backup og meta

Stuttering (စကားထစ်ခြင်း)

Stuttering (စကားထစ်ခြင်း)

Stuttering(စကားထစ်ခြင်း) ဆိုတာဘာလဲ။

Stuttering ဟာ အသံ၊ စကားလုံးတွေ ထပ်ခါထပ်ခါ ပြောခြင်း ဖြစ်ပြီး ပုံမှန်အတိုင်းမပြောနိုင်တဲ့ စကားထစ်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို စကားပြော ထစ်အမှုတွေဟာ ရုန်းကန်နေရတဲ့ အခြေအနေတွေဖြစ်တဲ့ မျက်တောင် အမြန်ခတ်ခြင်း၊ နှုတ်ခမ်းတုန်ခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ စကားထစ်ခြင်းဟာ အခြားသူတွေနဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်စေပြီး လူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို နိမ့်ကျစေပါတယ်။

စကားထစ်သူတွေဟာ ဘာကိုပြောရမလဲဆိုတာ သိပေမယ့် ပြောဖို့ခက်ခဲနေတာ ဖြစ်ပါတယ်။ ဥပမာ သူတို့ဟာ စကားလုံး၊ စကားပိုင်းတစ်ခုကို ကြာရှည်စွာ ပြောခြင်း၊ ထပ်ခါထပ်ခါပြောခြင်းတွေ ပြုလုပ်နိုင်ပေမယ့် အချို့ စကားလုံးတွေကို အသံမထွက်နိုင်ပါဘူး။

စကားထစ်ခြင်းဟာ ကလေးငယ်တွေမှာ စကားပြောမှုသင်ယူစဉ် အဖြစ်များပါတယ်။ ကလေးငယ်တွေမှာ သူတို့ပြောချင်တဲ့အရာကို လိုက်ပြောနိုင်တဲ့ ဘာသာစကားစွမ်းဆောင်ရည် တိုးတက်မှုမရှိရင် စကားထစ်နိုင်ပါတယ်။ ကလေးငယ် အများစုဟာ ဒီလိုဖွံ့ဖြိုးစဉ် စကားထစ်ခြင်းကို ဖြစ်တတ်ကြပါတယ်။

တခါတရံ စကားထစ်ခြင်းဟာ အသက်ကြီးလာသည်အထိ ရှိတတ်ပါတယ်။ ဒီလိုစကားထစ်ခြင်းမျိုးဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းနဲ့ အခြားလူတွေနဲ့ ဆက်သွယ်ခြင်းတွေမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။

Stuttering(စကားထစ်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Stuttering ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Stuttering(စကားထစ်ခြင်း) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Stuttering ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

· စကားတစ်လုံး၊ တစ်ကြောင်း၊ တစ်ပိုင်းကို စတင်ပြောနိုင်ဖို့ ခက်ခဲခြင်း

· စကားလုံးတစ်လုံးပြောစဉ် ကြာရှည်ခြင်း

· စကားလုံး၊ စကားသံတစ်ခုကို ထပ်ခါထပ်ခါ ပြောခြင်း

· အချို့စကားသံတွေကို မထွက်နိုင်ခြင်း၊ စကားလုံးပြောနေစဉ် ရပ်ခြင်း

· နောက်တစ်လုံးပြောဖို့ အခက်အခဲဖြစ်စဉ်မှာ စကားလုံးအပိုတွေ ထည့်ပြောခြင်း

· ဖိစီးမှု၊ တင်းကျပ်မှု အပိုဖြစ်ခြင်း (သို့) စကားလုံးတစ်လုံးပြောဖို့ မျက်နှာ၊ ကိုယ်ခန္ဓါအပေါ်ပိုင်း လှုပ်ရှားခြင်း

· စကားပြောစဉ် စိတ်လှုပ်ရှားခြင်း

· ထိရောက်စွာ ဆက်သွယ်နိုင်တဲ့ စွမ်းရည် ကန့်သတ်မှု ရှိခြင်း

စကားထစ်ခြင်းရဲ့ ခက်ခဲမှုတွေဟာ အောက်ပါအချက်တွေကို ဖြစ်စေနိုင်ပါတယ်။

· မျက်လုံးမြန်မြန်ခတ်ခြင်း

· နှုတ်ခမ်း၊ မေးရိုး တုန်ခြင်း

· ခေါင်းတစ်ဆတ်ဆတ်လှုပ်ခြင်း

· လက်သီးဆုပ်ခြင်း

စိတ်လှုပ်ရှားရင်၊ ပင်ပန်းရင်၊ စိတ်ဖိစီးရင် (သို့) သတိထားနေရင်၊ လေနေရင် စကားထစ်ခြင်း ပိုဆိုးနိုင်ပါတယ်။ အုပ်စုတစ်စုရှေ့မှာ စကားပြောခြင်း၊ ဖုန်းပြောခြင်းတွေဟာ စကားထစ်သူတွေအတွက် ခက်ခဲစေပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

· ခြောက်လထက်ပိုကြာခြင်း

· အခြား စကားပြော (သို့) ဘာသာစကားဆိုင်ရာ ပြဿနာ ရှိခြင်း

· မကြာခဏ ဖြစ်လာပြီး အသက်ကြီးချိန်အထိ ရှိခြင်း

· ကြွက်သားကျုံ့ခြင်း၊ စကားပြောစဉ် ရုန်းကနေနေရခြင်း

· ကျောင်း၊ အလုပ်၊ လူမှုရေး ဆက်ဆံမှုတွေကို ထိခိုက်ခြင်း

· စိတ်ပူခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ကြောက်ခြင်း၊ စကားပြောခြင်း လိုအပ်တဲ့ အခြေအနေတွေကို ရှောင်ကျဉ်ခြင်း

· ကြီးမှ စဖြစ်လာခြင်း

ဘာတွေက Stuttering(စကားထစ်ခြင်း) ဖြစ်ပွားစေသလဲ။

သုတေသီတွေက ဆက်တိုက် စကားထစ်ခြင်းရဲ့ အခြေခံအချက်ကို လေ့လာနေကြဆဲဖြစ်ပါတယ်။ အချက်အလက်များစွာ ပါဝင်နိုင်ပါတယ်။ စကားထစ်ခြင်းရဲ့ ဖြစ်နိုင်တဲ့ အချက်တွေကတော့

  • Speech motor control မှာ ပုံမမှန်မှု ဖြစ်ခြင်း – အချို့သက်သေပြမှုတွေက speech motor control ဖြစ်တဲ့ အာရုံခံခြင်း၊ အချိန်ကိုက်ခြင်း၊ လှုပ်ရှားမှုတွေ ညှိနှိုင်းဆောင်ရွက်ခြင်း ပုံမှန်မဟုတ်မှုကြောင့်လို့ ဆိုပါတယ်။
  • မျိုးရိုးဗီဇ – စကားထစ်ခြင်းဟာ မျိုးရိုးလိုက်နိုင်ပါတယ်။ စကားထစ်ခြင်းဟာ ဦးနှောက်ရဲ့ ဘာသာစကားပြောတဲ့နေရာတွေမှာ ပုံမှန်မဟုတ်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။
  • ကျန်းမာရေး အခြေအနေများ – စကားထစ်ခြင်းဟာ လေဖြတ်ခြင်း၊ ဒဏ်ရာရခြင်းနဲ့ အခြားဦးနှောက် ထိခိုက်မိခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
  • စိတ်ရောဂါများ – ရှားပါးတဲ့ အခြေအနတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းတွေကလည်း စကားထစ်စေနိုင်ပါတ

ဘယ်အရာတွေက Stuttering(စကားထစ်ခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Stuttering ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • စကားထစ်သော ဆွေမျိုးရှိခြင်း – စကားထစ်ခြင်းဟာ မျိုးရိုးလိုက်နိုင်ပါတယ်။
  • ကလေးဖွံ့ဖြိုးမှု နောက်ကျခြင်း – ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကလေးတွေ၊ စကားပြောဆိုမှု ပြဿနာရှိတဲ့ ကလေးငယ်တွေဟာ စကားထစ်နိုင်ပါတယ်။
  • အမျိုးသားဖြစ်ခြင်း – အမျိုးသားတွေဟာ အမျိုးသမီးတွေထက် စကားပိုထစ်နိုင်ပါတယ်။
  • စိတ်ဖိစီးခြင်း – စိတ်ဖိစီးခြင်း၊ မိဘအနေနဲ့ မျှော်လင့်ချက်များခြင်းနဲ့ အခြားစိတ်ဖိစီးခြင်းတွေဟာ စကားထစ်ခြင်းကို ပိုဆိုးစေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Stuttering(စကားထစ်ခြင်း) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

စကားပြောဆိုမှု ကျွမ်းကျင်ပညာရှင်ဟာ ကလေးငယ်ကို အသံထွက် စာဖတ်စေပြီး စကားထစ်ခြင်းကို အတည်ပြုနိုင်ပါတယ်။ ကျွမ်းကျင်သူက ကလေးပြောနေပုံကို ဗီဒီယိုရိုက်ထားခြင်း၊ အသံသွင်းထားခြင်း တွေပြုလုပ်ပြီး ကလေးရဲ့ စကားပြောဆိုတဲ့ ပုံစံကို စစ်ဆေးနိုင်ပါတယ်။

သင့်ကလေးဟာ ကိုယ်ခန္ဓါ စစ်ဆေးမှုလိုအပ်ပြီး အခြားကျန်းမာရေး ပြဿနာတွေကိုဖြစ်တဲ့ အသံပြဿနာတွေကို ဖယ်ထုတ်ဖို့ အတွက် စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ အသက်ကြီးသူဖြစ်ပြီး စတင်စကားထစ်လာတယ်ဆိုရင်တော့ ဆရာဝန်ကို ပြသသင့်ပါတယ်။ အသက်ကြီးမှ စကားထစ်လာသူတွေဟာ များသောအားဖြင့် ထိခိုက်မိခြင်း၊ ရောဂါ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ရောဂါသိရှိစေဖို့ ဆရာဝန်က ကိုယ်ခန္ဓါစစ်ဆေးမှုကို ပြုလုပ်ပြီး မေးခွန်းအနည်းငယ်မေးကာ သင်ပြောတာကို နားထောင်မှာ ဖြစ်ပါတယ်

Stuttering (စကားထစ်ခြင်း)ကို ဘယ်လိုကုသလဲ။

စကားထစ်ခြင်းကို ကုသမှုကတော့ မိဘတွေအတွက် နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ ကလေးငယ်အတွက် စကားပြောကုထုံးတွေပဲဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကလေးငယ်ကို တတ်နိုင်သမျှ ဖြောင့်ဖြောင့်တန်းတန်း စကားပြောနိုင်စေဖို့ပဲဖြစ်ပါတယ်။

မတူညီတဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေကြောင့် နည်းလမ်းတစ်ခု (သို့) နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုခြင်းဟာ လူတစ်ယောက်အတွက် အကျိုးရှိပေမယ့် အခြားတစ်ယောက်အတွက် အကျိုးမရှိခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ကုသနည်းတွေကတော့

• Controlled fluency: ဒီကုထုံးကတော့ စကားပြောခြင်းကို နှေးကွေးစေပြီး စကားထစ်တဲ့အချိန်မှာ သတိထားစေတဲ့ နည်းပဲဖြစ်ပါတယ်။ စကားကို ဒီကုထုံးစတင်စဉ်မှာ ဖြည်းညင်းစွာပြောပြီး အချိန်ကြာလာတာနဲ့ အမျှ သဘာဝကျတဲ့ စကားပြောပုံကို ပြောလာနိုင်မှာ ဖြစ်ပါတယ်။

• စက်ပစ္စည်းများ : စက်ပစ္စည်းများ အတော်များများရရှိနိုင်ပါတယ်။ Delayed audio feeback ဟာ စကားနှေးကွေးစွာပြောဖို့ လိုအပ်ခြင်း (သို့) ပြောတဲ့ စကားတွေဟာ စက်ကိုဖြတ်ပြီး ပုံပျက်စေမှာဖြစ်ပါတယ်။ အခြားနည်းလမ်းတစ်ခုကတော့ သင်အခြားသူတွေနဲ့ ပုံမှန်အတိုင်းစကားပြောနေသလိုမျိုး ဖြစ်စေမယ့် စက်ဖြစ်ပါတယ်။ အချို့စကားပြောစက်တွေဟာ နေ့စဉ် လှုပ်ရှားမှု ပြုလုပ်နေစဉ်မှာ အသုံးပြုနိုင်ပါတယ်။

• Cognitive behavioral therapy: ဒီလို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးတဲ့ နည်းလမ်းဟာ စကားထစ်ခြင်းကို ပိုဆိုးစေတဲ့ အရာတွေကို သိရှိစေပြီး တွေးတောပုံကို ပြောင်းလဲဖို့ ကူညီပေးနိုင်ပါတယ်။ ဒါဟာ သင့်ကို စကားထစ်ခြင်းကို ပိုဆိုစေတဲ့ အခံရှိတဲ့ စိတ်ဖိစီးမှု၊ စိတ်ပူခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု လျော့ကျခြင်းတွေကို သက်သာစေပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Stuttering (စကားထစ်ခြင်း)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Stuttering ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ကလေးစကားပြောစဉ် သေချာနားထောင်ခြင်း – ကလေးစကားပြောစဉ် မျက်လုံးချင်းဆုံအောင် ကြည့်ပြီး သေချာနားထောင်ပါ။
  • ကလေးပြောချင်တဲ့ စကားကိုပြောတဲ့အထိစောင့်ပါ။ ဖြတ်ပြောခြင်း၊ အမှန်ပြင်ပေးခြင်း မလုပ်ငသ့်ပါဘူး။
  • သင့်ကလေးငယ် နဲ့သင် တွေ့ချိန်ကို ဖယ်ထားပေးပါ။ အစာစားချိန်ဟာ အေးဆေး စကားပြောဖို့ အကောင်းဆုံးဖြစ်ပါတယ်။
  • ဖြည်းညင်းစွာ စကားပြောပါ။ တကယ်လို့ သင်က ဖြည်းညင်းစွာ စကားပြောမယ်ဆိုရင် သင့်ကလေးကလည်း ဒီအတိုင်းပြောပါလိမ့်မယ်။ ဒါဟာ စကားထစ်ခြင်းကို လျော့ကျစေပါတယ်။
  • စကားကို တစ်ယောက်တစ်လှည့်စီပြောပါ – မိသားစုဝင်တိုင်းကို နားထောင်ကောင်းသူဖြစ်အောင် အားပေးပြီး စကားကို တစ်လှည့်စီပြောသင့်ပါတယ်။
  • တည်ငြိမ်အောင် ကြိုးစားပါ – တည်ငြိမ်ပြီး စိတ်ပြေလက်ပျောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်မျိုး အိမ်မှာ ဖန်တီးပေးထားခြင်းဟာ သင့်ကလေးငယ်ကို စကားလွတ်လပ်စွာပြောစေဖို့ အားပေးနိုင်ပါတယ်။
  • ကလေးစကားထစ်ခြင်းကိုသာ အာရုံမစိုက်သင့်ပါဘူး – နေ့စဉ်အလုပ်တွေ လုပ်နေစဉ်မှာ စကားထစ်ခြင်းကို အာရုံမစိုက်သင့်ပါဘူး။ သင့်ကလေးငယ်ကို စကားအမြန်ပြောစေခြင်း၊ ဖိအားပေးခြင်း၊ အခြားသူတွေရှေ့မှာ စကားပြောစေခြင်းတွေ မလုပ်သင့်ပါဘူး။
  • ဝေဖန်နေမယ့်အစား ချီးကျူးပါ – သင့်ကလေးငယ်ကို စကားထစ်ခြင်းကို အာရုံစိုက်နေမယ့်အစား ပြတ်သားစွာပြောနိုင်ခြင်းကို ချီးကျူးပါ။ တကယ်လို့ သင့်ကလေးရဲ့ စကားပြောဆိုခြင်းကို ပြင်ပေးမယ်ဆိုရင် ညင်သာစွာ အကောင်းဘက်က ပြောဆိုပါ။
  • သင့်ကလေးငယ်ကို အရှိအတိုင်းလက်ခံပါ – စကားထစ်ခြင်းအတွက် မကောင်းပြောခြင်း၊ ဝေဖန်ခြင်း၊ အပြစ်ပေးခြင်းတွေ မလုပ်သင့်ပါဘူး။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံခြင်းနဲ့ သတိမထားမိခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ စောင့်ရှောက်ခြင်းနဲ့ အားပေးခြင်းတွေဟာ သိသာတဲ့ ကောင်းကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Stuttering – Topic Overview. http://www.webmd.com/children/tc/stuttering-topic-overview#2. Accessed 10 Oct, 2016
2. Stuttering. http://www.mayoclinic.org/diseases-conditions/stuttering/basics/definition/con-20032854. Accessed 10 Oct, 2016
3. Stuttering. http://www.medicinenet.com/stuttering/article.htm. Accessed 10 Oct, 2016

ယခုပုံစံ

22/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr . Phyu Mon Latt မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement