brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဈေးသက်သက်သာသာနှင့် ကောင်းကောင်းစားကြမယ်

ကျန်းမာစွာစားသုံးခြင်းက လူတိုင်း၏ရည်မှန်းချက်ဖြစ်သည်။ သို့သော် သင်ပိုက်ဆံမလုံလောက်ပါက

ဈေးသက်သက်သာသာနှင့် ကောင်းကောင်းစားကြမယ်

မည်သို့ကျန်းမာအောင်စားနိုင်မလဲ။ အောက်ပါဆောင်းပါးက သင်ငွေကြေးအခက်အခဲဖြစ်နေချိန်ကျန်းမာစွာစားနည်းဆယ်နည်းကိုဖော်ပြပေးနိုင်သည်။

သေချာပြင်ဆင်ပြီးဝယ်ပါ။

စတိုးဆိုင်မဝင်ခင် သင်ဘယ်ဟာအပေါ်သုံးမည် ဘယ်လောက်ဝယ်မည်ကို ကြိုစဉ်းစားထားသင့်သည်။ ကြိုတင်ပြင်ဆင်ခြင်းက ငွေကြေးကြပ်နေချိန်တွင်အဆင်ပြေရုံသာမက သင်နှင့် သင်မိသားစုကျန်းမာညီမျှသော အစာကိုပေးစွမ်းနိုင်သည်။ ထိုအပြင် သင်တွင်ကုန်သွားသောအစာကိုဝယ်ပြီး မလိုသောအစာကိုရှောင်ပါ။

ဈေးလျော့မှုရှိမရှိလေ့လာပါ။

ဆိုင်သို့ရောက်ပါက အသင်းဝင်ကဒ်ရှိမရှိ မေးပါ။ ထိုသို့ဝယ်ပါကဈေးပိုသက်သာနိုင်သည်။ ထိုအပြင် သတင်းစာ ဝက်ဆိုဒ် သို့မဟုတ် စတိုးအရောင်းဆိုင်ကူပွန်ရှိမရှိကိုကြိုတင်လေ့လာထားပါ။ ထိုအပြင် ရာသီစာမဟုတ်ခြင်းကလဲ ပိုဈေးကြီးနိုင်သည်။

ဈေးကိုနှိုင်းယှဉ်ပါ။

တူသောထုတ်ကုန်တွင် ဈေးနှုန်းတူမတူကိုလေ့လာဝယ်ယူခြင်းက ပိုက်ဆံကိုသက်သာစေနိုင်သည်။

အများအပြားတစ်ခါတည်းဝယ်ပါ။

တခါတည်းအများကြီးဝယ်ခြင်းက နည်းနည်းစီဝယ်ခြင်းထက်အများကြီးသက်သာစေသည်။ သင်ရေခဲသေတ္တာဘယ်လောက်လွတ်နေသလဲ သို့မဟုတ် သင်ဘာတွေလိုလဲ ကို မဝယ်ခင်ကြည့်ထားပါ။

ရာသီစာကိုဝယ်ပါ။

အထက်တွင်ဖော်ပြထားသကဲ့သို့ ရာသီပေါ် အသီးအရွက်များကပိုက်ဆံကိုသက်သာစေရုံသာမက အရသာကိုပိုကောင်းစေသည်။

ကုန်ကျမှုကိုစဉ်းစားပါ။

စတိုးရှိပြင်ပြီး အသင့်အစာများက သင်ကိုယ်တိုင်ပြင်ဆင်ထားသောအစာထက်ပိုဈေးကြီးရုံသာမက လတ်ဆတ်ခြင်းလည်းနည်းသည်။ သင်ကိုယ်တိုင်ဝယ်ယူချက်ပြုတ်ခြင်းက ကောင်းသည်။

အစားထိုးပစ္စည်းကိုစဉ်းစားပါ။

အသားတွင်ပါဝင်သောပရိုတင်းပမာဏတူသောကြောင့် အသားကို ပဲသီးနှင့်အစားထိုးစားနိုင်သည်။ အရသာတူသော်လည်း ပဲက ပိုသက်သာသည်။ အခြား ဗီတာမင် မင်နရယ် တူသောအစားများကို ဈေးပေါသောအစာနှင့်အစားထိုးစားခြင်းက ဈေးသက်သာစေသည်။

အပါတ်တခါချက်ပြုတ်ပါ။

သင်နေ့တိုင်းမချက်ပြုတ်နိုင်ပါက စနေတနင်္ဂတွေ တွင် အများအပြားချက်ပြုတ်ထားပြီး အအေးခံထားခြင်းကကောင်းသောအကြံဖြစ်သည်။ အစားအသောက်အရေအသွေးသာမက ထုတ်သွားပါက အပြင်စာဖိုးကုန်ခြင်းကိုသက်သာစေသည်။

တီထွင်ချက်ပြုတ်ပါ။

ကျန်နေသောအရာများကိုပစ်မည့်အစား ဟင်းအသစ်ချက်ပြုတ်ခြင်းက ပိုက်ဆံကိုသက်သာစေသည်။

အပြင်တွင်စားသောပမာဏကိုလျော့ချပါ။

အပြင်တွင်စားပါက ကယ်လိုရီပမာဏကိုမထိန်းနိုင်ခြင်းလတ်ဆတ်မှုလျော့ချစေခြင်း သာမက သင့်ငွေကြေးထိခိုက်စေခြင်းတို့ဖြစ်စေသည်။ ထိုကြောင့် အိမ်လုပ်အသားများကိုပိုစားဖို့ကြိုးစားပါ။

အထက်ပါအချက်များက သင်မိသားစုနှင့်သင်အတွက် ကျန်းမာပြီး ညီမျှသောအစာ ပြင်ဆင်ဖို့ဆုံးဖြတ်ချက်များချနိုင်သည်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Nadi မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/02/2022 ဖြစ်ပါသည်။