backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း)


Hello Sayarwon မှ ရေးသားသည်။ · 22/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) ကဘာလဲ။

မိန်းမကိုယ်ခြောက်သွေ့တယ်ဆိုတာ အထူးသဖြင့်သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပေမဲ့ အသက်အရွယ်မရွေးကြုံတွေ့ရနိုင်ပါတယ်။ သွေးဆုံးတဲ့အခါမှာ အမျိုးသမီးတွေခန္ဓါကိုယ်က အီစရိုဂျင်ဟော်မုန်းထုတ်လုပ်မှုတဖြည်းဖြည်းနည်းသွားပြီး ရပ်တန့်သွားလေ့ရှိတယ်။ ဒီလိုဖြစ်သွားတဲ့အခါမှာ မလိုလားအပ်တဲ့နောက်ဆက်တွဲပြောင်းလဲမှုတွေဖြစ်ပေါ်လာလေ့ရှိတယ်။ ဥပမာအားဖြင့် ရာသီလာတာမမှန်တော့ဘူး၊ နောက်ပိုင်းလုံးဝရပ်သွားမယ်၊ စိတ်အပြောင်းအလဲမြန်မယ် မျက်နှာနီမြန်းမယ်၊ အသံသြလာမယ်၊ နောက်ပြီး မျက်နှာမှာ အမွှေးအမျှင်တွေထူလာမယ်။ မိန်းမကိုယ်ခြောက်သွေ့တယ်ဆိုတာလည်း သွေးဆုံးတဲ့လက္ခဏာတစ်ခုထဲပါဝင်ပြီး အမျိုးသမီး ၃ယောက်မှာ တစ်ယောက်တော့ကြုံရလေ့ရှိပါတယ်။ ဒီလိုဖြစ်တာဘာမှမဟုတ်ဘူးလို့ထင်ရနိုင်ပေမဲ့ မိန်းမကိုယ်မှာရှိသင့်တဲ့စိုထိုင်းမှုမရှိပဲ ခြောက်သွေ့နေတာက အမျိုးသမီးတစ်ယောက်ရဲ့ လိင်စိတ်ကိုအများကြီးသက်ရောက်မှုဖြစ်စေပါတယ်။ ကံကောင်းတာက ဒီလိုမိန်းမကိုယခြောက်သွေ့တာကို ကုသဖို့နည်းလမ်းတချို့ ပေါ်နေပါပြီ။

Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မိန်းမကိုယ်ခြောက်သွေ့ခြင်းကိုအမျိုးသမီးတော်တော်များများတွေ့ကြုံရလေ့ရှိပါတယ်။ နောက်ထပ်သိရှိလိုတာများအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တစ်ချို့အမျိုးသမီးတွေက မိန်းမကိုယ်ခြောက်သွေ့တာကို လိင်ဆက်ဆံတဲ့အခါမှကြုံတွေ့ရလေ့ရှိပေမဲ့ တစ်ချို့ကျတော့လည်း အမြဲတမ်းတွေ့ကြုံနေရာတာမျိုးလည်းရှိပါတယ်။

မိန်းမကိုယ်ခြောက်သွေ့တာကြောင့် အောက်ပါပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်:

  • မိန်းမကိုယ်တွင် ယားယံခြင်း၊ မသက်မသာခံစားရခြင်း၊ ရောင်ရမ်းခြင်း၊ ပူစပ်ပူလောင်ခံစားရခြင်း
  • လိင်ဆက်ဆံရာတွင် အဆင်မပြေခြင်း
  • လိင်စိတ်လျော့နည်းလာခြင်း
  • လိင်စိတ်နိုးကြားရန်ခက်ခဲခြင်း၊ ဆန္ဒပြီးမြောက်ရန်ခက်ခဲခြင်း
  • မိန်းမကိုယ်မျက်နှာပြင်မှာဖြူဖျော့ပါးလွှာနေခြင်း
  • မိန်းမကိုယ်လမ်းကြောင်းမှာ ကျဉ်းပြီးတိုနေခြင်း
  • မကြာခဏ ဆီးသွားဖို့လိုအပ်ခြင်း
  • ဆီးလမ်းကြောင်းပိုးဝင်မှုမကြာခဏတွေ့ကြုံရခြင်း

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ဆက်သွယ်သင့်ပါတယ်:

  • ကိုယ့်ဖာသာကုသလို့လည်းမသက်သာဘူးဖြစ်နေမယ်
  • ရောဂါလက္ခဏာတွေကအရမ်းဆိုးနေပြီး ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ အနှောင့်အယှက်ဖြစ်လာတယ်၊

ညဖက်မှာချွေးသီးချွေးပေါက်တွေကျမယ်၊ မျက်နှာနီမြန်းမယ်။

အကြောင်းရင်းများ

Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • သွေးဆုံးခြင်း – သွေးဆုံးရင် အီစထရိုဂျင်ဟော်မုန်းဓါတ်နည်းသွားတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်းကိုဖြစ်စေပါတယ်(မိန်းမကိုယ်သိမ်သွားခြင်း၊ မိန်းမကိုယ်ရောင်ရမ်းခြင်းလို့လည်း ခေါ်ပါတယ်)
  • ကလေးမွေးထားတဲ့ ဒါမှမဟုတ် နို့တိုက်မိခင်တွေ – ဒီလိုအမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းလျော့နည်းနေတာကြောင့် မိန်းမကိုယ်က သာမန်ထပ်ပိုခြောက်သွေ့နေမှာပါ
  • လိင်ဆက်ဆံတဲ့အခါမှာစိတ်မပါဘူးဖြစ်နေမယ် – ဒီလိုဆက်ဆံတဲ့အခါမှာစိတ်ဆန္ဒမပါရင် မိန်းမကိုယ်ကချောဆီလိုအရည်မထုတ်ပေးနိုင်တဲ့အတွက်ကြောင့် လိင်ဆက်ဆံရာမှာနာကျင်နိုင်ပါတယ်
  • တစ်ချို့တားဆေးများ – ဟော်မုန်း၂မျိုးပါတဲ့တားဆေးတွေနဲ့ ထိုးဆေးတွေက မိန်းမကိုယ်ခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။
  • ကင်ဆာရောဂါကုထုံးများ – ဆီးခုံနေရာတစ်ဝိုက်ကိုဓါတ်ရောင်ခြည်ပေးကုသတာ၊ ဟော်မုန်းနဲ့ကင်ဆာရောဂါကိုကုသတာ၊ ဓါတ်ကင်တာ အစရှိတာတွေပါဝင်ပါတယ်
  • တခါတလေမှာ မိန်းမကိုယ်ခြောက်သွေ့တာက တခြားရောဂါတစ်ခုခုရှိလို့ ဥပမာ ဆီးချို၊ Sjögren’s syndrome အစရှိတဲ့ရောဂါတစ်ခုခုကြောင့် ခန္ဓါကိုယ်က အရည်ကြည်ထုတ်ပေးတဲ့ အကျိတ်တွေတိုက်ခိုက်ခံရတာကြောင့်လည်းဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

မိန်းမကိုယ်ခြောက်သွေ့တာကိုပိုဖြစ်စေတဲ့ အချက်တွေအများကြီးရှိပါတယ်၊ ဥပမာအားဖြင့်

  • သွေးဆုံးခါနီးအရွယ်ဖြစ်နေတာ
  • ကလေးမွေးထားတာ၊ နို့တိုက်နေတာ
  • တားဆေးတမျိုးမျိုးသုံးထားတာ
  • ကင်ဆာရောဂါကုသမှုခံယူနေတာ
  • မိန်းမကိုယ်ထဲမကြာခဏဆေးကြောမှုပြုလုပ်တာ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မိန်းမကိုယ်မှာ ယားယံတာ၊ မသက်မသာခံစားရတာတွေရှိရင် သင့်သက်ဆိုင်ရာဆရာဝန် ဒါမှမဟုတ် သားဖွားမီးယပ်အထူးကုနဲ့တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်ကသင့်ကျန်းမာရေးရာဇဝင်ကိုသေချာမေးမြန်းပြီး သင်ဒီလက္ခဏာတွေခံစားနေရတာဘယ်လောက်ကြာပြီလဲ၊ ပိုဆိုးစေတဲ့တခြားကိစ္စတွေလုပ်ခဲ့သေးလား ဥပမာ မိန်းမကိုယ်ထဲနှိုတ်ဆေးတာ၊ ဆေးတွေစွဲသောက်နေတာ အစရှိတာတွေကိုမေးမြန်းပါမယ်။ နောက်ပြီး ဆရာဝန်ကသင့်မိန်းမကိုယ်ထဲမှာ ရောင်ရမ်းတာ၊ ပါးလွှာနေတာမျိုးရှိမရှိစစ်ဆေးပါမယ်။ ဒီလိုစစ်ဆေးလိုက်ခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟုတ်မဟုတ်ကိုပါ တစ်ခါတည်းဖယ်ထုတ်ပြီးသားဖြစ်သွားပါတယ်။

ပြီးရင်ဆရာဝန်ကဓါတ်ခွဲစမ်းသပ်ဖို့အတွက်သင့်မိန်းမကိုယ်လမ်းကြောင်းထဲကနေ နမူနာအနည်းငယ်ယူမှာဖြစ်ပါတယ်။

Vaginal Dryness (မိန်းမကိုယ်ခြောက်သွေ့ခြင်း) ကို ဘယ်လိုကုသပါသလဲ

အီစထရိုဂျင်ဟော်မုန်းနည်းလို့ဖြစ်တဲ့ မိန်းမကိုယ်ခြောက်သွေ့ခြင်းအတွက်ဆို အများအားဖြင့်တော့ အီစထရိုဂျင်လိမ်းဆေးပေးလေ့ရှိပါတယ်။ ဒီလိုပေးလိုက်ခြင်းကြောင့် ခန္ဓါကိုယ်ကထပ်မထုတ်နိုင်တော့တဲ့ဟော်မုန်းတွေပြန်လည်ရရှိနိုင်ပါတယ်။ ဒီနည်းက ရောဂါလက္ခဏာတွေကိုသက်သာစေပေမဲ့ ဟော်မုန်းပါတဲ့ဆေးတွေသောက်တာလောက်တော့ သွေးထဲကိုအီစထရိုဂျင်ပမာဏပြန်ရောက်မှာမဟုတ်ပါဘူး။ အမျိုးသမီးအများစုက မိန်းမကိုယ်ထဲဟော်မုန်းထည့်ဖို့ကုသနည်း၃မျိုးသုံးလေ့ရှိပါတယ်

  • မိန်းမကိုယ်ထဲအီစထရိုဂျင်ပါသည့်ကွင်းထည့်ခြင်း – သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ဆရာဝန်က ဒီပျော့ပြောင်းတဲ့ ကွင်းလေးကိုမိန်းမကိုယ်ထဲထည့်ပေးနိုင်ပါတယ်။ ထည့်ပြီးသွားရင် ဒါလေးက မိန်းမကိုယ်ကြွက်သားတွေထဲကို အီစထရိုဂျင်ဟော်မုန်းမှန်မှန်ထုတ်ပေးပါတယ်။ ဒီကွင်းလေးကိုတော့ ၃လတစ်ခါလဲပေးရမှာပါ။
  • မိန်းမကိုယ်ထဲဆေးပြားထည့်ခြင်း – တစ်ခါသုံးလက်အိပ်ကိုသုံးပြီး ဒီဆေးပြားကိုကုသမှုစတဲ့နေ့ကနေ ၂ပတ်တိတိထည့်ပေးရမယ်။ ၂ ပတ်ကျော်သွားရင် ၁ရက်ခြားတစ်ခါနဲ့ နောက်ပိုင်းမလိုလောက်တဲ့အထိထည့်ပေးရမယ်။

မိန်းမကိုယ်လိမ်းဆေး – တစ်ခါသုံးလက်အိပ်သုံးပြီး ဒီခရမ်ကို ၁ပတ်ကနေ ၂ပတ်အထိနေ့စဉ်လိမ်းပေးရမယ်။ နောက်ပိုင်းဆိုရင်တော့ဆရာဝန်ညွှန်ကြားမှုပေါ်မူတည်ပြီး တစ်ပတ်ကို၁ကြိမ်မှ ၃ကြိမ်အထိလျော့သွားလို့ရတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မိန်းမကိုယ်ခြောက်သွေ့ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ

အောက်ဖော်ပြပါလူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သင့်အနေဖြင့် မိန်းမကိုယ်ခြောက်သွေ့ခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • မိန်းမကိုယ်ကိုအစိုဓါတ်ထိန်းပေးနိုင်တဲ့အရာတွေသုံးပါ
  • လိင်မဆက်ဆံခင် ရေဓါတ်ပါဝင်တဲ့ချောဆီအသုံးပြုပါ။ ဆက်ဆံတဲ့အခါမှာလည်း ကိုယ်တိုင်စိတ်ပါပြီးလိင်စိတ်တက်ကြွလာမှဆက်ဆံပါ။

မိန်းမကိုယ်ကို ဆပ်ပြာနဲ့နှိုတ်ဆေးတာ၊ အရမ်းမွှေးတဲ့အဆီတွေနဲ့ဆေးတာ၊ မိန်းမကိုယ်တစ်ဝိုက်ကို လိုးရှင်းလူးတာတွေရှောင်ပါ။ ဒီလိုအရာတွေက မိန်းမကိုယ်ခြောက်သွေ့ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 22/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement