backup og meta

ဓါတ်မတည့်ခြင်းအား ရှောင်ကြဉ်ရန် ချက်ခြင်း၊ မီးဖုတ်ခြင်းနည်းလမ်းများ

တကယ်လို့ သင့်ရဲ့ မိသားစုဝင်တစ်ယောက်မှာ အစာနဲ့ဓါတ်မတည့်မှုတွေရှိနေတယ်ဆိုရင် သင်ဘာတွေဝယ်လာပြီးချက်ပြုတ်မှာလဲဆိုတာကို ဂရုစိုက်သင့်ပါတယ်။ ဒါတွေက ဓါတ်မတည့်စေတဲ့ပစ္စည်းကို တစ်စုံတစ်ယောက်က မစားမိအောင် ကာကွယ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။

ဒီမှာတော့ သင့်မိသားစုရဲ့အနှစ်သက်ဆုံးအစားအစာတွေထဲမှာထည့်ရမယ့် အစာဓါတ်မတည့်ခြင်းအဖြစ်တတ်ဆုံး ၃မျိုးအစားသုံးရမယ့် နည်းလမ်းလေးတွေကို ပြောပြသွားမှာပါ။ ဒီ ၃မျိုးကတော့ ဂျုံ၊ နို့နဲ့ ကြက်ဥတွေပါ။

ဂျုံအစားထိုးသုံးခြင်း

မုန့်ဖုတ်တဲ့နေရာမှာတော့ ဂျုံမှုန့်အတွက် အစားထိုးသုံးစရာ အခြားလူလုပ် ဂျုံမှုန့်တွေ အများကြီးရှိပါတယ်။ ဘယ်အရာက သင့်အတွက် အသင့်လျော်ဆုံးဖြစ်မယ်ဆိုတာကို သိချင်ကောင်း သိချင်နေမှာပါ။ ဒီမှာတော့ အစားထိုးသုံးစရာအချို့ကို ဖော်ပြပေးထားပါတယ်။

ပေါင်မုန့်၊ rolls, muffins, brownies စတာတွေအတွက် သင့်ဓါတ်မတည့်မှုက ဂျုံဖြစ်ပြီး(wheat) gluten မဟုတ်ခဲ့ဘူးဆိုရင်တော့ ဘာလီမှုန့်ကို သုံးနိုင်ပါတယ်။

ဘီယာသုံးမယ့်အစား ပန်းသီးဖျော်ရည် သို့မဟုတ် ဝိုင်ကိုသုံးပါ။

ပန်ကိတ်နဲ့ ဝေဖာတွေအတွက်ဆိုရင် အုတ်ဂျုံ၊ ဆန်ဂျုံနဲ့ ဘာလီဂျုံကိုသုံးပါ။

ပါစတာခေါက်ဆွဲအတွက်ဆိုရင်တော့ အနှံတွေဖြစ်တဲ့ ပြောင်း၊ quinoa၊ အာလူး၊ ဆန်နဲ့ပဲတွေကနေ လုပ်ထားတဲ့ အစားထိုး wheat-free ပါစတာကို သုံးပါ။ ဒါတွေကို စတိုးဆိုင်တွေမှာ အလွယ်တကူရနိုင်ပါတယ်။

ဂျုံမှုန့်တစ်ခွက်အတွက် အစားထိုးသုံးစရာကတော့

– အာလူးခြစ် ၃/၄ခွက်

– ဆန်မှုန့် ၇/၈ခွက်

– Ground rolled oat ၁-၁/၃ခွက်

နို့အစားထိုးပစ္စည်းများ

ပဲပိစပ်၊ အုန်းသီး၊ ဆန်၊ အာလူး၊ အုတ်ဂျုံ၊ ဗာဒံ၊ သီဟိုဠ်၊ hazelnut၊ hemp, flax ၊ နေကြာနဲ့ macadamia စတာတွေကပြုလုပ်ထားတဲ့ နို့အစားထိုးသုံးစရာပစ္စည်းတွေကို ကြော်ငြာတွေမှာ အမြောက်အများတွေ့ရပါတယ်။ အစားထိုးရမယ့် ပမာဏကလည်း နွားနို့တစ်ခွက်ဆို အထက်ပါ နို့တွေလည်း ်တစ်ခွက်ထည့်ရတာပါပဲ။

နွားနို့နဲ့ဓါတ်မတည့်သူဖြစ်ပေမယ့် ဆိတ်နို့ကလည်း အန္တရာယ်ကင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။

အစားထိုးပစ္စည်းအချို့ကတော့

Rice milk

ပဲနို့ (တံဆိပ်မှာ နို့ကိုအခြေခံထားတဲ့ပစ္စည်းတွေ ပါ၊မပါသေချာကြည့်ပါ။)

ဗာဒံနို့

အုတ်ဂျုံနို့

အသီးဖျော်ရည် (လုပ်မယ့်အရာအမျိုးအစားပေါ်မူတည်ပါတယ်။ ဥပမာ ပေါင်မုန့်နဲ့ Muffinsတွေအတွက်)

Broth ( ဟင်းသီးဟင်းရွက်၊ အမဲသား သို့မဟုတ် ကြက်သား) အာလူးထောင်း သို့မဟုတ် casseroles တွေလို အရာတွေအတွက်

ကြက်ဥအစားထိုးပစ္စည်းများ

Sauces တွေနဲ့ မုန့်ဖုတ်တဲ့လုပ်ငန်းစဉ်တွေမှာ ကြက်ဥအနှစ်က အခြားအရာတွေကို သေချာ နှံ့စပ်အောင်ရောမွှေတဲ့အခါ ချောမွေ့စေဖို့ တာဝန်ယူသလို အကာကလည်း သူ့မှာပါဝင်တဲ့ မြင့်မားတဲ့ ပရိုတိန်းဓါတ်တွေကြောင့် စေးကပ်နေဖို့ တာဝန်ယူပါတယ်။

ဒီမှာတော့ အစားထိုးသုံးဖို့ ပစ္စည်းအနည်းငယ်ကို ဖော်ပြပေးထားပါတယ်။

ကြော်ငြာထဲက ကြက်ဥအစားထိုးပစ္စည်းတွေကို အာလူးထောင်းနဲ့ tapioca တွေနဲ့လုပ်တယ်ဆို သုံးလို့ရပါတယ်။ ထုတ်လုပ်သူရဲ့ လမ်းညွှန်မှုအတိုင်းလိုက်နာဖို့ အရေးကြီးပါတယ်။

ပန်းသီးဆော့စ်ကလည်း ကြက်ဥအနှစ်လိုပဲ အလုပ်လုပ်ပေးနိုင်ပါတယ်။ သူ့မှာလည်း သဘာဝအတိုင်းချောမွေ့စေတဲ့ စွမ်းအင်ရှိပါတယ်။ (ကြက်ဥတစ်လုံးစာအတွက် ပန်းသီးဆော့စ် ခွက် ၄ပုံ၁ပုံ)

စပျစ်သီးခြောက်အရည် ခွက် ၄ပုံ၁ပုံ သို့မဟုတ် ကြိတ်ချေထားတဲ့ ငှက်ပျောသီး

ဆီ စားပွဲဇွန်းတစ်ဇွန်း + ဆား စားပွဲဇွန်း နှစ်ဇွန်း + မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ဇွန်း

တိုဟူးပျော့ ခွက် ၄ပုံ၁ပုံ (သုံးစဉ်မှာပဲဖြစ်ဖြစ် electric mixer နဲ့ပဲဖြစ်ဖြစ်ချေပါ)

ကြက်ဥတစ်လုံး= agar powder စားပွဲဇွန်းတစ်ဇွန်းကို ကြက်သီးနွေးရေ စားပွဲဇွန်း တစ်ဇွန်းထဲမှာ ပျော်ဝင်စေပြီး ရေထည့်၊ ခေါက် ၊ အအေးခံ ပြီးထပ်ခေါက် တာနဲ့ ညီပါတယ်။

အစားအသောက်နဲ့ဓါတ်မတည့်ခြင်းကို တတ်နိုင်သလောက် သေချာ စစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါနဲ့ပဲ သင်က သင့်မိသားစုတွေ၊ ကလေးတွေ နဲ့ သင့်ကိုယ်သင်အတွက်တောင် မတော်တဆ ဓါတ်မတည့်မှုဖြစ်ခြင်းတွေကနေ ကာကွယ်နိုင်ပါတယ်။

ဘယ်ဓါတ်မတည့်မှုမျိုးမဆို ဖြစ်နိုင်တဲ့ လူတွေအတွက် ချက်တဲ့အခါမှာ အစားထိုးပစ္စည်းတွေကို သုံးဖို့မမေ့ပါနဲ့။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/food-recipes/features/baking-cooking-food-allergies#2
http://www.kidswithfoodallergies.org/page/egg-allergy-recipe-substitutions.aspx

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ထူးထူးခြားခြား ဓာတ်မတည့်မှုများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement