မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
သွေးခဲစေတဲ့ ပစ္စည်းပမာဏဆိုတာဟာ ခန္ဓါကိုယ်ထဲမှာ သွေးခဲဖို့ လုပ်ဆောင်နိုင်မှု ဘယ်လောက်ရှိတယ်၊ သွေးခဲတဲ့ ဖြစ်စဉ် ဘယ်လောက်ကြာတယ် ဆိုတာ တွက်ချက်နိုင်ဖို့ ဆရာဝန်တွေကို ကူညီပေးနိုင်ပါတယ်။
သင့် ခန္ဓါကိုယ်က ဒဏ်ရာ ရပြီး သွေးအလွန် ထွက်နေတဲ့အခါ (ဥပမာ – လက်မှာ ပြတ်ရှခြင်း) မှာ သွေးခဲစေတဲ့ ဖြစ်စဉ်က သင့်ကို ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမယ့် ပုံမှန် သွေးကြောတွေမှာ သွေးခဲသွားပြီ ဆိုရင်တော့ အန္တရာယ် အရမ်းများပါတယ်။
ဘာကြောင့်လဲဆိုတော့ နှလုံး၊ အဆုတ်၊ ဦးနှောက် စတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို သွေးမရောက်နိုင်တော့တဲ့ အတွက် နှလုံး ရုတ်တရက် အမောဖောက်ခြင်းနဲ့ လေဖြန်းခြင်းတွေ ဖြစ်နိုင်ပါတယ်။
သွေးခဲစေတဲ့ ပစ္စည်းပမာဏ တိုင်းတာနိုင်တဲ့ ကျေးဇူးကြောင့်သာ သင့်ဆရာဝန်အနေနဲ့ သင်ဒဏ်ရာရ လာတဲ့အခါ သွေးအရမ်း ထွက်တာတွေ ဖြစ်နိုင်ခြေ၊ သို့မဟုတ် လေဖြန်း၊ နှလုံးအမောဖောက် ဖြစ်နိုင်ခြေတွေကို သိနိုင်တာပါ။
အောက်မှာ ဖော်ပြမယ့် အခြေအနေတွေ သင့်မှာရှိနေရင် ဆရာဝန်က သွေးခဲစေတဲ့ ပစ္စည်းပမာဏကို တိုင်းတာတဲ့ စစ်ဆေးချက် ပြုလုပ်ပါလိမ့်မယ်။
ဒီစစ်ဆေးချက် မလုပ်ခင်မှာ သေသေချာချာ ကြိုတင်ပြင်ဆင် လုပ်ဆောင်စရာတွေတော့ မရှိပါဘူး။
စစ်ဆေးချက် အဖြေကို ပြောင်းလဲစေနိုင်တဲ့ ဆေးတချို့တော့ ရှိပါတယ်။ ဒါ့ကြောင့် မစစ်ဆေးခင်မှာ သင့်ဆရာဝန်ကို ဖြည့်တင်းစာ၊ ဆေးဝါးတွေ အပါအဝင် သင့်ကို ညွှန်ကြားထားလို့ သောက်နေရတဲ့ ဆေးတွေရော၊ မညွှန်ကြားဘဲ သောက်နေတာတွေကိုပါ ပြောပြထားဖို့ လိုအပ်ပါလိမ့်မယ်။
သူနာပြုတွေ သွေးဖောက်ရာမှာ လွယ်ကူအောင် အင်္ကျီလက်အတို ဝတ်ထားသင့်ပါတယ်။
စစ်ဆေးချက်လုပ်တဲ့ အခါ ဆရာဝန်က –
ဆရာဝန်၊ သို့မဟုတ် သူနာပြုက သွေးခဲစေတဲ့ ပစ္စည်းပမာဏ စစ်ဆေးဖို့အတွက် သွေးဖောက်ယူပါလိမ့်မယ်။ သွေးဖောက်တဲ့ အတွက် သူနာပြုရဲ့ ကျွမ်းကျင်မှု၊ သင့် သွေးကြော အခြေအနေ၊ နာကျင်တာကို ခံနိုင်ရည် ရှိမှုတွေအပေါ် မူတည်ပြီး နာကျင်တာကို ခံစားရနိုင်ပါတယ်။
သွေးဖောက်ပြီးတဲ့အခါ သွေးတိတ်အောင် ပလာစတာ (ကပ်ခွာ) တစ်ခုခု ကပ်ထားဖို့ လိုအပ်ပါတယ်။ စစ်ဆေးချက် လုပ်ပြီးတဲ့အခါ ပုံမှန်အတိုင်း လုပ်ငန်းဆောင်တာတွေကို ပြန်လည် လုပ်ဆောင်နိုင်ပါတယ်။
သွေးခဲစေတဲ့ ပစ္စည်းပမာဏ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ထပ်ပြီး မေးစရာ အချက်အလက်တွေ ရှိပါက ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။
စစ်ဆေးချက် ပုံမှန်အဖြေများ
သွေးခဲမှုကို လုပ်ဆောင်ပေးနိုင်သော ပစ္စည်းအမည် (factor) ။ ပုံမှန်ပါဝင်သော ပမာဏ
II ၈၀-၁၂၀ ။ V ၅၀-၁၅၀ ။VII ၆၅-၁၄၀ ။VIII ၅၅-၁၄၅ ။ IX ၆၀-၁၄၀ ။ X ၄၅-၁၅၅ ။ XI ၆၅-၁၃၅ ။ XII ၅၀-၁၅၀
သွေးခဲမှုကို လုပ်ဆောင်ပေးနိုင်သော ပစ္စည်း အမည် (factor) ။ သွေးခဲမှုကို လုပ်ဆောင်ပေးနိုင်သော ပစ္စည်းပမာဏ များနေနိုင်သော အခြေအနေများ။
I (Fibrinogen)
ခဏတာ ယောင်ယမ်းခြင်း။
ထိခိုက်ဒဏ်ရာရခြင်း။
နှလုံး သွေးကြော ရောဂါများ။
ဆေးလိပ်သောက်ခြင်း။
II (Prothrombin)အဖြစ်များသော ရောဂါ မရှိပါ။
V (Procaccelerin)အဖြစ်များသော ရောဂါ မရှိပါ။
VII (Proconvertin [stable factor])အဖြစ်များသော ရောဂါ မရှိပါ။
VIII (anti-clogging factor)
ခဏတာ ယောင်ယမ်းခြင်း။
စိတ်ဖိစီးခြင်း၊ ထိခိုက်မိခြင်း။
ကိုယ်ဝန်ဆောင်ခြင်း။
ကလေးမရအောင် တားဆေးတွေ သောက်သုံးနေခြင်း။
von Willebrandအဖြစ်များသော ရောဂါ မရှိပါ။IX (Christmas factor)အဖြစ်များသော ရောဂါ မရှိပါ။X (Stuart factor)အဖြစ်များသော ရောဂါ မရှိပါ။XII (Hageman factor)အဖြစ်များသော ရောဂါ မရှိပါ။
DIC: တစ်ကိုယ်လုံး ရှိသွေးကြော အတွင်းမှာ သွေးခဲသောရောဂါ။
ဓါတ်ခွဲခန်းနဲ့ ဆေးရုံ အမျိုးအစားအပေါ် မူတည်ပြီး သွေးခဲစေနိုင်တဲ့ ပစ္စည်းပမာဏ အတွက် ပုံမှန် အခြေအနေက အနည်းငယ် ကွာဟနိုင်ပါတယ်။ စစ်ဆေးချက်အဖြေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရှိလာပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ရပါမယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။