မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
သွေးဖြူဥနည်းတယ်ဆိုတာ နူထရိုဖေးလ်လို့ခေါ်တဲ့ သွေးဖြူဥများ ရှိသင့်တာထက် ပိုနည်းနေတာကို ခေါ်တာပါ။ သွေးဖြူဥတော်တော်များများဟာ နူထရိုဖေးလ်တွေဖြစ်ပါတယ်။
ရိုးတွင်းခြင်ဆီမှာ ဖြစ်တည်ကာ သွေးအတွင်းတွင် ခရီးနှင်ပြီး ရောဂါဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွားကြပါတယ်။ ထိုးဖောက်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို သတ်ဖို့ ဓါတုပစ္စည်းတွေ ထုတ်ပေးပါတယ်။ ဘက်တီးရီးယားကြောင့် အဓိကဖြစ်တဲ့ ရောဂါတွေကို တိုက်ခိုက်သော နေရာတွင် အလွန်အရေးပါပါတယ်။
လူကြီးတစ်ယောက်အနေဖြင့်ဆိုရင် သွေး၁မိုက်ခရိုလီတာတွင် နူထရိုဖေးလ် အရေအတွက် ၁၅၀၀ထက် နည်းနေပြီဆိုရင် နူထရိုပန်းနီးရားလို့ ပြောလို့ရပါတယ်။ ကလေးတွေ အတွက် ဆိုရင်တော့ နူထရိုပန်းနီးယား ရှိလားဆိုတာ အတည်ပြုဖို့က အသက်အရွယ်လိုက် ကွဲပြားပါတယ်။
နူထရိုဖေးလ် အရေအတွက်ဟာ တစ်ချို့လူတွေမှာ သာမန်ထက် လျော့နည်းနိုင်သော်လည်း ရောဂါဝင်နိုင်ခြေတော့ မနည်းသွားကြပါဘူး။ ထိုသို့သော အခြေအနေမျိုးတွင် သူတို့ရဲ့ နူထရိုပန်းနီးယားဟာ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး။
သွေး၁မိုက်ခရိုလီတာမှာ နူထရိုဖေးလ်အရေအတွက် ၁၀၀၀ အထူးသဖြင့် ၅၀၀ အောက် ရောက်နေပြီဆိုရင်တော့ နူထရိုပန်းနီးယားလို့ အမြဲတစေ ယူဆနိုင်ပါတယ်။ ထိုအခါ ခံတွင်းနဲ့ အစာအိမ်အူလမ်းကြောင်းမှာ ရှိတဲ့ သာမန်ဘက်တီးရီးယားတွေတောင်မှ ဒုက္ခပေးနိုင်သွားပါပြီ။
နူထရိုပန်းနီးယားအမျိုးအစား ၄မျိုးရှိပါတယ်။
ထိုအမျိုးအစားဟာ မွေးကနည်းက နူထရိုပန်းနီးယားဖြစ်လာတာပါ။ ပြင်းထန်သော နူထရိုပန်းနီးယားကို Kostmann Syndrome လို့ ခေါ်ပါတယ်။ နူထရိုဖေးလ်သွေးဖြူဥဟာ တော်တော်လေးကို နည်းပါးသွားတာပါ။ တချို့အခြေအနေတွေမှာတော့ နူထရိုဖေးလ်ရှိကို မရှိတာပါ။ ယင်းက မွေးကင်းစကလေးငယ်တွေကို ရောဂါပိုးဝင်နိုင်ခြေ အလွန်အမင်း မြင့်မားစေပါတယ်။
ထိုအခြေအနေကလည်း မွေးရာပါပဲ ဖြစ်ပါတယ်။ နူထရိုဖေးလ်အရေအတွက်တွေဟာ ၂၁ရက် စက်ဝန်းဖြင့်လိုက်ကာ ပြောင်းလဲနေပါတယ်။ ရှိသင့်တဲ့ အရေအတွက်ထက် နည်းပါးသွားပါတယ်။ နူထရိုဖေးလ်နည်းပါးသွားခြင်းက ရက်အနည်းငယ်ခန့် ကြာမြင်နိုင်ပါတယ်။ စက်ဝန်းရဲ့ ကျန်တဲ့ အချိန်တွေမှာတော့ ပုံမှန် အရေအတွက် ရှိနေမှာပါ။ ထိုသံသရာ စက်ဝန်းဟာ ထပ်ကာ ထပ်ကာ ဖြစ်နေမှာပါ။
ယင်းအခြေအနေမှာ ခန္ဓါကိုယ်က နူထရိုဖေးလ်တွေကို တိုက်ခိုက်ဖို့ ပဋိပစ္စည်းတွေ ထုတ်ပေးပါတယ်။ ထို့နောက် နူထရိုဖေးလ်များကို သတ်ပြစ်လိုက်ပါတယ်။ ထို့ကြောင့် နူထရိုပန်းနီးယား ဖြစ်ပေါ်လာပါတယ်။ ထိုရောဂါဟာ မွေးပြီးနောက်မှ ဖြစ်တတ်တာပါ။
မည်သူမဆို၊ မည်သည့်အချိန်တွင်မဆို ဖြစ်ပေါ်နိုင်ပါတယ်။ ဘာကြောင့်ရယ်လို့ တိတိကျကျမသိပါဘူး။
နူထရိုပန်းနီးယားဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရှောင်သင့်သည်များကိုရှောင်၊ ဆောင်သင့်သည်များကို ဆောင်ကာ ဖြစ်နိုင်ခြေကို လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
သူတစ်ခုတည်းဆိုရင်တော့ လက္ခဏာ မပြပါဘူး။ တစ်ချို့အခြေအနေတွေမှာ အကြောင်းကြောင်းကြောင့် သွေးစစ်ကြည့်မှ နူထရိုပန်းနီးယားရှိမှန်း သိကြတာပါ။
ဒါပေမဲ့ နူထရိုဖေးလ် နည်းစေတဲ့ အကြောင်းအရင်းတွေ၊ ရောဂါရင်းမြစ်တွေကနေတော့ လက္ခဏာတွေ ပြနိုင်ပါတယ်။
နူထရိုပန်းနီးယားကြောင့် ရောဂါတွေဖြစ်နိုင်ပါတယ်။ အများစုကတော့ ခံတွင်းနဲ့ အရေပြားတို့လို့ အကျိအချွဲ အကာအရံတွေမှာ ဖြစ်တတ်ကြပါတယ်။
ထိုရောဂါများက အောက်ပါများကဲ့သို့ ဖြစ်တတ်ပါတယ်။
အောက်ပါတို့ကြောင့် စိုးရိမ်ရသောပိုးဝင်နိုင်ခြေ မြင့်မားသွားနိုင်ပါတယ်။
အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်ဖြင့် ပြသပေးပါ။
အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန်ဖြင့် ပြပေးရပါမယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓါကိုယ်ချင်း မတူပါဘူး။ သင့်တော်တဲ့ ဖြေရှင်းနည်း ရရှိဖို့ ဆရာဝန် ဖြင့် ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါ။
နူထရိုပန်းနီးယားဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
နူထရိုဖေးလ်ထုတ်လုပ်မှုနည်းပါးသွားစေသော အကြောင်းအရင်းများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
နူထရိုပန်းနီးယားဖြစ်စေသော ရောဂါပိုးဝင်ခြင်းများကတော့ အောက်ပါတို့ပဲ ဖြစ်ပါတယ်။
နူထရိုဖေးလ်ပျက်စီးမှု များပြားခြင်းသည် ခန္ဓါကိုယ်ရှိ ခုခံကာကွယ်ရေးစနစ်က တိုက်ခိုက်ပြစ်လို့ ဖြစ်ပါတယ်။ ထိုအခြေအနေသည် အောက်ပါကဲ့သို့သော မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်ခြင်း အခြေအနေများဖြင့် ဆက်စပ်နေပါတယ်။
နူထရိုပန်းနီးယားဟာ ဆေးဝါးအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နူထရိုပန်းနီးယား အတွက် အန္တရယ်ရှိစေတဲ့ အရာများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ကုသမှုကို ဆုံးဖြတ်တဲ့ အခါမှာ နူထရိုပန်းနီးယားရဲ့ ပြင်းထန်မှုနဲ့ ရောဂါရင်းမြင်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပါတယ်။ မပြင်းထန်တဲ့ အခြေအနေမျိုးမှာ ကုသစရာမလိုပါဘူး။
အခြေအနေတော်တော်များများမှာ ခြင်ဆီဟာက သူ့ဘာသာ ပြန်ကောင်းသွားပြီ သွေးဖြူဥတွေကိုလည်း အလုံအလောက် ပြန်လည်ထုတ်လုပ်လာနိုင်တာကြောင့် နူထရိုပန်းနီးယားဟာ သူ့ဘာသာ သက်သာသွားမှာပါ။
နူထရိုပန်းနီးယားအတွက် ကုသနည်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
နူထရိုပန်းနီးယားကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။
အောက်ပါလူနေမှုဘဝပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများက နူထရိုပန်းနီးယား အား ရင်ဆိုင်နိုင်စေရန် ကူညီပေးပါလိမ့်မယ်။
မေးစရာများရှိပါက ပိုမိုနားလည်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။