brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Smoke Inhalation (မီးခိုးမှိုင်းမိခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Smoke Inhalation (မီးခိုးမှိုင်းမိခြင်း ) ကဘာလဲ။

မီးလောင်ရာမှာထွက်လာတဲ့ အရာတွေကို ရှူ ရိုက်မိတာကိုမီးခိုးမှိုင်းမိတာလို့ ခေါ်ပါတယ်။ အရာဝတ္ထုတွေ အပူချိန်အမြင့်ဆုံးနဲ့ လောင်ကျွမ်းပြိုကွဲရာတာကို မီးကျွမ်းတယ်လို့ခေါ်ပါတယ်။

မီးခိုးငွေ့တွေကတော့ အမှုန်အမွှားလေးတွေနဲ့gas တွေပေါင်းထားတာကို ခေါ်ပါတယ်။ မီးပွင့်တဲ့အခါ ထွက်လာတဲ့ ပေါင်းစပ်မှုကို သေချာမခန့်မှန်းနိုင်ပါဘူး။ လောင်ကျွမ်းနေတဲ့အရာရယ်၊ မီးအပူချိန်ရယ်၊ အောက်စီဂျင်ပမာဏရယ်ပေါင်းစပ်ပြီး ကွဲပြားတဲ မီးခိုးငွေ့တွေ ဖြစ်လာပါတယ်။

မီးလောင်တဲ့အခါ မီးခိုးငွေ့ရှူ မိလို့သေတာဟာ အဖြစ်များဆုံပါ။ ဒီအရာဟာ ကိုယ်တွင်းဖြစ်စဉ်အတော်များများကို ထိခိုက်စေပါတယ်။ လေပြွန်အထက်ပိုင်းကို အပူလောင်စေခြင်း၊ မီးခိုးမှုန်ကြောင့် ဓါတုလှုံဆော်မှုတွေ ဖြစ်ခြင်း၊ အသက်ရှူ မရခြင်း ၊ CO ဓါတ်ငွေ့ကြောင့် အဆိပ်သင့်ခြင်း၊ အခြား cyanide ဓါတ်ငွေ့များကြောင့် ဖြစ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။

Smoke Inhalation (မီးခိုးမှိုင်းမိခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

မီးလောင်တဲ့အခါ မီးခိုးငွေ့ရှူ မိလို့သေတာဟာ အဖြစ်များဆုံပါ။ ၅၀ကနေ ၈၀ ရာခိုင်နှုန်းသော မီးဘေးသင့်ပြီးသေဆုံးမှုတွေဟာ မီးလောင်ခံရတာထက်စာရင် မီးခိုးမွှန်လိုသေကြရတာဖြစ်ပါတယ်။

အခြားအချက်အလက်များအတွက် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

လက္ခဏာများ

Smoke Inhalation (မီးခိုးမှိုင်းမိခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေမှာ အောက်ပါအချက်တွေပါရှိပါတယ်။

မျက်နှာတစ်ဝိုက်မှမီးလောင်ဒဏ်ရာ

လေပြွန်မှာ ရေကြည်ဖုတွေနဲ့ ဖောရောင်ဒဏ်ရာများ

အသံသြနေခြင်း

အသက်ရှူ သံပုံမမှန်ခြင်း

လေပြွန်အထက်ပိုင်း ချွဲဂလင်းများပျက်စီးနေခြင်း

သလိပ်တွင် ကာဗွန်များပါနေခြင်း

လေပြွန်အောက်ပိုင်းမှာ တွေ့ရတဲ့ လက္ခဏာတွေကတော့

အသက်ရှူ မြန်နေခြင်း

အသက်ရှူ ရပ်နေခြင်း

ချောင်းဆိုးခြင်း

အသက်ရှူ သံ တိုးနေခြင်း

Wheezing

Rales

Rhonchi စသောအသံများကြားရခြင်း

ရင်ဘတ်ချိုင့်ဝင်နေခြင်း

စတာတွေဖြစ်ပါတယ်။

အသက်ရှူ ရပ်သွားတဲ့ လူနာတွေမှာဆို အောက်ပါအချက်တွေ တွေ့နိုင်ပါတယ်။

အာရုံကြော ထိခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ ထုံထိုင်း လေးလံခြင်း၊ မသက်မသာဖြစ်ခြင်း ၊ ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ ကြွက်သားများပျော့ခွေသွားခြင်း နဲ့ ကိုမာအဆင့်ပါရောက်နိုင်ပါတယ်။

အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်များတွေ့လာပြီဆိုပါက ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

အသံသြနေခြင်း

အသက်ရှူ ကြပ်နေခြင်း

သတိလစ်သည်အထိချောင်းဆိုးခြင်း

စိတ်ရှုပ်ထွေးခြင်း

စတာတွေဖြစ်ပါတယ်။

အကြောင်းရင်းများ

Smoke Inhalation (မီးခိုးမှိုင်းမိခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

မီးခိုးငွေ့တွေရှူ မိတာနဲ့ အသက်ရှူ ကြပ်ခြင်း (oxygen မရှိသောကြောင့်) ၊ ဓါတုနှင့် အပူချိန်တိုက်စားမှုများ၊ ဓါတုပစ္စည်းများကြောင့် အသက်ရှူ မရခြင်း၊ အထက်ပါအရာများ စုပေါင်းခြင်း စတာတွေကြောင့် ခန္ဓါကိုယ်ကို ပျက်စီးစေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Smoke Inhalation (မီးခိုးမှိုင်းမိခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • သတိလစ်မေ့မြောခြင်း

မီးလောင်ခြင်းဟာ ဘေးကoxygen တွေကို သုံးစွဲပစ်ခြင်းကြောင့် အသက်ရှူ စရာမရှိပဲ သေဆုံးရပါတယ်။

မီးခိုးငွေ့ကိုယ်တိုင်ကလည်း သင့်ကိုတိုက်ရိုက် မထိခိုက်ပေမယ့် လေထဲမှာရှိနေမယ့် oxygen ရဲ့နေရာကိုဝင်ယူနိုင်ပါတယ်။ဥပမာ carbon dioxide

  • ဓါတ်ကြွပစ္စည်းများ

မီးလောင်ကျွမ်းရာကနေ သင့်အရေပြားနဲ့ ဂလင်းတွေကို ထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်း ပေါင်းစပ်မှုတွေထွက်လာနိုင်ပါတယ်။ ဒီအရာတွေက ပုံမှန် အသက်ရှူ လမ်းကြောင်းရဲ့ အလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။

ဒီအဖြစ်ဟာ ရောင်ရမ်းခြင်း၊ လေပြွန်ပျက်စီးခြင်း နဲ့ အသက်ရှူ ရပ်ခြင်းတို့ဖြစ်နိုင်ပါတယ်။

  • Chemical asphyxiants

မီးဟာ သင့်ခန္ဓါကိုယ်ရဲ့ oxygen သုံးစွဲမုကို cell အဆင့်ထိဝင့်နှောငိယှက်နိုင်တဲ့ ပစ္စညိးတွေ ထုတ်နိုင်စွမ်းရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Smoke Inhalation (မီးခိုးမှိုင်းမိခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

Carboxyhemoglobin ပမာဏနဲ့ တွေ့ရှိမှုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

0-10% – လက္ခဏာမပြပါ

10-20% – ခေါင်းအနည်းငယ်ကိုက်

အသက်ရှူ မှုပုံမမှန်

20-30% – ခေါင်းထိုးကိုက်၊

အာရုံစူးစိုက်မှုကျဆင်း

30-40% – ခေါင်းအလွန်ကိုက်၊

တွေးခေါ်မှုမလုပ်နိုင်

40-50% – မူးဝေ၊ မလှုပ်ရှားနိုင်၊ သတိလစ်မေ့မြော

50-60% – အသက်ရှူ ရပ် ၊တက်ခြင်း

>70% – ကိုမာနှင့် သေဆုံးခြင်း

Smoke Inhalation (မီးခိုးမှိုင်းမိခြင်း ) ကို ဘယ်လိုကုသပါသလဲ

  • အိမ်တွင်းကုသနည်းများ

လူနာကို လေကောင်းကောင်းရတဲ့နေရာမှာထားပါ။ မီးခိုးတွေပြည့်နေတဲ့နေရာကနေ လူကိုဆွဲထုတ်မယ်ဆိုရင် သင့်ကိုယ်သင်လည်း အန္တရာယ်မဖြစ်အောင် ဂရုစိုက်ပါ။

  • ဆေးကုသမှု

oxygen : အဓိကကုသမှုဖြစ်ပါတယ်။ နှာခေါင်းပိုက်၊ မျက်နှာဖုံး၊ ဒါမှမဟုတ် လည်ချောင်းတွင်းပြွန်ထည့်ပြီး ပေးရဖြစ်ပါတယ်။ တကယ်လို့ အသံသြနေတာမျိုးလို လေပြွန်အထက်ပိုင်းဒဏ်ရာရနေတာဖြစ်ရင်တော့ လေပြွန်ပိုက်ထည့်ရမှာဖြစ်ပါတယ်။

  • Bronchoscopy

Hyperbaric oxygenation (HBO): တကယ်လို့လူနာက Carbon monoxide အဆိပ်သင့်နေတယ်ဆိုရင်တော့ အောက်ဆီဂျင်ပမာဏ များများပေးနည်းကို သုံးရမှာဖြစ်ပါတယ်။

နေထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ

မီးခိုးမှိုင်းမိခြင်း နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?

အောက်ပါ နေထိုင်မှုပုံစံတွေက မီးခိုးမှိုင်းမိခြင်း နဲ့ သင့်တော်ပါတယ်။

သင့်အနေနဲ့ မီးခိုးမိတာနဲ့ မီးပြသနာတွေအကုန် ရှောင်ရှားရမှာပါ။ တကယ်လို့ သင့်က မီးခိုးအရမ်းမွှန်နေတဲ့ နေရာရောက်နေရင် လေကောင်းလေသန့်ရတဲ့နေရာကို အမြန် ထွက်ပါ။ မီးခိုးတွေ မရှူ မိအောင် ကြမ်းပြင်မှာကပ်ပြီး မြန်မြန်သွားပါ။ မီးလောင်နေတဲ့နေရာကို မငြိမ်းသတ်နိုင်မီနဲ့ မီးခိုးအားလုံးမကုန်မခြင်း မသွားပါနှင့် ။

အိမ်မှာ မီးလောင်ခြင်းကင်းအောင် အောက်ပါအချက်များကို လိုက်နာပါ။

မီးခိုးအာရုံခံစက်တွေ သင့်အိမ်မှာတပ်ဆင်ပါ။

မီးလောငိလျှင် ထွက်ပြေးနိုင်မည့် နည်းလမ်းများရှာပါ။ ပြီးလျှင် မိသားစုနှင် အလေ့အကျင့်လုပ်ထားပါ။

ကလေးများအတွက်မီးကာအကျီများ ဝယ်ထားပါ။

အိမ်မှာ သင်ကိုယ်တိုင်ရောအခြားသူများကိုပါဆေးလိပ်မသောက်ပါစေနှင့်။ မီးခြစ်နှင် မီးခြစ်ဆံတွေကို ကလေးတွေနဲ့ဝေးရာမှာထားပါ။

Christmas သစ်ပင်တွေ၊ အပူပေးစက်တွေနဲ့ မီးတွေကို အမြဲဂရုစိုက်ပါ။ ဒါ့အပြင် မီးကို သတ်မှတ်ထားတဲ့ နေရာနဲ့ မီးဖိုတွေမှာပဲ သုံးစွဲသင့်ပါတယ်။

သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/09/2019 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။