှာ-

BPPV

BPPV ဆိုသည်မှာ benign paroxysmal positional vertigo ( ကင်ဆာမဟုတ်သော ရုတ်တရက်ဖြစ်သော နေရာ ကြောင့်ဖြစ်သော ချာချာလည်မူးဝေခြင်း) ၏ အတိုကောက် ဖြစ်သည်။ BPPV ဖြစ်သောအခါ ကယ်စီယမ် အမှုန်များ၊ အနည်အနှစ်များသည် အတွင်းနား ပြွန်အတွင်းသို့ ကျသည်။ ထိုအခါ နားသည် မှားယွင်းသော အချက်ပြမှုများကို ဦးနှောက် သို့ ပို့လွှတ်ပြီး ခန္ဓါကိုယ် မျှခြေကို ဆုံးရှုံးစေသည်။ BPPV ကို ဖြစ်စေသော တိကျသော အကြောင်းရင်းမရှိပါ။ အသက်ကြီး သောကြောင့် ဖြစ်နိုင်သည်။

Meniere’s disease

ဤရောဂါသည် နားထဲတွင် အရည်များ စုလာပြီး ပုံမှန် ဖိအားကို လွှမ်းမိုးလာသောအခါ ဖြစ်ပွားသည်ဟု ဆိုသည်။

Vestibular neuritis

ဗိုင်းရပ်စ်ကူးစက်ခြင်းသည် နားပြဿနာများ ဖြစ်စေသော အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။ Vestibular neuritis သည် ရောင်ရမ်းမှုကိုဖြစ်စေပြီး ခန္ဓါကိုယ် မျှခြေကိုထိန်းထား ပေးသော အတွင်းနား အာရုံကြောများကို ထိခိုက်စေသည်။

ချာချာလည်မူးဝေခြင်းအတွက် ကုသမှု

တစ်ခါတစ်ရံ ချာချာလည် မူးဝေခြင်းသည် ကုသမှုမယူဘဲ ပျောက်ကင်းသွားသည်။ သို့သော် အများစုတွင် ချာချာလည် မူးဝေခြင်းကို သေချာကုသရန် လိုအပ်သည်။ ကုသမှုသည် ချာချာလည် မူးဝေခြင်းကို ဖြစ်စေသော အကြောင်းရင်းပေါ် မူတည်သည်။

Vestibular ပြန်လည်သန်စွမ်းအောင်လုပ်ခြင်း

Vestibular စနစ်သည် ခန္ဓါကိုယ်လှုပ်ရှားမှုနှင့်ဆိုင်သော အချက်ပြမှုများကို ဦးနှောက်သို့ ပို့ပေးသည်။ ထိုစနစ်ကြောင့် ဦးနှောက်က သိရှိပြီး လူများကို မျှခြေထိန်းနိုင်အောင် လုပ်ပေး သည်။ Vestibular ပြန်လည်သန်စွမ်းအောင်လုပ်ခြင်းသည် Vestibular စနစ်ကို ပိုမိုသန်မာလာအောင်ကူညီပေးသော ကုထုံး တစ်မျိုး ဖြစ်သည်။

Canalith repositioning maneuvers

ဤကုထုံးသည် BPPV ကို ထိန်းချုပ်ရန်အတွက် ဖြစ်သည်။ ၎င်းတွင် အတွင်းနားအခန်းထဲမှ ကယ်စီယမ် အမှုန့်များ ထွက်သွားစေရန် ခေါင်းနှင့်ခန္ဓါကိုယ် လှုပ်ရှားမှုများ ပါဝင် သည်။ ထို့နောက် ထိုအမှုန်များကို ခန္ဓါကိုယ်မှ စုပ်ယူလိုက် သည်။ ဤကုထုံးသည် ဘေးကင်းပြီး ထိရောက်မှု ရှိစေရန် အထူးကုဆရာဝန်ထံမှ လမ်းညွှန်ချက် လိုအပ်သည်။

ဆေးများ

ချာချာလည် မူးဝေခြင်းသည် ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့် ဖြစ်ပါက လူနာကို ပဋိဇီဝဆေးများ သို့မဟုတ် စတီးရွိုက်များ တိုက်ပါ။ ထိုဆေးများသည် ရောင်ရမ်းခြင်းကို သက်သာစေပြီး ရောဂါပိုးကူးစက်ခြင်းကို တိုက်ဖျက်နိုင်သည်။

Meniere’s disease တွင် ဆရာဝန်သည် လူနာအား ဆီးဆေးများ ပေးပါလိမ့်မည်။ အရည်များ စုပုံခြင်းကို ထိန်းချုပ်ရန် ဖြစ်သည်။

ခွဲစိတ်ကုသခြင်း

အချို့ကိစ္စများတွင် လူနာသည် ချာချာလည် မူးဝေခြင်း ပျောက်ကင်းရန် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ ချာချာလည် မူးဝေခြင်းသည် အရင်းခံပြဿနာများ ဥပမာ- အကျိတ် သို့မဟုတ် လည်ပင်း၊ ဦးနှောက်တွင်ရှိသော ဒဏ်ရာများ ကြောင့် ဖြစ်ပွားသည်။ ထိုအခါ ထိုအရာများကို ဖယ်ရှား ပေးနိုင်သော ခွဲစိတ်ကုသခြင်းသည်သာ လူနာအား ကယ်တင် နိုင်သည်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Zin Wai Yan Lin · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။