brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နံနက်စာအတွက် အကောင်းဆုံးအစားအစာ

နံနက်စာအတွက် အကောင်းဆုံးအစားအစာ

မနက်စာဟာ ကောင်းမွန်တဲ့ကျန်းမာရေးကို ရဖို့အတွက် အရေးကြီးတယ်ဆိုတာ လူအတော်များများ သိကြပြီး ဖြစ်ပါတယ်။

နံနက်စာအတွက် အကောင်းဆုံးအစားအစာ

ဒါပေမယ့် မနက်စာအတွက် မှန်ကန်တဲ့ အစာတွေကို စားသုံးမှသာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာကို လူအချို့ကသာ သိရှိကြပါတယ်။

မနက်ပိုင်းမှာ အချိုပါတဲ့ အစာတွေ၊ အသင့်စား အစားအသောက်တွေ စားသုံးခြင်းဟာ သင့်အတွက် ကောင်းကျိုးရှိမှာ မဟုတ်ပါဘူး။ တကယ်လို့ မနက်စာကနေ ကောင်းကောင်း အကျိုးရှိချင်တယ်ဆိုရင် အောက်ပါအစားအသောက်တွေကို စားသင့်ပါတယ်။

ကြက်ဥ

လူတိုင်းက ကြက်ဥကို ကြိုက်ကြပါတယ်။ သူတို့ဟာ အရသာရှိရုံမက အာဟာရဓာတ်လည်း ကြွယ်ဝပါတယ်။

ကြက်ဥဟာ ဗိုက်ပြည့်စေပြီး နောက်တစ်ကြိမ်အစာစားချင်စိတ်ကို လျှော့ချပေးပြီး သွေးသကြားဓာတ်နဲ့ အင်ဆူလင်ဓာတ်ကို ထိန်းညှိပေးပါတယ်။

ကြက်ဥမှာပါတဲ့ antioxidants တွေဖြစ်တဲ့ lutein နဲ့ zeaxanthin ဟာ သင့်ကို မျက်လုံးရောဂါတွေဖြစ်တဲ့ အတွင်းတိမ်နဲ့ macular degeneration ကနေ ကာကွယ်ပေးပါတယ်။ ကြက်ဥတွေမှာ choline ပြည့်ဝစွာ ပါဝင်ပြီး ဦးနှောက်နဲ့ အသည်းကို ကျန်းမာစေပါတယ်။

Oatmeal

Oatmeal ဟာ ground oats တွေကနေ လာပြီး beta-glucan များစွာ ပါဝင်ပါတယ်။ Beta-glucan ဟာ ကိုလက်စထရောကို ကျဆင်းစေတဲ့ အမျှင်တစ်မျိုးဖြစ်ပြီး ဗိုက်ပြည့်စေပါတယ်။

လေ့လာမှုတစ်ခုက beta-glucan ဟာ အစာစားပြီး ဗိုက်ပြည့်စေတဲ့ ဟော်မုန်းတစ်ခုဖြစ်တဲ့ PYY ပမာဏကို တိုးမြှင့်ပေးတယ်လို့ ဆိုပါတယ်။ Oatmeal မှာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပြီး သွေးပေါင်ထိန်းပေးတဲ့ antioxidants တွေပါဝင်ပါတယ်။

ဒါ့ပြင် oats တွေမှာ အခြား grains တွေဖြစ်တဲ့ Barley ပါဝင်နိုင်ပါတယ်။ ဒါကြောင့် gluten မတည့်သူတွေဟာ gluten-free လို့ရေးထားတဲ့ oats တွေကို ဝယ်ယူသင့်ပါတယ်။

Oatmeal ဟာ ပရိုတင်းနည်းပါးတာကြောင့် သူ့ကို နွားနို့၊ ကြက်ဥတွေနဲ့ အတူစားသုံးသင့်ပါတယ်။

Chia seeds

Chia seeds တွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပိုကောင်းတဲ့အချက်ကတော့ သူ့မှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ viscous fiber ဖြစ်ပြီး viscous fiber ဟာ ရေကို စုပ်ယူနိုင်ပြီး အစာခြေစနစ်မှာ အစာသွားလာမှုကို အားပေးကာ ဗိုက်ပြည့်ကျေနပ်တဲ့ ခံစားမှုမျိုးကို ရရှိစေနိုင်ပါတယ်။

လေ့လာမှုတစ်ခုက ဆီးချိုဝေဒနာရှင်တွေမှာ Chia seeds က ဗိုက်ဆာခြင်းကို လျော့ကျစေပြီး သွေးပေါင်ထိန်းပေးကာ သွေးသကြားဓာတ်ကိုပါ ထိန်းပေးတာကြောင့် အကျိုးရှိပါတယ်လို့ ဆိုပါတယ်။

Chia seeds တွေဟာ ဓာတုဇီဝ ဖြစ်စဉ်အတွင်းထွက်လာတဲ့ free radicals တွေကြောင့် ဖြစ်တဲ့ ဆဲလ် ပျက်စီးမှုကို ကာကွယ်ပေးတဲ့ anti-oxidant အစွမ်းလည်း ရှိပါတယ်။

အစေ့ (အခွံမာသီး)

အခွံမာသီးတွေဟာ ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ပေးပြီး ဗိုက်ပြည့်စေတာကြောင့် မနက်စာအတွက် ကောင်းမွန်ပါတယ်။

သူတို့မှာ ကယ်လိုရီများစွာ ပါဝင်ပေမယ့် ကိုယ်ခန္ဓာက သူတို့မှာပါတဲ့ အဆီအကုန်ကို စုပ်ယူခြင်းမရှိပါဘူး။

နှလုံးရောဂါဖြစ်နိုင်ခြေများသူတွေဟာ အစေ့တွေစားခြင်းအားဖြင့် ရောဂါဖြစ်နိုင်ခြေ လျှော့ချနိုင်ပါတယ်။ အစေ့တွေဟာ insulin resistance နဲ့ ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

ဒါကြောင့် ဆီးချိုရှိသူတွေမှာ သကြားဓာတ်နဲ့ ကိုလက်စထရောဓာတ်တွေကို ထိန်းပေးတာကြောင့် အစေ့စားသုံးခြင်းဟာ အကျိုးရှိပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/09/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။