backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pilonidal Cyst (အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pilonidal Cyst (

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) ကဘာလဲ။

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်။ သည် အရေပြားပေါ်တွင်ပေါ်လာသောပုံမှန်မဟုတ်သည့်အိတ်ဖြစ်ပြီး များသောအားဖြင့် ဆံပင်နှင့်အရေပြားအပိုင်းအစများပါတတ်သည်။ ထိုအိတ်သည် အမြဲတမ်းနီးပါး မြီးညှောင့်ရိုး တင်ပင်းထိပ်တွင်ရျိလေ့ရှိသည်။

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်သည်အမျှင်မှအရေပြားကိုဖောက်ပြီး နှစ်မြှုပ်သွားသည့်အခါတွင်ဖြစ်သည်။ ထိုအိတ်မှ ရောဂါပိုးဝင်သွားပါကပြည်တည်ပြီး အလွန်နာတတ်သည်။ ထိုအိတ်ကို ခွဲကြောင်းအသေး သို့မဟုတ် ခွဲစိတ်ခြင်းဖြင့်ဖယ်ထုတ်နိုင်သည်။

အထိုင်များသောသူ ဥပမာ ကုန်ကားမောင်းသူ မျိုးတွင်ပိုဖြစ်နိုင်သည်။

Pilonidal Cyst (

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာများသောအားဖြင့် လူငယ်ယောက်ျားလေးများတွင်အဖြစ်များပြီး ပြန်ဖြစ်တတ်သည်။ အချိန်ကြာကြီးထိုင်နေရသူ ဥပမာ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Pilonidal Cyst (

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

ထိုအိတ်တွင်ရောဂါပိုးဝင်သွားပါက ပြည်တည်ကျိတ်ဖြစ်သွားလိမ့်မည်။ ရောဂါပိုးဝင်ပြီး အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်၏လက္ခဏာများမှာ

နာခြင်း

ရဲခြင်း

ပြည် သို့မဟုတ် သွေးများ အရေပြားပွင့်နေသောနေရာမှထွက်လာခြင်း

ပြည်မှအနံဆိုးံများနံခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာသိပြီးကုသပါက ရောဂါပိုဆိုးလာခြင်းနှင့် အခြားအရေးပေါ်ပြသာနာများမှကာကွယ်နိုင်သည်။ ထို့ကြောင့် ထိုပြင်းထန်သောအချိန်မရောက်မီ စောစီးစွာဆရာဝန်နှင့်တိုင်ပင်ပါ။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pilonidal Cyst (

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) ကိုဘာတွေကဖြစ်စေသလဲ

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်ဖြစ်စေသောအဓိကအကြောင်းအရင်းကိုမသိသေးပါ။ ဆရာဝန်အများစုက ဆံပင်များ အတွင်းတွင်ပွားလာခြင်းကြောင့်အဓိကဖြစ်မည်ဟုယူဆကြသည်။

နာမည်၏အဓိပါလ်သည် ဆံပင်အထွေလိုက်ဟုအဓိပါလ်ရသည်။ ဆရာဝန်က တခါတရံအရည်အိတ်အတွင်းပိုင်းတွင်ဆံပင်များတွေ့တတ်သည်။ သို့သော် အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်အများစုသည် ဆံပင်မှ အရေပြားအားဖောက်ဝင်သောကြောင့်ဖြစ်နိုင်သည်ဟုဆိုကြသည်။ ပွတ်တိုက်ခြင်း ဖိခြင်း အရေပြားနှစ်ခုပွတ်တိုက်ခြင်း အဝတ်အစားကျပ်ခြင်း စက် ဘီးစီးခြင်း အချိန်ကြာမြင့်စွာထိုင်ခြင်းနှင့်တူသောအခြားအကြောင်းများ ဆံပင်အား အရေပြားအတွင်းသို့ဖိချခြင်း။ ဆံပင်အား ခန္ဓါကိုယ်အပြင်အရာဝတ္ထုဟုထင်ပြီး တုံပြန်ပြီး ဆံပင်အနားတွင်အရည်အိတ်ဖြစ်လာစေသည်။

ထိုရှင်းလင်းချက်က တင်ပါးစုံရိုးမဟုတ်သောအခြားနေရာရှိ အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်ဖြစ်ပေါ်လာခြင်းကိုရှင်းလင်းစေသည်။ဥပမာ ဆတ္တာသည် ခွေးထိန်း နှင့် သိုးမွှေးညှပ်သူတို့တွင် လက်ချောင်းကြားတွင် အရည်အိတ်တည်ခြင်းပိုဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pilonidal Cyst (

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ယောကျာ်းလေးများ

အသက်ငယ်ခြင်း(များသောအားဖြင့် အသက်၂၀တွင်ပိုဖြစ်တတ်သည်)

အဝလွန်ခြင်း

လှုပ်ရှားမှုနည်းခြင်း

အထိုင်များသောအလုပ်လုပ်ခြင်း

ဆံပင်အကျွတ်များခြင်း

ဆံပင်ကြမ်းခြင်း သို့မဟုတ်မာခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pilonidal Cyst (

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

သင်ခံစားနေရသောလက္ခဏာပေါ်မူတည်ပြီး ရောဂါဟုတ်မဟုတ်ကိုဆရာဝန်မှအတည်ပြုပေးလိမ့်မည်။ အစတွင် အရေပြားပေါ်တွင်သေးပြီး အချိုင့်ရှိသူက လွဲ၍ အခြားကိုသတိမထားမိပဲဖြစ်တတ်သည်။ သို့သော် အချိုင့်တွင်ရောဂါပိုးဝင်က အရည်အိတ်( အိတ်အပိတ်တွင် အရည်များပါသည်) သို့မဟုတ် ပြည်တည်အိတ်( ဖောင်းယောင်ပြီး ပြည်များစုပြုံနေသောအိတ်) မျိုးဖြစ်သွားတတ်သည်။

သို့ဖြစ်စေကာမူ ဆရာဝန်မှအောက်ပါတို့ကိုမေးနိုင်သည်။

ထိုင်နေခြင်း သို့မဟုတ် ထခြင်းတွင်နာမနာ

အရည်အိတ်မှယောင်မယောင်

ဖြစ်သောနေရာနားတွင် ရဲခြင်းရှိမရှိ

ပြည်တည်အိတ်မှ သွေးသို့မဟုတ်ပြည်ထွက်လာခြင်းရှိမရှိ

အနံဆိုးခြင်းရှိမရှိ

ဖြစ်သောနေရာမှ ဆံပင်မျှုင်များထိုးထွက်လာခြင်းရှိမရှိ

အရေပြားပေါ်သို့ပေါက်သော လမ်းကြောင်းတစ်ကြောင်းထက်ပိုခြင်းရှိမရှိ

အဖျားတက်ခြင်းရှိမရှိ

Pilonidal Cyst (

အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) ကို ဘယ်လိုကုသပါသလဲ

ရောဂါပိုးဝင်နေသော အရည်အိတ်ကိုကုသသောပထမဆုံးကုထုံးမှာ ဆရာဝန်ရုံးခန်းတွင်ပင်လုပ်နိုင်သည်။ ထိုနေရာကိုထုံဆေးပေးပြီး ဆရာဝန်မှ အနည်းငယ်ခွဲကာ အရည်အိတ်ရှိ အရာများကိုထွက်စေသည်။ သို့သော် အကယ်၍ပြန်ဖြစ်ပါက ခွဲစိတ်မှုအကြီးစားလိုအပ်ပြီး အရည်အိတ်တစ်ခုလုံးကိုခွဲထုတ်ရန်လိုအပ်သည်။

ခွဲစိတ်ပြီးနောက် ဆရာဝန်မှ အောက်ပါတို့ကိုရွေးချယ်နိုင်သည်။

အနာကိုဖွင့်ထားခြင်း

ဒီအခြေအနေတွင် ခွဲစိတ်ထားသောနေရာကိုဖွင့်ထားခဲ့ပြီး အပေါ်က အုပ်ကာ အတွင်းတွင်အနာကျက်စေသည်။ အနာကျက်ရန်အချိန်ကြာတတ်သော်လည်း ထိုအရည်အိတ် ပြန်ဖြစ်ခြင်း ပိုးဝင်ခြင်းကိုနည်းစေသည်။

အနာကို ချုပ်ရိုးဖြင့်ပြန်ပိတ်ခြင်း။

အနာကျက်ချိန်တိုပြီး ပြန်ဖြစ်နှုန်းများတတ်သည်။ အချို့ခွဲစိတ်ဆရာဝန်များက တင်ပါးနှစ်ခုကြား ဘေးတွင်ခွဲတတ်သည်။ ထိုနေရာတွင် အနာကျက်ရန်ခက်တတ်သည်။

ခွဲစိတ်ပြီး အနာကိုဂရုစိုက်ရန်အလွန်အရေးကြီးလှသည်။ သင့်ဆရာဝန်သို့မဟုတ် သူနာပြုမှ အနာကပ်ကိုမည်သို့လဲလှယ်ရမည် ပုံမှန်အနာကျက်သည့်ပုံစံနှင့် ဘယ်အချိန်တွင်ဆရာဝန်ခေါ်သင့်သည်ကိုပြောပြလိမ့်မည်။ ခွဲစိတ်ထားသောနေရာဝန်းကျင်တွင် အမွေးများအနာထဲသို့မဝင်ရန်အတွက်အမွှေးရိတ်ရန်လိုအပ်လိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ဖြစ်သောနေရာကိုသန့်ရှင်းအောင်ထားပါ

လိုအပ်ပါက ဝိတ်ချပါ။

အချိန်ကြာမြင့်စွာထိုင်ခြင်းကိုရှောင်ပါ။

အရင်ကဖြစ်ဖူးပါက ဖြစ်ဖူးသောနေရာတွင်အမွှေးရိတ်ခြင်း သို့မဟုတ် အမွှေးဖယ်သောပစ္စည်းများသုံးခြင်းဖြင့်ပြန်ဖြစ်နှုန်းကိုသက်သာစေနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement