brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Subarachnoid Hemorrhage (ဦးနှောက်သွေးယိုခြင်းနှင့် သွေတိုးရောဂါ အရေးပေါ်အခြေအနေများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Subarachnoid Hemorrhage (ဦးနှောက်သွေးယိုခြင်းနှင့် သွေတိုးရောဂါ အရေးပေါ်အခြေအနေများ) ကဘာလဲ။

သွေးတိုးခြင်းဆိုင်ရာ အရေးပေါ်အခြေအနေတွေက ဘာတွေလဲ။

သွေးပေါင်ချိန်တက်ခြင်းက နာတာရှည်ရောဂါဖြစ်ပြီး နှစ်တွေကြာလာတာနဲ့အမျှ သွေးကြောတွေနှင့် အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေလာနိုင်ပါတယ်။

တချို့အခြေအနေတွေမှာ သွေးတိုးခြင်းလျှင်မြန်စွာဖြစ်ပေါ်လာပြီး ဆိုးဆိုးရွားရွားဖြစ်ကာ သွေးတိုးခြင်းအရေးပေါ်အခြေအနေဖြစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေမှာ နာမကျန်းမှုတွေနှင့် သေဆုံးမှုတွေကို လျှော့ချဖို့အတွက် ကိုယ်အင်္ဂါပိုင်းစွမ်းရည်တွေနှင့် သွေးပေါင်တွေကို အစောပိုင်းတွေ့ရှိသုံ့သပ်ခြင်းဟာ သင့်တော်တဲ့ စီမံဆောင်ရွက်မှုပြုရန်အတွက် အလွန်အရေးကြီးပါတယ်။

Subarachnoid Hemorrhage (ဦးနှောက်သွေးယိုခြင်းနှင့် သွေတိုးရောဂါ အရေးပေါ်အခြေအနေများ) က ဘယ်လောက်အဖြစ်များသလဲ

ထိန်းချုပ်မရနိုင်တဲ့ သွေးတိုးခြင်းအခြေအနေရဲ့ နောက်ဆက်တွဲတွေက ဆိုးရွားနိုင်ပြီး အောက်ပါနှလုံးသွေးကြောဆိုင်ရာ ပြသနာတွေကို ဖြစ်ပေါ်စေပါတယ်။

  • Heart attack
  • Angina (unstable chest pain) – နှလုံးအောင့်ခြင်း
  • Pulmonary edema (အဆုတ်တွင် ရေများစုဝေးခြင်း)
  • လက္ခဏာများ

    Subarachnoid Hemorrhage (ဦးနှောက်သွေးယိုခြင်းနှင့် သွေတိုးရောဂါ အရေးပေါ်အခြေအနေများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

    အရေးပေါ်သွေးတိုးခြင်းဟာ ရုတ်တရက် ဆိုးရွားစွာဖြစ်လာနိုင်ပြီး သူ့နောက်မှာ ကျောက်ကပ်ပျက်စီးခြင်း အပါအဝင် တခြားသော မျက်လုံးပိုင်းဆိုင်ရာ ပြသနာများ၊ သွေးယိုခြင်းများ၊ လေရုတ်တရက်ဖြတ်ခြင်း သို့ ဦးနှောက်သွေးယိုခြင်း၊ ရုတ်တရက် နှလုံးပုပ်ခြင်းရောဂါ၊ သွေးကြောမကြီးပေါက်ထွက်ခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း တို့လည်း ဆက်ဖြစ်နိုင်ပါတယ်။

    Hypertensive encephalopathy က ဦးနှောက်ရောင်ခြင်းနှင့် vascular integrity မရှိခြင်းကို ပြပါတယ်။ မကုပဲထားလျှင် အတက်ရောဂါနှင့် ကိုမာဖြစ်တဲ့ထိ ဖြစ်နိုင်ပါတယ်။Aortic dissection ကတော့ အပေါ်သွေး ဆိုးရွားစွာ တိုးခြင်းနှင့် ပတ်သက်နေပြီး နာမကျန်းမှုနှင့် သေဆုံးမှုကိုလျှော့ချနိုင်ရန် အရေးပေါ်သွေးပေါင်ချိန်လျှော့ချခြင်းနှင့် type A dissection ကို အရေးပေါ်ခွဲစိပ်ပေးရန် လိုအပ်ပါတယ်။

    အကြောင်းရင်းများ

    Subarachnoid Hemorrhage (ဦးနှောက်သွေးယိုခြင်းနှင့် သွေတိုးရောဂါ အရေးပေါ်အခြေအနေများ) ကိုဘာတွေကဖြစ်စေသလဲ

    Hypertensive encephalopathy က ဦးနှောက်ရောင်ခြင်းနှင့် vascular integrity မရှိခြင်းကို ပြပါတယ်။ မကုပဲထားလျှင် အတက်ရောဂါနှင့် ကိုမာဖြစ်တဲ့ထိ ဖြစ်နိုင်ပါတယ်။Aortic dissection ကတော့ အပေါ်သွေး ဆိုးရွားစွာ တိုးခြင်းနှင့် ပတ်သက်နေပြီး နာမကျန်းမှုနှင့် သေဆုံးမှုကိုလျှော့ချနိုင်ရန် အရေးပေါ်သွေးပေါင်ချိန်လျှော့ချခြင်းနှင့် type A dissection ကို အရေးပေါ်ခွဲစိပ်ပေးရန် လိုအပ်ပါတယ်။

    Risk factors

    Subarachnoid Hemorrhage (ဦးနှောက်သွေးယိုခြင်းနှင့် သွေတိုးရောဂါ အရေးပေါ်အခြေအနေများ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    သွေးတိုးအရေးပေါ်အခြေအနေအတွက် ဆေးတွေက ဘာတွေလဲ။

    ဒီအခြေအနေဟာ အသက်ဆုံးရှူံးနိုင်တာကြောင့် သွေးတိုးအရေးပေါ်အတွက် ဆေးတွေကို သွေးပေါင်ကျရန် အလွန်အရေးကြီးတဲ့အတွက် အကြောတွင်းသွင်းပြီး ပေးရပါတယ်။ အရေးပေါ်ဆိုပေမယ့်လည်း သတိထားပြီးလျှော့ချရမှာ ဖြစ်ပါတယ်။ သို့သော် သွေးအလွန်အကျွံထိုးကျသွားခြင်းကလည်း ischemic complications တွေဖြစ်တဲ့ လေဖြတ်ခြင်း၊နှလုံးပုပ်ခြင်း၊ သို့ မျက်စိကန်းခြင်းတွေဖြစ်လာနိုင်တဲ့အတွက်လဲ အန္တရာယ်များပါတယ်။ ထို့ကြောင့် ဆိုးရွားစွာ သွေးတိုးနေသော်လည်း လက္ခဏာမပြတဲ့သူတွေအတွက်ကတော့ သွေးကျဆေးကို သောက်ဆေးအနေဖြင့်သာ ပေးပြီးဖြည်းဖြည်းခြင်း လျှော့ချလို့ရပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Subarachnoid Hemorrhage (ဦးနှောက်သွေးယိုခြင်းနှင့် သွေတိုးရောဂါ အရေးပေါ်အခြေအနေများ) ကို ဘယ်လိုကုသပါသလဲ

    ပုံမှန်အားဖြင့် သွေးတိုးအရေးပေါ်အခြေအနေမှာ သုံးတဲ့ဆေးတွေက သွေးကြောချဲ့ဆေးတွေဖြစ်တဲ့အတွက် သွေးကြောတွေကို ကျယ်စေခြင်းဖြင့် သွေးပေါင်လျှော့ချပေးပါတယ်။ အောက်ပါတိုမှာ တချို့သော ရောဂါအခြေအနေတွေနှင့် ၎င်းတို့အတွက်ဆေးတွေပဲဖြစ်ပါတယ်။

    Acute aortic dissection:

    • Labetalol IV continuous drip
    • Esmolol IV, bolus then continuous drip
    • Nicardipine IV continuous drip (after beta blocker)
    • Nitroprusside continuous drip (after beta blocker)

    Acute pulmonary edema

    • Nitroglycerin sublingual, topical, or IV continuous drip
    • Enalaprilat IV
    • Furosemide IV
    • Nitroprusside IV

    Acute coronary syndrome

    • Nitroglycerin sublingual, topical, or IV continuous drip
    • Beta blocker, such as metoprolol or labetalol bolus therapy

    Acute sympathetic crisis

    • Benzodiazepine IV bolus
    • Nitroglycerin sublingual, topical, or IV continuous drip
    • Phentolamine
    • Verapamil IV bolus

    Acute renal failure

    • Labetalol bolus
    • Nicardipine IV continuous drip
    • Fenoldopam IV continuous drip
    • Dialysis

    Hypertensive encephalopathy

    • Nicardipine IV continuous drip
    • Labetalol IV continuous drip
    • Fenoldopam IV continuous drip

    Subarachnoid hemorrhage

    • Labetalol IV continuous drip
    • Nicardipine IV continuous drip
    • Esmolol IV, bolus, then continuous drip

    Intracranial hemorrhage

    • Labetalol IV bolus, or continuous drip
    • Nicardipine IV continuous drip
    • Esmolol IV, bolus, then continuous drip

    Acute postoperative hypertension

    • Nicardipine IV continuous drip
    • Labetalol IV bolus, or continuous drip
    • Esmolol IV, bolus then continuous drip

    အကယ်၍သင့်မှာ အပေါ်သွေး ၁၈၀ သို့ ပိုမြင့်နေလျှင် သို့ အောက်သွေး ၁၁၀ သို့ ပိုမြင့်နေပြီး အင်္ဂါအစိတ်အပိုင်းတစ်ခုပျက်စီးတဲ့ လက္ခဏာ(ရင်ဘတ်အောင့်ခြင်း၊အသက်ရှူကြပ်ခြင်း၊ခါးနာခြင်း၊ထုံခြင်း/အားနည်းခြင်း)အမြင်အားနည်းခြင်း၊စကားပြောရခက်ခြင်း) တွေဖြစ်နေလျှင် သွေးပေါင်ပြန်အကျကို စောင့်မနေပဲ အရေးပေါ်ဆေးကုသမှုခံယူသင့်ပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။