backup og meta

ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် အကောင်းဆုံး အောက်ခံမိတ်ကပ်ရွေးချယ်နည်း


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် အကောင်းဆုံး အောက်ခံမိတ်ကပ်ရွေးချယ်နည်း

    မျက်နှာလေးကိုလှပအောင်ပြင်ဆင်ခြယ်သတာကလည်း အနုပညာတစ်ရပ်ပါ။ ပင်ကိုယ်ကသိပ်မလှရင်တောင်မှ ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့် အလှကုန်ပစ္စည်းမျိုးကိုရွေးချယ်သုံးစွဲပေးမယ်ဆိုရင်လှပမှုကိုပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။ မိတ်ကပ်ကြိုက်တဲ့လေဒီတွေအနေနဲ့ လှပမှုကိုပိုင်ဆိုင်လိုတယ်ဆိုရင် သတိထားရမယ့် အချက် တစ်ခုကအောက်ခံဖောင်ဒေးရှင်းကိုမှန်ကန်စွာရွေးချယ်တတ်ဖို့ပါ။ အသားအရောင်နဲ့မလိုက်တာမျိုး အသားအရေ အမျိုးအစားနဲ့ မလိုက်တာမျိုးကိုရွေးမိမယ်ဆိုရင်တော့ လှပတယ်ဆိုတဲ့ခံစားမှုထက် စိတ်တိုင်းမကျဘူးဆိုတဲ့ ခံစားချက်ကိုပဲ ပိုမိုခံစားရပါလိမ့်မယ်။

    မှန်ကန်တဲ့မိတ်ကပ်ဖောင်ဒေးရှင်းကိုလိမ်းခြယ်မှုက အသားအရေကိုချောမွေ့ပြေပြစ်အောင် အထောက်အပံ့ ပေးနိုင် ပါတယ်။အောက်ခံမိတ်ကပ်က မျက်နှာပေါ်မှာရှိတဲ့ အများကို မမြင်စေချင်တဲ့အနာအဆာတွေကို ဖုံးကွယ်ပေးတဲ့ ဇာတ်လိုက်ပါ။အောက်ခံမိတ်ကပ်ရွေးချယ်မှုကတော်တော်လေးအရေးပါပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်က အသားအရေချင်း မတူတာကြောင့် အောက်ခံမိတ်ကပ်အရောင်လည်းမတူနိုင်ပါဘူး။ အဲဒါကြောင့်အခြားသူ တစ်ယောက် ရဲ့အောက်ခံမိတ်ကပ်ကို အလွယ်တကူယူလိမ်းတာမျိုးက ကိုယ့်အသားရေနဲ့ မကိုက်ညီဘဲ မလှမပကြီး ဖြစ်နေတတ် ပါတယ်။ ဒီတော့ အမျိုးသမီးတွေမှာ ကိုယ့်အသားရေနဲ့လိုက်ဖက်တဲ့အောက်ခံမိတ်ကပ်ကိုရှာရတာက အင်မတန်ခက်ခဲတဲ့ အလုပ်ကြီးတစ်ခုဖြစ်နေရပါတယ်။ ကိုယ်နဲ့အကိုက်ညီဆုံးရှာမရတဲ့အခါ နှစ်မျိုးသုံးမျိုးစပ်ပြီးရောလိမ်းရတာတွေတောင် ရှိနေပါတယ်။

    အောက်ခံမိတ်ကပ်တွေရဲ့ အရောင် အနု၊အရင့်၊ ထုတ်လုပ်ထားတဲ့စနစ်တွေကွာခြားမှုကိုလိုက်ပြီး အသားအရေကို အကျိုးပြုပုံချင်းမတူကြပါဘူး။ အချို့အောက်ခံမိတ်ကပ်တွေကခြောက်သွေ့တဲ့အသားအရေတွေအတွက် အစိုဓါတ် ထိန်းပေးတဲ့အာနိသင်ထည့်သွင်းထုတ်လုပ်ထားသလို အချို့ကလည်းဝက်ခြံထွက်တဲ့သူတွေအတွက် သီးသန့် ထုတ်ထား တာမျိုးပါ။ ပုံမှန်အသားအရေပိုင်ရှင်တွေအတွက် အသားအရေကို အာဟာရဖြည့်ပေးနိုင်အောင် ထုတ်ထားတဲ့အောက်ခံမိတ်ကပ်မျိုး လည်းရှိပါတယ်။

    အောက်ခံမိတ်ကပ်မဝယ်ခင် ဒီအချက်လေးတွေကို အရင်စဉ်းစားပါ။

    • အောက်ခံမိတ်ကပ်ဝယ်တော့မယ်ဆိုရင် အရင်ဆုံးသိထားသင့်တာတစ်ခုက ကိုယ့်ကဘယ်လို အသားအရေပိုင်ရှင်လဲဆိုတာကိုပါ။ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်လား၊ အဆီပြန်တတ် လား၊တုံ့ပြန်လွယ်တာလား၊ပေါင်းစပ်အသားအရေလားဆိုတာကို အရင်ဆုံးစဉ်းစားပါ။
    • အသားအရေမှာ ဝက်ခြံရှိနေတာလား၊ အသက်အရွယ်ရလာလို့ ထွက်လာတဲ့အမဲစက်တွေ ရှိနေလား၊နေလောင်ကွက်တွေ ရှိနေလားဆိုတာကိုလည်းသေချာအောင်လုပ်ဖို့လိုပါမယ်။
    • နောက်တစ်ချက်ကတော့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာမျိုးမဖြစ်အောင်ကာကွယ်ချင်တာလားဆိုတာပါ။ မျက်နှာပေါ်မှာနေရောင်ကြောင့် ထိခိုက်ပျက်စီးနေတာမျိုးတွေ၊ အရေးအကြောင်းတွေဖြစ်နေတာမျိုးတွေ ရှိတယ်ဆိုရင်တော့ ဂရုတစိုက်အသားအရေထိန်းသိမ်းဖို့လိုပါလိမ့်မယ်။
    • အောက်ခံမိတ်ကပ်ရွေးတဲ့အခါ လုပ်နေကျအလေ့အထတွေ ကိုလည်းမေ့ထားလို့မရပါဘူး။ ဆေးလိပ် သောက်တတ်လား၊နေပူထဲအကြာကြီးထွက်ရတတ်တဲ့သူလား၊နေ့စဉ် ဗီတာမင်အားဖြည့် ဆေးသောက်လား၊ ညီညွတ်မျှတတဲ့ အစားအစာ စားသုံးသူ လားဆိုတာနဲ့ အခြားအသားအရေအပေါ် သက်ရောက်နိုင်တဲ့ အလေ့အထ တွေကိုပါ ထည့်တွက်ရပါမယ်။
    • အသားအရေအရောင်ကလည်း စဉ်းစားရမယ့်အချက်ပါ။
    • အောက်ခံမိတ်ကပ်ရွေးတဲ့အခါတော်တော်လေးသတိထားရွေးချယ်မှ အသားအရေနဲ့အလိုက်ဖက်ဆုံးဆိုတဲ့ အရာကိုရွေးချယ်မိနိုင်မှာ အသေအချာပါပဲ။

    အသားအရေအမျိုးအစားအလိုက်အောက်ခံမိတ်ကပ်ရွေးကြမယ်

    ခြောက်သွေ့တဲ့အသားအရေ

    အသားအရေခြောက်သွေ့သူတွေအနေနဲ့ကတော့ရေဓါတ်ဖြည့်ပေးတဲ့ အောက်ခံမိတ်ကပ်အရည်ကိုအသုံးပြုပေးလို့ရပါတယ်။ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး ပုံမှန်လိမ်းနေကျအောက်ခံမိတ်ကပ်တွေထက်ပြေပြစ်လှပစေပါတယ်။

    အဆီပြန်တဲ့ အသားအရေ

    အဆီမပါဝင်တဲ့အောက်ခံမိတ်ကပ်အရည် (သို့မဟုတ်)Stick Type တို့ကိုရွေးချယ်အသုံးပြုပေးလို့ရပါတယ်။အဆီပါဝင်မှုမရှိတဲ့အောက်ခံမိတ်ကပ်အရည်ကိုပေါင်ဒါနဲ့တွဲဖက်အသုံးပြုတဲ့အခါ အဆီတွေကိုစုပ်ယူနိုင်အောင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။salicylic acid နဲ့ benzoyl peroxide တို့ပါဝင်တဲ့အောက်ခံမိတ်ကပ်အသုံးပြုပေးတာကလည်း အဆီမပြန်အောင်အထောက်အကူရရှိပါလိမ့်မယ်။

    ပေါင်းစပ်အသားအရေ

    ပေါင်းစပ်အသားအရေပိုင်ရှင်တွေက အသားအရေခြောက်သွေ့တာမျိုးမရှိသလို အဆီပြန်တာကိုလည်း မခံစားရ ပါဘူး။အောက်ခံမိတ်ကပ်အရည်ရော၊ပေါင်ဒါကိုပါအသုံးပြုပေးလို့ရပါတယ်။ မျက်နှာရဲ့ T-Zone မှာပေါင်ဒါမှုန့်ကို အသုံးပြုမယ်ဆိုရင် မျက်နှာပေါ်က အဆီတွေကို စုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။အောက်ခံမိတ်ကပ် အရည်ကိုတော့ မျက်နှာပြင်အနှံ့မှာ အသုံးပြုပေးလို့ရပါတယ်။

    အောက်ခံမိတ်ကပ်ကို မှန်ကန်စွာရွေးချယ်မယ်

    အောက်ခံမိတ်ကပ်ကို stick type၊ liquid type၊ cream type ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

    အရည် နဲ့ ခရင်မ်ပုံစံအောက်ခံမိတ်ကပ်တွေ -အောက်ခံမိတ်ကပ်အရည်တော်တော်များများကအသားအရေ အမျိုးအစား တော်တော်များများနဲ့ သင့်တော်ပြီး သုံးရလွယ်ကူပါတယ်။ အောက်ခံမိတ်ကပ် အရည်ကို မိတ်ကပ်လူးတဲ့ ဘရက်ရှ် (သို့မဟုတ်)ရေမြှုပ်နဲ့လူးပေးတာက အကောင်းဆုံးပါ။

    Stick Typeအောက်ခံမိတ်ကပ် stick typeအောက်ခံမိတ်ကပ်တွေတွေက ပိုပျစ်ပြီးအောက်ခံမိတ်ကပ် အရည်တွေထက် မျက်နှာပေါ်က အနာအဆာတွေကို ပိုမိုဖုံးအုပ်ပေးနိုင်ပါတယ်။ ရေမြှုပ် ခပ်ထူထူလေး အသုံးပြုပြီး သိပ်သိပ်လူးပေးတာက အဆင်ပြေပါလိမ့်မယ်။

    အသားအရေနဲ့လိုက်ဖက်မယ့် အောက်ခံမိတ်ကပ်ရွေးချယ်ရတာကလည်းတော်တော်လေးကို ခက်ခဲပါတယ်။ အသားအရေအမျိုးအစားနဲ့ ကိုယ့်ရဲ့ skintone ကို မသိတာကြောင့် တစ်ခါတလေမှာ အောက်ခံမိတ်ကပ်ရွေးချယ်တဲ့အခါ တော်တော်လေးခက်ခဲပါတယ်။ နောက်ဆုံး အောက်ခံမိတ်ကပ် နှစ်မျိုးလောက်ကိုရောစပ်အသုံးပြုလိုက်မှ အဆင်ပြေ သွားတာမျိုးတွေတောင်ရှိတတ်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေဆိုရင် ဒေသအလိုက် အသားအရေ အရောင် ကွဲပြားတာမျိုးရှိသလို အသားအရေအမျိုးအစားကလည်းတော်တော်လေးကွာခြားကြပါတယ်။

    ဆယ်ကျော်သက်အချို့က မျက်နှာအသားအရေပေါ်က အနာအဆာတွေ နဲ့ အသားအရေမညီညာတာတွေကို ဖုံးကွယ်ဖို့ အတွက်အောက်ခံမိတ်ကပ်အစား cover sticks ကိုအသုံးပြုကြတာမျိုးရှိပါတယ်။ မိတ်ကပ်မလူးဘဲCover Sticks အသုံးပြုတာက မျက်နှာပေါ်ကအနာအဆာတွေကို ဖုံးကွယ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုတော့မဟုတ်ပါဘူး။Cover Sticks အစားအောက်ခံမိတ်ကပ်ကိုအသုံပြုလိုက်တာကမှ အသားအရေကိုညီညာပြီးလှပစေမှာပါ။

    မျက်နှာကိုလှပအောင်ပြင်ဆင်တဲ့နေရာမှာအရေးအကြီးဆုံးက အသားအရေအမျိုးအစား၊ အသားအရောင်နဲ့လိုက်ဖက်မယ့် အောက်ခံမိတ်ကပ်ကိုရွေးချယ်အသုံးပြုဖို့ကလည်းတော်တော်လေးအရေးပါပါတယ်။ အပေါ်မှာရေးထားတာလေးတွေ ကိုဖတ်ပြီး အလှအပကိုမြတ်နိုးတဲ့ပျိုမေလေးတွေလည်း မှန်ကန်တဲ့အောက်ခံမိတ်ကပ်ကိုရွေးချယ်ပြီး စမတ်ကျကျ လှပနိုင်ကြပါစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement