brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း

ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း (Hay fever) တစ်ဖြစ်လဲ allergic rhinitis တွေဟာ အအေးမိခြင်းနဲ့ တူညီတဲ့ လက္ခဏာမျိုးရှိတတ်ပါတယ်။ ဥပမာ – နှာစေးတာ၊ မျက်လုံးယားတာ၊ နှာချေတာနဲ့ နှာခေါင်းပိတ်တာလိုမျိုးပေါ့။ ဒါပေမဲ့ အအေးမိတာကတော့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်ပြီး hay fever ကတော့ပန်းဝတ်မှုန်၊ ကြောင်မွေး သို့မဟုတ် ခွေးမွေးတွေ၊ ဖုန်မှုန့်တွေတွေလိုမျိုး ဓါတ်မတည့်ခြင်းကိုဖြစ်စေတဲ့အရာတွေကြောင့် ဖြစ်ရတာပါ။ ဒါဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ အရာတစ်ခုမဟုတ်ပေမယ့် သင့်ရဲ့ နေ့စဉ်ဘဝတွေ၊ အလုပ်မှာ ကျောင်းမှာ စွမ်းဆောင်ရည်တွေ ပြတဲ့နေရာတွေမှာတော့ အနှောက်အယှက် အတော်ပေးနိုင်ါတယ်။ ဒါဆိုရင် ဒီ hay fever ကို ပုံမှန်အအေးမိတာကနေ ဘယ်လိုခွဲခြားမလဲ။

ဝတ်မှုန်ကြောင့် ဖြစ်တဲ့ ဖျားနာခြင်း

လက္ခဏာတွေကတော့ ဓါတ်မတည့်မှုတွေဖြစ်စေတဲ့အရာတွေ (ဥပမာ- ဖုန် သို့မဟုတ် ဝတ်မှုန်တွေ)ကို ကာလကြာရှည်ရှူရှိုက်မိပြီးနောက် ဒီအရာတွေနဲ့ ကြာရှည်ထိတွေ့ပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတတ်တာပါ။

ဒီလက္ခဏာတွေမှာတော့

နှာစေးပြီး နှာပိတ်ခြင်း : နှာခေါင်းပေါက် ၂ခုလုံးမှာ ကြဲပြီး ရေနဲ့တူတဲ့အရာတွေ စီးနေတာမျိုး

နှာခေါင်းယားခြင်း : ဒီလို နှာခေါင်းယားတဲ့ ခံစားမှုဟာ ၂နာရီလောက်ကနေ ဓါတ်မတည့်တဲ့ လက္ခဏာတွေပျောက်ကင်းသွားတဲ့အချိန်ထိ ရက်ပေါင်းများစွာလည်း ကြာနိုင်ပါတယ်။

နှာချေခြင်း : ဒါဟာ သင့်ရဲ့ ခုခံအားစနစ်က ပြင်ပအရာဝတ္ထုတွေကို တုံ့ပြန်တဲ့အခါဖြစ်တဲ့ ပုံမှန် ဖြစ်စဉ်ပါ။

မျက်လုံးအောက်က အရည်ပြား ရောင်ယမ်းပြီး အပြာရောင်ဖြစ်ခြင်း ¨: မျက်လုံးတစ်ဝိုက်က သွေးကြောတွေဟာလည်း ထုံးသွားနိုင်ပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

Hay fever ရဲ့ လက္ခဏာတွေဟာ တစ်နှစ်ပတ်လုံးမှာ အချိန်တစ်ခုကိုရောက်လာပြီဆိုရင် ပေါ်လာတတ်သလို ပိုပြီးလည်း ဆိုးလာတတ်ပါတယ်။

နွေဦးရာသီမှာ သစ်ပင်နဲ့ မြက်တွေရဲ့ ဝတ်မှုန်တွေ။

နွေရာသီမှာ မြက်တွေရဲ့ ဝတ်မှုန်

ဆောင်းဦးရာသီမှာ Ragweed ဝတ်မှုန်

ဖုန်မှုန့်၊ ပိုးဟပ်နဲ့ တိရစ္ဆာန်အမွေးကပါလာတဲ့ အရေခွံလေးတွေ (dander) တွေဟာ ရာသီတိုင်း ၊ အချိန်တိုင်းမှာတွေ့ရပါတယ်။ အိမ်တွင်းမှာ တွေ့ရတတ်တဲ့ ဓါတ်မတည့်စေတဲ့အရာတွေဟာ ဆောင်းတွင်း သို့မဟုတ် မိုးတွင်းလို အိမ်တွေ ပိတ်ထားရတဲ့အချိန်မျိုးတွေမှာ ပိုဆိုးစေတတ်ပါတယ်။

အိမ်တွင်းအိမ်ပြင်က မှိုတွေရဲ့ စပိုးတွေဟာလည်း ရာသီအလိုက်ရော ရာသီတိုင်းရောဖြစ်စေတတ်တဲ့ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတွေလို့ သတ်မှတ်ထားပါတယ်။

ဆရာဝန်ကို ဘယ်အချိန်ပြရမလဲ။

သင့်ရဲ့ hay fever လက္ခဏာတွေဟာ အချိန်ကြာလာတာတောင်မှ မသက်သာသေးရင် (၅ရက်နှင့်အထက်)

ဓါတ်မတည့်မှုသက်သာစေတဲ့ ဆေးတွေက အလုပ်မဖြစ်ရင်

ပုံမှန် Hay fever လက္ခဏာတွေထက် ပိုဆိုးတဲ့ အခြေအနေမှာရှိရင် ဥပမာ ရင်ကြပ်တာ၊ nasal polyps (နှာခေါင်းလမ်းကြောင်းမှာ မျက်ရည်စက်ပုံ ဖုသီးလေးတွေဖြစ်တာ) ဒါမှမဟုတ် မကြာခဏ နှာခေါင်းလမ်းကြောင်းပိုးဝင်တာ

တကယ်လို့များ ဒီလို ဓါတ်မတည့်မှုတွေက ကြာမြင့်ခဲ့မယ်ဆိုရင် ဆိုလိုတာက ထိပ်ကပ်နာလို လက္ခဏာနဲ့ ဆင်တူနေမယ်ဆိုရင် သင်က IgE စစ်ဆေးမှု ဒါမှမဟုတ် ဓါတ်မှန်ရိုက်ပြီး ဒီရောဂါ ၂ခုကို ခွဲခြမ်း စိတ်ဖြာသင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။